Special Chapter(Final)Zawgyi

67 3 0
                                    

ဖတ်ပြီးတဲ့ အချိန်မှာ Bright က ပျော်ရွှင်မှု မျက်ဝန်းတွေနဲ့ နှုတ်ခမ်းတွင်လည်း အပြုံးတို့က နေရာယူထားတယ်။

သူဖုန်းကိုထုတ်လိုက်ပြီး Win ဆီ ဖုန်းခေါ်လိုက်တယ်။

Ring ..Ring.. Ring ...

Win ရဲ့ ဖုန်းမည်သံကို အခန်းထဲမှာ ကြားလိုက်ရတယ်။အသံလာရာဆီသို့ သူအမြန်ရှာလိုက်တဲ့အခါ Win ရဲ့ ခုတင်ဘေးရှိ စားပွဲတစ်ခုရဲ့ အံဆွဲထဲမှာ အသံမြည့်နေသည်ကို သူတွေ့လိုက်တယ်။

သူအံဆွဲကို ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ သူ့နာမည်ကို တွေ့လိုက်ရတယ်။

Bright က မျက်မှောင်ကျုံ့ထားလျက်....
"ဘာလို့ ဖုန်းကို ဒီမှာ ထားခဲ့ရတာလဲ"

စိတ်တွေပူနေမိပြီး လက်သီးကိုလည်း ကျစ်ကျစ်ဆုတ်ထားသည်။
*တစ်ခုခုတော့ မှားနေပြီ* လို့ ခံစားနေရသည်။

Bright!

အနောက်ကနေ တစ်ယောက်ယောက်က သူ့နာမည်ခေါ်လိုက်သည်။သူလှည့်ကြည့်လိုက်တော့ Win ရဲ့ အမေက တံခါးနားမှာ ရပ်နေပြီး ၀မ်းနည်းသယောင် အပြုံးနဲ့ ကြည့်နေတယ်။

"အန်တီ,ဒါဘာလဲ?Win က ဘာလို့ ဖုန်းမယူသွားတာလဲ?သူဖုန်းအသစ်ဝယ်လိုက်လို့လား?ဒါမှမဟုတ် နံပါတ်ပြောင်းသွားတာလား?ဘာဖြစ်လို့လဲ?"

အဆက်မပြတ်မေးခွန်းများကို မေးလိုက်သည်။

လက်တွေလည်းတုန်နေပြီး ချွေးတွေလည်း ပြန်လာခဲ့တယါ။Win အမေရဲ့ မျက်နှာကို မြင်လိုက်တော့ တစ်ခုခုတော့မှားနေတာ ပိုသေချာသွားပြီ။

Win ရဲ့အမေက သူ့လက်နှစ်ဖက်ကို ဆုတ်ကိုင်ပြီး ပြုံးပြလိုက်သည်။အဓိပ္ပာယ်မဖော်နိုင်သော အပြုံးတစ်ခုပေါ့...

"အန်တီ မင်းကို ပြောစရာရှိတယ်"
"လာ...ဒီမှာလာထိုင်"  Win ရဲ့ ခုတင်ပေါ်မှာ သူမထိုင်လိုက်သည်။Bright ကတော့ သူမဘေးမှာ ၀င်ထိုင်လိုက်သည်။
သူရင်တွေအရမ်းခုန်နေတယ်။အရမ်းလည်း စိုးရိမ်နေတယ်။

သူမအခန်းထဲကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်။အရည်ကြည်တို့ မျက်လုံးအစုံမှ ထွက်မကျစေရန် ထိန်းထားရင်းပေါ့....

Love Notes[Myanmar Translate]  {Unicode&Zawgyi}Where stories live. Discover now