#Zawgyi
တစ်ဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းကြောင့်
ဘယ်လိုမှ အိပ်မပျော်တော့တာကြောင့်
နိုးလာရသည်...လှဲနေရာမှ ထထိုင်ကာ နားထင်လေးအား
လက်ဖြင့်ဖိရင်း....မျက်လုံးဖွင့်ကြည့်မိတော့စိမ်းသက်နေတဲ့ မြင်ကွင်းကြောင့် မျက်လုံးတေပြူးသွားရသည်....ရှင်းသန့်နေတဲ့အဖြူ ရောင်အခန်းကျယ်ကြောင့်
မင်ယွန်းဂီ ရဲ့အိမ်မဟုတ်တာတော့ကျိန်းသေပါသည်...ဘေးဘီကို လှည့်လည်ရှာရင်း...ကုတင်ဘေးနားမှ
စားပွဲလေးပေါ်တင်ထားတဲ့ ဓာတ်ပုံလေးအားအကြည့်ရောက်မိတော့....ခေါင်းပေါ်မိုးကြိုးပစ်ချသွားသလို
တဒိုင်းဒိုင်း မြည်သွားရသည်....ဘာလို့....CEO ရဲ့ဓာတ်ပုံကြီးရှိနေတာလဲ?
ဒီအိမ်က သူဌေးရဲ့အိမ်မဟုတ်ဘူးလို့ ပြောကြစမ်းပါ!သေစမ်း.....မနေ့ညကအကြောင်းတေပြန်စဉ်းစားကြည့်ပေမဲ့...မင်ယွန်းဂီနဲ့ စကားပြောပြီးနောက်ပိုင်း..သူဘာမှကို သတိမရတော့....
မင်ယွန်းဂီ ကဘောက်မဲ့ကြောင့် သူ့ကိုပြန်မပို့ပေးရတာလဲ...ဒင်းတော့ နေပါစေအုံးကိုယ့်အတွေးနဲ့ကိုယ် ငိုင်နေခိုက်
အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ သူဌေးကြောင့်
ကုတင်ပေါ်ကနေခုန်ဆင်းကာ ခေါင်းငုံ့ရင်းခါးကျိုးမတက်တောင်းပန်လိုက်မိသည်....." တောင်းပန်ပါတယ်...သူဌေး... "
သူ့ကိုမြင်တာနဲ့ တောင်းပန်နေသော ကင်ဆော့ဂျင်အား
မျက်ခုံးပင့်ကာ ကြည့်မိသည်...." ဘာအတွက်လဲ? "
" အဲ...မသိ..မသိဘူးလေ...ဒါမဲ့လည်း.ကျွန်တော်အမှားလုပ်ခဲ့မိရင် တောင်းပန်ပါတယ်...."
" ဆိုတော့ မနေ့ညကအကြောင်းတေ တစ်ခုမှ မမှတ်မိဘူးပေါ့ "
" ဟုတ်..ဟုတ်...ကျွန်တော်အမှားလုပ်မိလို့လားဟင် "
မျက်လုံးလေးဝိုင်းစက်ကာ တကယ်မသိသလို
အူကြောင်ကြောင်လေးဖြစ်နေတာကြောင့်
ပြုံးချင်နေတဲ့ နှုတ်ခမ်းတို့အားသူ ကိုက်ထားမိသည်.." လုပ်မိတာပေါ့ "
" ဟင်...... "
ပြိုတော့မဲ့ မိုးလို မျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်သွားတာကြောင့် ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ပေ...
YOU ARE READING
My Secretary Kim
Fanficအပြံးအရယ်မရှိ စည်းကမ်းကြီးပြီးတိကျတဲ့ CEOလေးထံ ပျော်ပျော်နေတတ်ပြီး အလွဲလေးတေလုပ်တတ်တဲ့ secretaryလေးရောက်လာသောအခါ......