2. မုိးေရ

46 10 1
                                    

[Unicode]

ဖျံလေးတွေ ဘဲငန်းလေးတွေလဲလာပြီ၊ အပင်လေးတွေလဲ အညှောင့်ပေါက်လာပြီ။

330°
February 18ရက်နေ့မှ 20ရက်နေ့အထိ

ဖျံလေးတွေက ပထမဆုံးအကြိမ် သူတို့ဖမ်းမိထားတဲ့ ငါးလေးကို သဘာဝကို ပေးလိုက်ရသော အခါ ၊ ဘဲငန်းလေးတွေက တောင်ဘက်အရပ်မှ ပြန်လာသောအခါ ၊ မိုးရေတွေက မြေပြင်ကို စိုစွတ်သွားပြီး ၊ အပင်ငယ်လေးတွေလဲ အသစ်တစ်ဖန် ပေါက်လာကာ လောကမှာရှိသည့် အရာအားလုံးက အသစ်တဖန် စတင်လာတယ်။

တစ်စုံတစ်ယောက်ဟာ အချစ်တွေဝန်းရံထားတဲ့ အလည်ကနေ ဆုတ်ခွာပြီး မတင်းတိမ်စွာ ပေါက်ကွဲခဲ့ရတယ်။ အသစ်ထွက်ပေါ်လာတဲ့ အစိတ်အပိုင်းတစ်ခုဟာ သူ့ရဲ့ ပထမဆုံး သစ်ရွက်လေးတစ်ရွက်။

အခုသေလောက်အောင်သဘောကျနေတဲ့အရာတွေက ၊ ငယ်ငယ်တုန်းက လုံးဝမကြိုက်တာတွေ။

ကိုယ့်ကိုကိုယ်ရဲ့ အရင်က ပုံစံကိုကြည့်လိုက်၊ ငယ်ငယ်တုန်းက ဘာမှမငြင်းဆန်နိုင်တော့ ဖိအားပေးခြင်းခံရပြီး အတတ်ပညာတွေကို သင်ခဲ့ရတယ်။ အဖေအမေတိုင်းက ကိုယ့်ရဲ့သားသမီးကိုသူများနဲ့ နှိုင်းယှဉ်ပြီး ကဲ့ရဲ့ခံရမှာကို စိုးရိမ်ကြတယ်။ အဲ့ဒါကြောင့် ဟိုဟာ ဒီဟာ အားလုံးသင်ရတယ်။ ဘာအတွက်သင်နေကြရတာလဲ? ဘုရားသခင်ချမှတ်ခဲ့တဲ့အမိန့်ကိုနာခံဖို့အတွက်လား။ လူတိုင်းမှာသူတို့ရဲ့သဘာဝပါရမီဆိုတာပါလာကြတယ်။ လူတစ်ချို့ကသာ အသိဉာဏ်မဲ့ပြီးထင်ရာလုပ်ကြတာ ....... ။

ငါဘာမှမပြောနိုင်ခဲ့ဘူး ၊ ငါ့အဖေက အဆိုရှင် ၊ အမျိူးသားသီချင်း (နိုင်ငံတော်ကိုယ်စားပြုသီချင်း) တွေဆိုရင်အရမ်းကောင်းတယ်၊ လူတွေက ငါတို့အိမ်ကို မကြာခဏ လာလည်ပြီး ငါ့အဖေသီချင်းဆိုတာကို လာနားထောင်ကြတယ်။ ငါ့အမေကလဲ ၊ Madonna နဲ့ Micheal Jackson ရဲ့ အမာခံပရိတ်သတ်တစ်ယောက်။ ဒါတွေကပဲ ငါ့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့တယ်။ ငါငယ်ငယ်ကတည်းက စတင်ခဲ့ရတယ်၊ ငါဟာ အမြဲတမ်း အိပ်မက်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကလေးနန်းတော်ထဲမှာ နေရခဲ့ရတယ်။ ပန်းချီဆွဲတာ သင်ရတယ်၊ သီချင်းဆိုတာ သင်ရတယ် ၊ အက ကတာ သင်ရတယ်၊ piano တီးသင်ရမှာစိုးလို့ ခြေထောက်ကိုဒဏ်ရာရအောင် အထိလုပ်ခဲ့ရတယ်။ ငါ့မှာ ဘာနည်းလမ်းမှ မရှိဘူးလေ။ အဲ့ဒီအချိန်တုန်းက အဲ့ဒီ အခြေခံပုံစံခွက်တွေကြောင့် စိတ်ထဲမှာ ဝေဒနာတွေ ခံစားခဲ့ရတယ်၊ လူကြီးတွေရဲ့ကြံစည်ချက်တွေကြောင့်ပေါ့ !

而立24 《Standing Firm at 24》 Myanmar Translation Where stories live. Discover now