Arc-3.9

2.1K 208 1
                                    

ဝေဝေကိုခွင့်လွှတ်ဖို့တောင်းပန်ပေမဲ့ သူမလေးအခုထိမခွင့်လွှတ်ပေးသေးဘူး..ဟူး...ဝမ်ဝမ်ကလည်းအမြဲတမ်းငါ့ဆီလာပြီး...ငိုပြတယ်အရင်ဆိုရင်သူမလေးငိုရင် မနေတဲ့ဘူးဒါပေမဲ့ ဒါတွေအကုန်လုံးက အတုအယောင်တွေပဲလေ....

မမြင်ချင်တဲ့သူကြတော့ မြင်နေရပြီး မြင်ချင်တဲ့သူကြတော့ မမြင်ရတဲ့ဘဝပါလား....
ကျိုးချင်းရန် လည်းသူမလေးကိုလိုက်နေတယ်လို့ သတင်းရတယ် သူမလေးကိုမင်းမပိုင်စေရဘူး..ကျိန်းသေပေါင်သူမလေး ငါ့ကို ရွေးစေရမယ်..ငယ်ငယ်ထဲကငါမရတာမရှိဘူး..

အခုတလောအမေဆီမသွားတာကြာပြီ...သွားတွေမှ အမေလည်း အာဏာတွေကျနေတယ်တဲ့..ဟူး..အခုတလောစိတ်ရူပ်စရာတွေ တစ်ပုံကြီးပဲ....သွားသင့်ပြီး....

ဆိုပြီး မိဖုရားကြီးရဲ့ အိမ်တော်သို့သွားလေတယ်...ဟိုလည်းရောက်ရော အပြင်ဘက်မှာ ငိုနေတဲ့ အစေခံတွေနဲ့ ကြောက့်နေတဲ့သူတွေတောင်ရှိသေး....ဘာကိစ္စတွေဖြစ်သွားတာလည်း...မျက်မှောက်ကျုံ့ကာ အစေခံတွေကို ကြည့်ပြိး..အကြောင်းအရင်းတွေမေးလိုက်တယ်...

အကုန်လုံးကိုကြားရော.သက်ပြင်းများချနေရတယ်...အမေလည်း...ဝေဝေကိုဘာလို့မုန်းနေရတာလည်း.သူမကဘာမှမလုပ့်ထားတာ....ဝမ်ဝမ်ကရော ဘာကိစ္စဒီကိုလာတာလည်း..သူတို့နှစ်ယောက် ဘာတွေကြံနေတာလည်း...

နောက်တော့ အခန်းထဲသို့ဝင်ဖို့ရှိသေး...အခန်းထဲလူနှစ်ယောက်ရဲ့ အကြံအစည်ကိုကြားပြီး မယုံနိုင်အောင်ဖြစ်နေတယ်....ဝမ်ဝမ်အဲ့လောက်ထိရုပ်မာလိမ့်မယ်လို့ မထင်ပေ ညီမလေးတစ်ယောက်လိုအရမ်းချစ်တဲ့သူကို အဆိပ့်ခတ်မယ်တဲ့... အရင်ကငါ့မျက်လုံးတွေ ကန်းနေခဲ့တာပဲ....

အမေကဘာလို့ သူမပြောတာကိုလက်ခံရတာလည်း..မဖြစ်ဘူး...ဝေဝေကိုအဲ့လိုလုပ့်ခွင့် မပေးဘူး...ဒေါသထွက်ထွက်နဲ့ တံခါးကိုပိတ်ကန်လိုက်ပြီး အခန်းထဲသို့ဝင်ကာ...

" အမေအဲ့လိုမလုပ့်သင့်ဘူး ဝေဝေကကျွန်တော်တို့ကြောင့် နစ်နာရတဲ့သူနော်...အမေတို့အဲ့လို လုပ့်မှာကိုကျွန်တော် သဘောမတူဘူး.. "

အခန်းထဲကနှစ်ယောက်က အိမ်ရှေ့စံမင်းသား ရုတ်တရက်ကြီး ရောက်လာပြီး ပြောနေတာတွေ ကြားသွားမယ်လို့မထင်ပေ...
ဝမ်ဝမ်ကတော့ သူမရဲ့ပုံစံအမှန်ကို မြင်သွားတဲ့ အတွက်နည်းနည်းတော့ လန့်သွားတယ်...

ကျော်ဇေထက်Where stories live. Discover now