အိမ်နံပါတ် ၂၁ ။
တခြားအိမ်တွေနဲ့တော့သိပ်မကွာပါဘူး
ဒီဘက်ခြမ်းက အိမ်တော်တော်များများက ၀ိတိုရိယစတိုင်တစ်ဝက်ဆောက်ထားတာများတယ် ။
အိမ်နံပါတ် ၂၁လည်းအတူတူပဲ နှစ်ထပ်အိမ်လေး ...ခြံစည်းရိုးခတ်ထားပြီး သေချာပြုစုယုယထားတဲ့
အိမ်နောက်ဖေး ပန်းခြံလေးလည်းရှိတယ် ... ။
ခြံစည်းရိုးကနေ ၁၅ ပေ ၁၆ပေလောက်ဆက်သွားရင် ရထားလမ်းကိုရောက်တယ် ။ကျတော်သဘောကျတာက
အိမ်နောက်ဖက်ဝရန်တာကနေ
ရထားလမ်းကိုလှမ်းတွေ့ရတယ်
ပြီးတော့ အန်းက ရထားသံတွေကိုချစ်တယ်လေ ... ။ဒီနေ့တော့ တော်တော်ပင်ပန်းတဲ့နေ့လေးပဲ
ကျနော်နဲ့အန်း ပစ္စည်းတွေနေရာချပြီး
ခြေကုန်လက်ပန်းကျနေပါပြီ ...တော်ပါသေးတယ် ဂျယ်ရမီရောက်လာပြီး
လစ်ဘီလေးကိုကြည့်ပေးတယ်လေ...ဂျယ်ရမီက အန်းရဲ့အစ်ကိုဆိုပေမယ့်
ကျတော်နဲ့က တကယ့်အိမ်သားရင်းလိုဖြစ်နေပီ
ကျတော်နဲ့လည်းအဆီအငေါ်တည့်တယ်
မောင်နှမ နှစ်ယောက်လုံးပုံစံတူတယ် နွေးနွေးထွေးထွေး ...ပြီးတော့ ကျတော်တစ်ယောက်တည်း အန်းကိုချစ်တာမဟုတ်ဘူး
ဂျယ်ရမီလည်း အန်းကိုအရမ်းချစ်ပြီး
ဂရုစိုက်ပေးတာ ဘေးကကျတော်တောင်ခံစားမိတယ်" ဂျယ်ရမီ .... ခနလောက်နားလိုက်အုံး
လစ်ဘီလေးကို အန်းပွေ့ပေးမယ် ပေးခဲ့.... "
အန်း လက်ကမ်းပေးလိုက်တယ်" နေပါ ...လစ်ဘီလည်းပျော်နေတာပဲ
ပြီးတော့ပင်ပန်းတာမှမဟုတ်တာငြိမ်နေတာလေးက အန်းနဲ့တစ်ပုံစံတည်း .....
ဦးဦးကိုချစ်လား ...ဟင် ...ဟင် "လစ်ဘီလေးကို ကျီစယ်ရင်း သူ့ဟာသူတော့ပျော်နေတာပဲ
ညစာစားပြီးတဲ့နောက် အန်းလည်းမီးဖိုခန်းထဲမှာ
ဆေးစရာရှိတာဆေးကြောနေလိုက်တယ်ဧည့်ခန်း ထဲမှာလည်းလစ်ဘီလေးကို
နှစ်ယောက်သား စနေလိုက်ကြတာ .....
ဒီလိုတစ်မိသားစုလုံး ချစ်ချစ်ခင်ခင်ရှိတော့
အန်းစိတ်ထဲမသိမသာ ကြည်နူးနေမိတယ် ....
ခနတော့ အဲရစ်ဝင်လာပြီး" အန်း .... ပြီးပြီလား "
" အင်း ... ပန်းကန်စင်ထဲစီထည့်ပြီးရင် ပြီးပြီ ...."
" အော် ...လာခဲ့ ...ကိုယ်စီပေးထားမယ်
အနွေးထည်သွားဝတ်လိုက်အုံး ....
ကိုယ်နဲ့တစ်နေရာခနလောက်သွားရအောင် ..."" ဟင် ...."
" ဘယ္ကိုလဲ " ..." အရင္ဆံုးအက်ႌေလးသြား၀တ္လိုက္ပါအံုး ..."
ကျနော် အန်းပုခုံးလေးကိုကိုင်ပြီး လှည့်ပေးလိုက်တယ်
မဟုတ်ရင်မေးနေတာနဲ့ ညနက်သွားတော့မှာပဲ ....။
YOU ARE READING
THE ONLY ( Zawgyi )
Romanceအိမ်ရှင်မလေးအဖြစ် Ann ၊ ဇနီးသည်ကိုအရမ်းချစ်တဲ့ Aris တို့ရဲ့ ချိုမြိန်တဲ့ကြင်စဦးမောင်နှံဘ၀ကို နွေးထွေးမှုအပြည့်နဲ့ဘယ်လိုရှေ့ဆက်ကြမှာလဲ ထင်မှတ်မထားတဲ့ ပြဿနာတွေ ၊ နာကျင်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ... တယောက်ချင်...