21 သူငယ်ချင်းအချစ်_8

2 0 0
                                    

ကျွန်မ သူ့ကို ဒုတိယအကြိမ် အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားမိတယ်။ ဒီလိုသာ ရှေ့ဆက်‌နေရင် ကျွန်မအတွက်အဆင်မပြေဘူးဆိုတာ သူသိသင့်ပါပြီ။ ကျွန်မအတွက် ချစ်ရတာ အဆင်မပြေတော့ပါဘူး။ မေတ္တာ အသွားအပြန်ကို ကျွန်မ လိုချင်မိတယ်။ ဒါပေမယ့် ကျွန်မက သူ့ချစ်သူမှ မဟုတ်တာပဲ။ သူ့အချစ်ကို မရနိုင်ပေမယ့် ကျွန်မအပေါ်မှာ ဂရုတစိုက်ရှိစေချင်ခဲ့တယ်။ ကျွန်မက တစ်ဖက်သတ် ချစ်သူ မဟုတ်ပါဘူး။တစ်ဖက်သတ် ချစ်ရတဲ့ သူငယ်ချင်းပါ။

သူ့ကိုရော၊ သူရှိတဲ့မြို့လေးကိုရော ထားခဲ့ပြီး ပတ်ဝန်းကျင်အသစ်မှာ ကျွန်မ နေသားကျအောင်  ကြိုးစားရဦးမယ်။ ဘယ်နေရာရောက်ရောက် ကျွန်မ သူ့ကို ချစ်နေဦးမှာ သေချာသလောက်ပဲ။ ကျွန်မ တစ်ခုပဲ မျှော်လင့်ပါတယ်။ သူနဲ့ မြန်မာဝတ်စုံ ဆင်တူလေး ဝတ်ပြီး ဘုရားတူတူသွားချင်သေးတယ်။ နှင်းဆီပန်းအဖြူလေးပန်ထားပြီး မြန်မာဝတ်စုံလေးနဲ့ လှနေတဲ့ ကျွန်မရဲ့ သူငယ်ချင်းလေးကို မြင်ရဖို့ ကျွန်မ တကယ် မျှော်လင့်နေတုန်းပါပဲ။

You've reached the end of published parts.

⏰ Last updated: Oct 21, 2020 ⏰

Add this story to your Library to get notified about new parts!

follow your heart, little jessWhere stories live. Discover now