[ Part 2 ]

22 3 0
                                    

အဲရစ် ကျမကိုနမ်းပြီးနိုးလိုက်တယ်
သူ့မျက်နှာက ပြုံးလို့ ....။

" ကိုယ်ဒီနေ့ ရုံးစောစောသွားစရာမလိုဘူး
ဒါကြောင့် လစ်ဘီ့ကိုခေါ်ပြီး
လမ်းထောင့်ကဆိုင်မှာ မနက်စာသွားစားရအောင် "တဲ့ ။

အဲရစ်နဲ့ကျမ ချစ်ကြိုက်ခါစက ချိန်းတွေ့နေကျနေရာလေ
ပြတင်းပေါက်နားက ထိုင်နေကျ စားပွဲဝိုင်းလေး ...

အိမ်ပြန်ရောက်တော့ အခန်းထဲမှာ
ဟိုဟိုဒီဒီ သန့်ရှင်းရေးနည်းနည်းလုပ်လိုက်တယ်

လုပ်စရာလည်းသိပ်မရှိတော့
ဝရန်တာမှာ ကော်ဖီသောက်ရင်း
ရထားတွေ တဂျက်ဂျက်ဖြတ်သွားတာ
ကြည့်နေရတာကိုက အရသာ ....

ညစာ ဘာစားရင်ကောင်းမလဲ အသားကင်စားမလား
အဲရစ်က အမဲသားကင်သိပ်ကြိုက်တာ

ရာသီဥတုက အေးစိမ့်စိမ့်လေးဆိုတော့
အသားကင်နဲ့ဆိုသိပ်လိုက်ဖက်မှာပဲ
အဲရစ်ကြိုက်တဲ့ မာလော့ဝိုင် သွားဝယ်ဖို့ပဲကျန်တော့တယ် ...

ပြောပြောဆိုဆိုနဲ့ လစ်ဘီ့ကို
ကလေးတွန်းလှည်းထဲထည့်ပြီး အပြင်ထွက်လာခဲ့တယ် ။

ဒီလိုသာယာပြီး လမ်းသန့်သန့်လေးပေါ်မှာ
ကလေးနဲ့အတူ လမ်းလျှောက်ရတာ
မိခင်တစ်ယောက်အတွက် သိပ်ကြည်နူးဖို့ကောင်းတယ်

ကျမလိုမျိုး ကလေးအမေတွေ
လမ်းလျှောက်တတ်ခါစ ကလေးလေးတွေ
အိမ်မွေးခွေးလေးတွေနဲ့ ပလက်ဖောင်းတစ်ခုလုံး
စည်ကားသာယာနေတာပဲ ....။

ပတ်ဝန်းကျင်အသစ် နေရာအသစ်က
အိမ်နီးနားချင်းတွေနဲ့ စကားစမြည်ပြောရင်း
နှစ်အိမ်ခြားက အမ်မာ တို့မိသားစုနဲ့
ဘေးအိမ်က ဂျက် တို့မိသားစုတို့နဲ့ မိတ်ဆွေဖွဲ့လိုက်ရတယ်

ပတ်ဝန်းကျင်ကလူတွေလည်း ဖော်ဖော်ရွေရွေရှိကြတော့
အနည်းငယ်စိတ်သက်သာရာတော့ရသွားတယ် ။

ကျမအိမ်ပြန်ရောက်တော့
အိမ်ရှေ့တံခါးပေါက်မှာ ကျောပေးပြီးရပ်နေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ကို သတိထားမိတယ် ။

" ဟိုလေ ... ဘယ်သူ့ကိုရှာနေတာလဲ
သိလို့ရမလား " ကျမလှမ်းမေးလိုက်တော့
သူမလှည့်လာတယ်

အနက်ရောင်ဆံပင်လေးကို ပုခုံးထက်ဝဲချထားတယ်
မျက်တွင်းနက်နက် နှုတ်ခမ်းသားပါးပါးလေးနဲ့
ဝတ်စားထားပုံလေးကိုကြည့်ရင်း အန်း ခနလောက်
မှင်သက်သွားတယ် .... တော်တော်လေး လှတာကိုး

"အော် ဒီအိမ်က အဲရစ်ရဲ့အိမ်ဟုတ်ရဲ့လားမသိဘူး "

"ဟင် အဲရစ်ကိုဒီလိုလာရှာဖူးတဲ့မိတ်ဆွေ သိပ်မရှိပါဘူး
အလုပ်ကများလား ..." အန်း စိတ်ထဲရေရွတ်နေမိတယ်

" ဟုတ်ပါတယ် ... ဒါပေမယ့်
အဲရစ်အလုပ်သွားနေတုန်းမို့ အိမ်မှာမရှိပါဘူး
ဘယ်သူလို့ပြောပေးရမလဲ  ...."

" ကျမက violet ပါ "

" အက်ရှ်ဗြူရီမှာတုန်းက
အတူအလုပ်လုပ်ခဲ့တဲ့ တွဲဖက်မန်နေဂျာပါ ..."

" ဒါနဲ့ ရှင်က အဲရစ်ရဲ့ ဇနီး အန်း ဆိုတာလား "

" ဟုတ်ပါတယ် "

" တွေ့ရတာဝမ်းသာပါတယ်
ရှင့် အကြောင်းတွေ တော်တော်များများကြားထားတယ် "

" အော် ဟုတ် ကျမလည်းတွေ့ရတာဝမ်းသာပါတယ် " ကျမနည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတုန်း ...

"အိမ်ထဲဝင်ပါအုံး ကော်ဖီသောက်ပြီးမှပြန်ပေါ့ " လို့
ကျမအိမ်ထဲကိုဖိတ်ခေါ်လိုက်တယ်

" မ၀င်တော့ပါဘူး ဒီဖက်မှာအလုပ်လေးရှိလို့ လာရင်း
ဒီနားမှာ နေနေတယ်လို့ ကြားထားလို့ လမ်းကြုံခန ၀င်လာနှုတ်ဆက်တာပါ "

" အဲရစ်လည်းမရှိဘူးဆိုတော့  ကျမပြန်လိုက်အုံးမယ် "

" အင်း ဖြေးဖြေးနော် ..." လို့နှုတ်ဆက်ပီး
အန်းလည်း အိမ်ထဲပြန်ဝင်လာခဲ့တယ် ။

အဲ့ဒီ အမျိုးသမီးကိုကြည့်ရတာ
အန်း ထက်တော့နည်းနည်းငယ်မယ်ထင်တယ်

တွေးနေတာတွေကို ခါထုတ်လိုက်ပီး
ညစာပြင်ဖို့အတွက်ပဲ အာရုံစိုက်လိုက်တော့တယ် ....။






THE ONLY ( Zawgyi )Where stories live. Discover now