Special Chapter (Final)Unicode

115 11 0
                                    

ဖတ်ပြီးတဲ့ အချိန်မှာ Bright က ပျော်ရွှင်မှု မျက်၀န်းတွေနဲ့ နှုတ်ခမ်းတွင်လည်း အပြုံးတို့က နေရာယူထားတယ်။

သူဖုန်းကိုထုတ်လိုက်ပြီး Win ဆီ ဖုန်းခေါ်လိုက်တယ်။

Ring ..Ring.. Ring ...

Win ရဲ့ ဖုန်းမည်သံကို အခန်းထဲမှာ ကြားလိုက်ရတယ်။အသံလာရာဆီသို့ သူအမြန်ရှာလိုက်တဲ့အခါ Win ရဲ့ ခုတင်ဘေးရှိ စားပွဲတစ်ခုရဲ့ အံဆွဲထဲမှာ အသံမြည့်နေသည်ကို သူတွေ့လိုက်တယ်။

သူအံဆွဲကို ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ သူ့နာမည်ကို တွေ့လိုက်ရတယ်။

Bright က မျက်မှောင်ကျုံ့ထားလျက်....
"ဘာလို့ ဖုန်းကို ဒီမှာ ထားခဲ့ရတာလဲ"

စိတ်တွေပူနေမိပြီး လက်သီးကိုလည်း ကျစ်ကျစ်ဆုတ်ထားမိတယ်။
*တစ်ခုခုတော့ မှားနေပြီ* လို့ ခံစားနေရတယ်။

Bright!

အနောက်ကနေ တစ်ယောက်ယောက်က သူ့နာမည်ခေါ်လိုက်တယ်။သူလှည့်ကြည့်လိုက်တော့ Win ရဲ့ အမေက တံခါးနားမှာ ရပ်နေပြီး ၀မ်းနည်းသယောင် အပြုံးနဲ့ ကြည့်နေတယ်။

"အန်တီ,ဒါဘာလဲ?Win က ဘာလို့ ဖုန်းမယူသွားတာလဲ?သူဖုန်းအသစ်၀ယ်လိုက်လို့လား?ဒါမှမဟုတ် နံပါတ်ပြောင်းသွားတာလား?ဘာဖြစ်လို့လဲ?"

အဆက်မပြတ်မေးခွန်းများကို မေးနေမိတယ်။

လက်တွေလည်းတုန်နေပြီး ချွေးတွေလည်း ပြန်နနေတယ်။Win အမေရဲ့ မျက်နှာကို သူမြင်လိုက်တော့ တစ်ခုခုတော့မှားနေတာ ပိုသေချာသွားပြီ။

Win ရဲ့အမေက သူ့လက်နှစ်ဖက်ကို ဆုတ်ကိုင်ပြီး ပြုံးပြလိုက်တယ်။အဓိပ္ပာယ်မဖော်နိုင်သော အပြုံးတစ်ခုပေါ့...

"အန်တီ မင်းကို ပြောစရာရှိတယ်"
"လာ...ဒီမှာလာထိုင်" Win ရဲ့ ခုတင်ပေါ်မှာ သူမထိုင်လိုက်တယ်။သူကတော့ သူမဘေးမှာ ၀င်ထိုင်လိုက်တယ်။
သူရင်တွေအရမ်းခုန်နေတယ်။အရမ်းလည်း စိုးရိမ်နေတယ်။

သူမအခန်းထဲကို တစ်ချက်၀ှေ့ကြည့်လိုက်တယ်။အရည်ကြည်တို့ မျက်လုံးအစုံမှ ထွက်မကျစေရန် ထိန်းထားရင်းပေါ့....

Love Notes[Myanmar Translate]  {Unicode&Zawgyi}Where stories live. Discover now