အပိုင်း ( ၁၇ ) ( Z + U )

175 16 12
                                    

ညည့်၏အလင်းတို့က လပြည့်ညကိုကျော်လွန်ပြီးခဲ့သည်တောင်
ပကတိလုံးဝိုင်းစက်ကာ
တောက်ပနေသေးသည်မို့ ရွာလမ်းမသည် လင်းထိန်နေတော့သည်။
အကိုသူရကိုတားမရပြောမရ၍သာ
အပြင်သို့ထပ်ကာခေါ်ထုတ်ရပေဦးမည် ။

ခေါင်းမှာဖြစ်တည်နေသော ဒဏ်ရာကြီးကိုလည်း
သမားတော်က ဆေးသိပ်ရန် ခေါင်းပေါင်းဖြေလိုက်တုန်းက မြင်တွေ့လိုက်ရတာမို့
မသိလိုက်မသိဘာသာပဲ နေလို့ရသည့်အနေအထားမျိုးမဟုတ်ပါ ...
သည်လောက်တောင် ဝေဒနာပြင်းစွာခံစားရနိုင်လောက်သည်တောင်မှ
အကိုသူရက ဘာမှမဖြစ်သည့်နှယ်
ပေါ့ပါးလွန်းစွာ ကန်တော်ကိုတောင် တကူးတကလိုက်ပို့ပေးခိုင်းသည်တဲ့လေ ...
တားလည်းမတားရက်တော့သလို အကိုသူရ စိတ်ရွှင်လန်းစေဖို့သာ ရည်ကိုးလိုက်မိတော့သည်မို့
လက်ခံလိုက်ရတော့သည် ။
အမြဲတမ်း ကျွန်ုပ်လိုအင်မှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့တဲ့
အမျိုးကောင်းသားကို အဘယ်လို စကားမျိုးနဲ့ သူ့အတွက်မလိုက်လျောပေးနိုင်စရာ ရှိပေလိမ့်မလဲ ...

အကိုသူရအိမ်တော်ရောက်တော့
အကိုသူရရဲ့ အိပ်ယာပေါ်မှာ လှဲလျောင်းနေမယ်ထင်ထားမိပေမယ့်
အထင်နဲ့အမြင်က တတ်တတ်စင်အောင်ကို လွဲမှားသွားရတော့သည်။
အကိုသူရက နားနားနေနေ မနေပါပဲနဲ့
ကန်တော်သွားဖို့အတွက်ကို ပြင်ဆင်ထားပြီး
အသင့်စောင့်ဆိုင်းနေတော့တာမို့ တအံ့တဩဖြစ်ရပြန်တော့သည်။
အကိုသူရဝေဒနာအကြောင်းကို မသိတဲ့သူများသာ
ယခုလိုပုံစံနဲ့မြင်လိုက်ရပါလျှင်တောင် ဘယ်လိုနည်းနဲ့မှ
ဒဏ်ရာရထားပါသည့်လူလို့ မထင်မြင်နိုင်ရာ ...
လူကောင်းပကတိတယောက်ကဲ့သို့
ရွှင်လန်းတည်ကြည်နေပါသည့် မျက်နှာသည် အိမ်တော်ဧည့်ဆောင်အလည်မှာ ခန့်ညားထည်ဝါစွာ
ဖြစ်တည်နေရတော့သည်။

ယမန်နေ့ကထက်တောင် ပြုံးရွှင်နေပါသည့်မျက်နှာကလေးက
ကျွန်ုပ်ကိုမြင်မြင်ချင်း နှုတ်ခမ်းဖျားတို့ တွန့်ကွေးတတ်သွားရသည်အထိ ပြုံးလိုက်တော့
ရင်ဘတ်တစ်ခုလုံးနွေးထွေးကာ လှိုက်ဖိုရတော့သည်။
နီစွေးနေပါသည့် အင်္ကျီစသည် အနက်ရောင်လုံချည်နှင့်တွဲဖက်လိုက်ပြန်တော့
ခမ်းနားလှပါသည့် မျက်နှာအဖြစ်သို့ပြောင်းလဲကာ
ဖြစ်တည်စေတော့သည်။
ညိုမှောင်နက်နေသည့် မျက်လုံးအိမ်တို့မှ
တည်ကြည်လှပါသည့် အကြည့်တို့သည်
မျက်လုံးချင်းဆုံကာ ကြည့်ရှုဖို့အတွက်တောင်မှ
မဝံ့မရဲဖြစ်မိရတာ ရှောင်လွဲမိသည်အထိ တောက်ပရွှန်းလဲ့နေရတော့သည်။
အကိုသူရက ဝေဒနာကိုတောင် ကျွန်ုပ်စိတ်မရွှင်လန်းရော့မှာ ဆိုးသည်မို့
အဘယ်အချိန်တုန်းက ဘယ်အရာမှမဖြစ်ခဲ့ဖူးသလို
ဟန်ဆောင်ကာ နေပေးနေရော့တော့တာ ...

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေDonde viven las historias. Descúbrelo ahora