Arc-6.14

1.7K 166 0
                                    

.ရှောင်ပိုင်ရဲ့သတင်းဟာ တခြားတိုင်းပြည်တွေထိပါ ရောက်ရှိသွားလေသည်။ တိုင်းပြည်မိခင်နေရာကိုပေးလိုက်တဲ့ ကောလေးကိုလည်းအကုန်လုံးက မြင်ချင်မိနေကြတယ်..မင်းကြီးကလည်း ရှောင်ပိုင်လေးကိုသဲသဲလှုပ့်ချစ်တာ ၊ နန်းတော်ထဲမှာပဲသူ့ကိုနေခွင့်ပေးတယ်..အပြင်သွားရင် သူပါမှသွားရခွင့်ပေးတယ်...

အဲ့သတင်းတွေကလည်း ကျယ်ပျံ့စွာပျံ့နှံသွားတယ်..သူ့ဆီကိုမင်းသမီးလေးက တစ်နေတစ်ခါမရရအောင်အလာတယ်..မင်းသမီလေးလာတဲ့အချိန်တိုင်း သူ့ချစ်သူရဲ့မျက်နှာဟာ ပုတ်သိုးနေတာပဲ..ဘာကြောင်လည်းဆိုတော့
မင်းသမီလေးလာရင် မင်းသမီးလေးနဲ့ပဲ စကားပြောတာဆိုတော့..သူ့ကိုရှိတယ်လို့တောင်မထင်ဘူး....

တွေ့တဲ့အချိန်လွန်သွားရင် သူ့ရဲ့အမကိုကိုယ်တိုင် နှင်လွှတ်တာအဲ့အခါကြရင် မင်းသမီးလေးက သဘောကျစွာရယ်မောပြီး... ချက်ချင်းကိုထွက်သွားပေးတယ်... သူကတော့မင်းကြီးကို နဂါးမျက်စောင်းနဲ့ ကြည့်ပြီးစည်းမကျော်လာနဲ့လို့ပြောကာ အခန်းထဲကိုဝင်သွားလိုက်တယ်...၅လေးကိုလည်း သူ့ချစ်သူဘယ်လိုဖြစ်သွားလည်း မေးလိုက်တော့ အီးမှန်နေတဲ့ရုပ့်နဲ့တဲ့......

သူ့ကိုသူ့ရဲ့အဖေနဲ့အကိုတော်ကလည်း မကြာခဏလာလာတွေ့တယ်...ပြီးတော့ ယန်စစ်သူကြီးနဲ့ သူ့အကိုနှစ်ယောက်သားဟင်းဟင်း ဖြစ်သွားကြပြီ ဒါတွေကသူ့စနစ်ကြောင့်ပေါ့..သူ့အကိုကမူနေတော့ သူလည်းအားမရတာနဲ့ တစ်ခါတည်းသူတို့နှစ်ယောက်ကို ဆေးခတ်ပြီးကုတင်ပေါ်တင်ပေးလိုက်တယ်..

သူကသေရည်သောက်ကြရအောင် ဆိုပြီးသူတို့နှစ်ယောက်ကိုခေါ်..မင်းကြီးတော့မပါဘူးပေါ့...သူကိုယ်တိုင်မလာခိုင်းတာ..သူ့အကိုနဲ့ယန်စစ်သူကြီးတို့သောက်မဲ့ ထဲက... အဟမ့်.ဆေးထည့်ပြီး ရဲမက်တွေကိုအကူညီတောင်းပြီး တိတ်ဆိတ်လှတဲ့အိမ်တော်ထဲကို ထည့်ပေးလိုက်တယ်...

သူလည်းသိချင်တာဆိုတော့ အပေါက်လေးကနေချောင်းနေတုန်း...အကျင့်ယုတ်တဲ့သူက ရောက်လာတယ်လေ သေချာတာပေါ့ သူချစ်သူရောက်လာတာ မျက်လုံးကိုဖုံးကာ ကလေးတွေမကြည့်သင့်ဘူးလို့ပြောပြီး သူ့ကိုထမ်းခေါ်သွားတယ်လေ..သူကတော့တန်းလန်းကြီး ကြည့်နေတာကို ဖျက်လို့ဖျက်စီးနဲ့... အဲ့နေ့ကနေစပြီး သူ့ကိုနှစ်ရက်သုံးရက်လောက်ပစ်ထားလိုက်တယ်....

ကျော်ဇေထက်Where stories live. Discover now