ဒီနေ့က October 13 ရက်နေ့ ။တစ်နည်း အားဖြင့် ကျွန်တော် ချစ်ရတဲ့ Hyung ရဲ့ မွေးနေ့ ပေါ့ဗျာ။
ကျွန်တော့် နာမည်က Jeon Jungkook။ကျွန်တော်က BTS member တစ်ယောက်ပါ။ကျွန်တော်က ကျွန်တော့် ရဲ့ အိပ်မက် အတွက် Seoul ကိုတက်လာခဲ့တယ်။နောက်ပိုင်း Training ကာလကြာလာတဲ့အခါ members 7ယောက် ပါဝင်တဲ့ Group နဲ့ အတူ Debut ထွက်ခဲ့ပါတယ်။ ကျွန်တော်က Hyungs တွေရဲ့
Golden maknae ပေါ့ဗျာ။Hyung တွေထဲမှာမှ ကျွန်တော့် ကို ဂရုအစိုက်ဆုံး Hyung က Jiminie hyungပါပဲ။
ဒါမဲ့ ကျွန်တော်က Hyung ရဲ့ ဂရုစိုက်မှု တွေကို လျစ်လျုရှုခဲ့မိတယ် ။ဒါ့ကြောင့်လည်း လူတွေက ပြောကြတယ် ကျွန်တော်က Hyungကို မုန်းနေတာတဲ့။ ဘယ်လိုတောင် ပြောရက်ကြတာလဲဗျာ။
အမှန်တော့ ကျွန်တော် Hyung ကို မြင်မြင်ချင်းချစ်မိခဲ့တာပါ။Hyung အနားလာရင် ကျွန်တော့်ရင်တွေ ဘလောင်ဆူ နေလေရဲ့။ဒါ့ကြောင့် ကျွန်တော် နဲ့ ကောင်းတူ ဆိုးဖက် ဖြစ်တဲ့ Tae Tae hyung ကို ပြောပြဖစ်ခဲ့တယ်။
ထိုအခါ Hyungက ၀မ်းနည်းနေလေရဲ့လေ။ သူ့ကျ အနားတောင် မကပ်ခံဘူးဆိုပီးတော့။ အမှန်တော့ Tae Tae hyung နဲ့ ကျွန်တော်က ဘ၀တူတွေဗျ။ အချင်းချင်း ရင်ဖွင့် ကြတာ ။ Tae Tae hyung က Hobi hyungကို ကြိုက်နေတာ ဗျ။
ဒါမဲ့ ကျွန်တော်နဲ့ Tae Tae hyung နဲ့ မတူတဲ့ အချက်က Tae Tae hyung က ပိုပီး သတ္တိရှိတယ်။ ကျွန်တော်က ဖွင့်ပြောလိုက်ရင် jiminie hyung မုန်းသွားမာကို ကြောက်နေမိတယ်။
ထားပါတော့ ဗျာ။ အရင်ကအကြောင်းတွေ တွေးရင်းနက် ကျွန်တော် ချစ်ရတဲ့ hyung ရဲ့ မွေးနေ့ပွဲ ပြင်ဆင်ဖို့တောင်
နောက်ကျ ကုန်ပီ။"ဒေါက်..ဒေါက်"
"Nae"
"Jimine hyung ထတော့လေ..အောက်မာ hyung တွေ မနက်စာစားဖို့ စောင့်နေပီ"
"အင်း kookie.. hyung မျက်နှာသစ်ပီး ဆင်းခဲ့မယ်နော်"
"Nae"
"kookie ဒါနဲ့လေ ဒီနေ့က ဘာနေ့လဲ သိလားဟင်"
Hyung ဘာပြောချင်လဲ ကျွန်တော်သိတာပေါ့ ။ကြည့်ပါဦးဗျာ ကျွန်တော့်မတော်ရသေးတဲ့ ချစ်သူလေးက
အိပ်ရာ ခုမှ ထကာစလေးနဲ့ မဝံ့မရဲ မမေးနေတာ ချစ်ဖို့ကောင်းလိုက်တာ။ဒီကကောင်ကြီးက သေရပါတော့ မယ်....
![](https://img.wattpad.com/cover/244600007-288-k890206.jpg)