(တစ်ယောက်တည်းမအိပ်ရဲဘူး ကြောက်တယ်)

2.5K 345 5
                                    

သူတို့ညစာမစားရသေးခင်မှာပဲ မေမေယောင်က ဖုန်းဆက်လာသည်။

“ဒီနေ့ ညည်းအတွက် ဘာမှထပ်ချက်မထားဘူးနော် အိမ်ပြန်မလာခဲ့နဲ့။ပြောရရင် လက်ထပ်ပြီးပြီပဲဟာ ရှဲ့လန်ဆီမှာနေလည်းရတာပဲ”

ယောင်ချီချီ မင်သက်သွားကာ “အမေ့ သမီးကို အိမ်တောင်မပြန်ခိုင်းတော့ဘူးလား?”

မေမေယောင်က တရားသဖြင့် တည်ငြိမ်တဲ့အသံနဲ့ပြန်ပြောသည်။

“ရှဲ့လန်အိမ်က အခုနင့်အိမ်ပဲလေ!”

ယောင်ချီချီ တီခနဲ အသံကြားလိုက်ရပြီးနောက် တစ်ဖက်လူက ဖုန်းချသွား၏။

ရတယ်လေ!အမေက ပြန်မလာစေချင်မှတော့ မလာရုံပေါ့။

“မပြန်နဲ့အုန်းနော်။မင်းအတွက် ညစာတစ်ခုခုလုပ်ပေးမယ်”

ယောင်ချီချီ အမေနဲ့ ဖုန်းပြောပြီးပြီးချင်း ရှဲ့လန်က လှမ်းပြောလိုက်သည်။

ယောင်ချီချီ တွေးလိုက်တာက ကောင်းပြီလေ၊ငါ့မှာအိမ်ဆိုတာလည်းမရှိ ဒီမှာနေရတော့မယ့်အတူတူ တစ်ခုခုတော့ အရင်စားသင့်တာပေါ့။

“ကြိုက်တာချက်ပါ ကျွန်မက အစားမရွေးဘူး”

ယောင်ချီချီရဲ့မပျော်မရွှင်မျက်နှာလေးကို ရှဲ့လန်မြင်လိုက်တော့ တန့်သွားပြီး ယောင်ချီချီရဲ့ပါးလေးတွေကို ညစ်ချင်လာစိတ်တွေပြင်းထန်လာတဲ့အတွက် သူမလက်ချောင်းတွေက လှမ်းဆွဲဖို့ပြင်လိုက်တယ်။နောက်ဆုံးမှာတော့ အကျိုးသင့်အကြောင်းသင့် သေချာပြန်တွေးနိုင်သွားပြီး သူ့လက်တွေကိုဘေးမှာပဲ နာခံစွာကပ်ထားလိုက်ရလေတယ်။

ရှဲ့လန်က ယောင်ချီချီအကြိုက်ကိုမသိတဲ့သေးတဲ့အတွက် ဟင်းလေးပွဲနဲ့ စွပ်ပြုတ်တစ်ပန်းကန် လုပ်လိုက်တယ်။နှစ်ပန်းကန်က အသီးအရွက်တွေဖြစ်ပြီး နောက်နှစ်ပန်းကန်က အသားဟင်းတွေဖြစ်သည်။နေ့လည်စာ စားတုန်းက ယောင်ချီချီ ဝက်သားပေါင်းကို ပန်းကန်တစ်ဝက်လောက်စားခဲ့တာမြင်လိုက်တဲ့အတွက် အဲ့လိုမျိုးတစ်ပွဲချက်လိုက်တာဖြစ်သည်။

“ဝါး….အရသာရှိလိုက်တာ…”သူမစားနေရင်း ပျော်ရွှင်မှုကြောင့် မျက်ဝန်းတွေမှေးကျဉ်းနေလေသည်။

လက်ထပ်ပြီးမှ ချစ်ပါ / လက္ထပ္ၿပီးမွ ခ်စ္ပါ (Myanmar Translation)   Où les histoires vivent. Découvrez maintenant