Unicode
.........မနက်ခင်းရဲ့ဖြာချလာသော နေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်သန်းကာ မျက်နှာသို့တစ်ဆင့်ခံထိတွေ့လေသည်။
ဖြာချလာသော နေရောင်ခြည်ကြောင့် နိူးထလာရလေသည်။"အား...အင်း..."
အကြောဆန့်၍ ကုတင်ဘေးက ဖုန်းကိုယူကာ ကြည့်လိုက်တော့ နံနက် ၈ နာရီတောင်ထိုးနေလေပြီ။ ဒီနေ့က ကျောင်းပိတ်ရက်မို့ကျောင်းလည်းသွားစရာမရှိ။ ပြန်အိပ်မယ်လို့ကြံပြီးမှ သတိရလာသော မှတ်ဉာဏ်အချို့...
"ချီး...သေပြီ။ ရှိန်း နဲ့ချိန်းထားတာပဲ "
အမ် နေပါဦး ။ သူ ရှိန်း လို့ခေါ်မိလိုက်တာလား။
ကိုယ့်အတွေးကိုယ်သဘောကျကာ ရှုပ်ပွနေသော ဆံပင်ကြားထဲလက်ထိုးထည့်ကာ ရယ်မိသည်။(အမှန်ပါပဲ ရှိန်းသူ ကနောက်ဆိုရင် ဇိုင်းရန်အမြဲပြုံးရယ်နေအောင်လုပ်ပေးမဲ့သူဆိုတာကိုကော ဇိုင်းရန် သိပါ့မလား?)
ရေချိုး၍ ပြင်ဆင်ကာ မှန်ရှေ့ထိုင်ကာ တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေလေသည်။
ဘာကိုစိတ်အလိုမကျဖြစ်နေတာလဲ? အာ....သူ့ဆံပင်ကိုပဲ ။"နေပါဦး ဆံပင်ကိုဘယ်လိုလုပ်ရမလဲ"
ဆံပင်ကိုဘီးတစ်ချောင်းဖြင့် ဟိုဘက်စောင်းဖြီးလိုက် ဒီဘက်ကိုဖြီးလိုက်ဖြင့်အလုပ်ရှုပ်နေလေသည်။ နောက်တော့ ဆံပင်ကိုအလယ်ကနေခွဲကာ ဂျယ်လ် လိမ်း၍ အနည်းငယ် ဖွာချလိုက်သည်။ နဖူးထက်တွင် 'ဂ' လေးလို ဆံပင်ကကွဲနေလေသည်။ နားကပ် တစ်ဖက်ကိုချိတ်ဆွဲကာ ရေမွှေးဆွတ်လိုက်သည်။ မှန်ထဲမှာကြည့်၍
"Wow.....ငါက စောက်ချောကြီးပါလား အဟေး "
ဘောင်းဘီအိတ်ကပ်ထဲကိုလက်ထည့်ကာ သော့ကိုယူ၍
ဆိုင်ကယ်ပေါ်တတ်ကာ မောင်းထွက်လာခဲ့လေသည်။.............
အပြန်ထွက်ရန် ပြင်နေသော အငယ်ကောင်ကြောင့် မနေသာတော့ဘဲ
"ဟဲ့အငယ်ကောင် ဘယ်သွားဦးမလို့လဲ"
ဟေသာ ကမေးလေသည်။
"မမ နင့်ကိစ္စမို့လို့လားဟ"
"မေးရမှာပဲလေ ငါနင့်အမဟဲ့"
YOU ARE READING
''မောင်'' စေရင်.... S1(''မောင်'' စေရင်....){Completed}