(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ္ဘူးေမာင္

18.2K 1.8K 45
                                    


Unicode
..........

မောင် အခန်းထဲဝင်သွားတော့မှ မောင်မသိအောင်
Family doctor ခေါ်လိုက်သည်။
Dr ရောက်လာတော့ ဆေးထည့်ပေး၍ ပတ်တီးစည်းပေးကာ နောက်တစ်ခေါက်ထပ်မဖြစ်ဖို့ဂရုစိုက်ရန်လည်းမှာကြားသွားသေးသည်။ ကျောင်းဆက်မတတ်ဘူးလားဟုလည်းမေးသေးတာမို့ စဉ်းစားဦးမယ်လို့သာပြောလိုက်သည်။ ဒေါက်တာကတော့ပြောပါတယ်
" နောက်တစ်နှစ်ပဲကျန်တော့တာမို့ ကျောင်းဆက်တတ်စေချင်တယ် " တဲ့

လွန်းတို့အမြင် မှာတော့ ....မဟုတ်ဘူး လွန်းအမြင်တစ်ခုတည်းနဲ့သာ ဆိုရင်တော့ ဒါဟာ အိမ်ထောင်တစ်ခုပဲ အခြားသူတွေအမြင်မှာတော့ ညီအကိုဆက်ဆံထက်အဆင့်မပိုကြပေ။

လွန်း နဲ့ မောင်နဲ့ ကအသက်တော့ သိပ်မကွာ ။ မောင် က ၂၁ လွန်းက ၂၃ ။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့  မောင်ကို အသက်အငယ်ဆုံးနှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်တဲ့သူ နေဆက်ရှိန် လို့သိကြသည် ။  မောင် ကအရမ်းတော်တာဗျ...။ ကျွန်တော့်ရဲ့မောင်ကလေ.... ။

မောင့် အခန်းကိုသွားကြည့်တော့မောင်ကအိပ်ပျော်နေလေပြီ။ မောင့် အတွက် ညအိပ်ဝတ်စုံလေးကိုထုတ်ပေး၍ မောင့်ရဲ့ ဘောင်းဘီ နဲ့ အင်္ကျီ တို့ကိုချွတ်တော့ မောင်ကရုန်းရင်းနဲ့ လက်ကိုကန်မိသည်။ ကန်ခံလိုက်ရတဲ့လက်က တခြားမဟုတ် ခုနက နောက်ပြန်လဲကျလို့ ထောက်လိုက်တဲ့လက်ပင်။

အသဲခိုက်အောင်နာကျင်သည်။ရုန်းတယ်ဆိုကတည်းက အားတော့ထည့်ရမည် ပုံမှန်အားနဲ့ဆိုရင်ဘယ်လိုလုပ်ရုန်းလို့ရမလဲ ။ အားထည့်၍ ကန်ခံရသောကြောင့် လူက နာကျင်ကာ မျက်ရည်ပါဝဲမိသည် ။

မောင့် အတွက်ပြင်ဆင်ပေးပြီးတော့မှပဲ အိပ်ခန်းထဲမှထွက်ကာ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်သည်။
တစ်ညလုံးလည်း လက်ကတဆစ်ဆစ်ကိုက်နေတာကြောင့် အိပ်လို့ကိုမရ ။

တစ်ညလုံးသာကုန်သွားသည် အိပ်မရတာမို့ ဆက်မအိပ်တော့ဘဲ အောက်ထပ်ကိုဆင်းလာကာ မောင့်အတွက် မနက်စာပြင်ဆင်ပေးရလေသည်။ အချိန်ကြည့်လိုက်တော့မနက်၄နာရီ ပဲရှိသေးသည်။
ဘုရားရေ....သူတကယ်တစ်ညလုံးတစ်ရေးတောင်မအိပ်ရသေးတာပဲ။

''မောင်'' စေရင်.... S1(''မောင်'' စေရင်....){Completed}حيث تعيش القصص. اكتشف الآن