1.နွေဦးရဲ့အစ

104 14 0
                                    

[Unicode]

နွေဦးလေကနွေးလာပြီ ၊ ပုန်းကွယ်နေတဲ့ အင်းဆက်လေးတွေလဲ နိူးထလာပြီ ၊ ငါးလေးတွေဟာလဲ ရေခဲတွေကြားထဲကနေ ထွက်ပေါ်လာခဲ့ပြီ ....

အပူချိန် 315°

၂လပိုင်း ၃ရက် နေ့မှ ၅ရက် နေ့အထိ

နွေဦးရာသီရဲ့ အဓိပ္ပါယ်ဟာ ပထမဆုံးသော ဆန်းသစ်တဲ့ နယ်ပယ်နှင့် တွေ့ဆုံခြင်းမျှသာ ပိုင်ဆိုင်ထားတယ်လို့ လူတစ်ချို့ကပြောကြတယ်။ အိပ်မက်တွေမဖြစ်ပေါ်ခင် မွေးဖွားခြင်းကဲ့သို့ ၊ လူတွေဟာ မမွေးဖွားခင် သူတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပြီး အရာအားလုံးမြင်နိုင်ဖို့က သူတို့ရဲ့ မူလ အိပ်မက်ပဲ။

နွေဦးက ဒီလိုမျိူး အပူချိန်နဲ့ အတူ အင်းဆက်လေးတွေကို နိုးကြားစေခဲ့တယ်။ ငါးလေးတွေလဲ ရေခဲတွေကြားထဲက ထွက်လာစေခဲ့ကာ အားလုံးရဲ့ဘဝတွေဟာ ပေါ်ထွက်လာပြီး ကြိုးစားဖို့ စိတ်အားထက်သန်နေကြတယ်။

နွေဦးရာသီ ရဲ့ ထိတွေ့မှု ၊ လေပြေလေညှင်းလေးတွေနဲ့ မုန်တိုင်းရဲ့ အမှတ်မထင် တွေ့ဆုံမှု၊ လတ်ဆတ်တဲ့ ပန်းပင်လေးတွေနဲ့ ဆူးချူံရိုင်းတို့ရဲ့ တွေ့ဆုံမှု ၊ ငါကိုယ်တိုင် မိသားစုနဲ့ တွေ့ဆုံပြီး စတင်ခဲ့သော ဘဝရဲ့အစ ။

ငါ ?

ငါက ကြက်ကလေးတစ်ကောင်လား? ဝက်ကလေးတစ်ကောင်လဲ ဖြစ်နိုင်တာပဲ။ မိကျောင်းတစ်ကောင်? ဒါမှမဟုတ် ခြင်္သေ့တစ်ကောင်လား? ငါ ဒီစာအုပ်ကိုထုတ်ဖို့စီစဉ်တုန်းက အယ်ဒီတာအမနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူမက ငါ့ကိုမေးခွန်းတစ်ခုမေးတယ်။ မင်းရဲ့ ပထမဆုံး မှတ်ဉာဏ်က ဘာဖြစ်မလဲတဲ့ ...

ဒီမေးခွန်းကိုဖြေနိုင်အောင် ဘယ်လိုမှ ပြည့်စုံအောင် မစဉ်းစားနိုင်ခဲ့ဘူး။အဲ့ဒါကြောင့် တစ်ခါလောက်တော့ ဦးနှောက်ပျက်ခဲ့ရဖူးတယ်။ ဒီစာကြောင်းကို ပါးစပ်ကနေ ဘယ်လိုထွက်ကျလာမှန်းမသိဘူး။ အဲ့ဒီအချိန် အယ်ဒီတာမမရဲ့ အပြုံးလေးတွေက ယိုယွင်းသွားတယ်။ ငါကိုယ်တိုင်လဲ ရယ်နေခဲ့တယ်။

တကယ်တော့လေ ငါအရင်က ဒီမေးခွန်းကို စဉ်စားမိခဲ့ဟန်မပေါ်ဘူး။ ဒီပြသနာက ဘယ်အချိန်ကတည်းက ပေါ်လာတာလဲ၊ ငါအဲ့ဒီအကြောင်းကို ချက်ချင်း တိတိကျကျ မှတ်မိနိုင်တယ်။အဲ့ဒါက အထက်တန်းကျောင်းတုန်းက မြောက်ကြွကြွ ဖြစ်ခဲ့တဲ့ အချိန်ပဲ။ အဲ့ဒီတုန်းက ငါ ဘတ်စကတ်ဘော ကစားရတာကို ကြိုက်တယ်။ ဘတ်စကတ်ဘောကစားတဲ့ အချိန်ဆို မင်းက ကွင်းထဲမှာ ဘောလုံးကို တက်တက်ကြွကြွနဲ့ လုနေရမှာလေ။ ကိုကြီးတွေနောက်မှာ ကာကွယ်ပေးတာခံရတဲ့ ငါကရော။ စာသင်ခန်းဆီ ပြန်သွားတော့ ထောင့်တစ်နေရာမှာ ငါ့ကိုချောင်းကြည့်နေတဲ့ ကောင်မလေးတွေကို ရှာရသေးတယ်။ အဲ့ဒီအချိန်တွေကို ငါကိုယ်တိုင်ကြိုးစားပြီး သူတို့မျက်နှာတွေကို ခက်ခက်ခဲခဲ ပုံဖော်ခဲ့တယ် ... အချိန်တိုလေးအတွင်းမှာ အဲ့ဒီပုံဖော်ခဲ့တာတွေက ရုတ်တရက် ခုန်ထွက်လာခဲ့တယ်။

而立24 《Standing Firm at 24》 Myanmar Translation Where stories live. Discover now