နောက် တစ်ရက်နှစ်ရက်လောက်ဆို မောင်ပြန်လာလိမ့်မယ်။ မနေ့ကရော ဒီ လို အတွေးမျိုးတွေးဖူးလား ကိုယ်တိုင်မသေချာဘူး...။
နောက်ပြီး တကယ် ပြန် လာ သလားဆိုတော့လဲ
မောင်ဟာ ပြန်မလာ ခဲ့ဘူး ...။ဘယ်တွေရောက်နေလဲ မောင်
ကျနော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ကျနော်မမြင်နိုင်တဲ့ နေရာ မှာ ပျော်နေသလား....မောင်မိုးတွေအုံ့သွားတာ မြင်တိုင်း ပိတောက်ကိုင်းကေပြုံးတယ် ။
မိုးရွာရင် ပန်းဝါဝါလေးတွေ ပျော်ရမဲ့ မျှော်လင့်ချက်မျိုး မောင်ပြန်လာရင် ကျနော်ပျော်ရမဲ့ မျှော်လင့်ချက်မျိုး ကျနော့စိတ်မှာ ခိုအောင်းနေလိမ့်မယ်လို့ မောင် မတွေးမိဘူးလား။ဒီနေ့တွေထဲမှာ နိဗ္ဗာန်မရှိ၊ ငရဲမရှိ
တချို့အလွမ်းတွေကို သက်ပြင်းမောတစ်ခုလို
ရှူရှိုက် လိုက် မှုတ် ထုတ် လိုက် ဘယ်လောက်ကြာအောင် လုပ်နေရမာလဲ ။ပြန်လာမှာပေါ့ တနေ့နေ့တော့ ဆိုတဲ့ အသိနဲ့
ငြိမ်သက်သွားတယ်..။မောင့်အကြောင်းတွေခေါင်းထဲဝင်လာပြန်ရင်
ညတွေကို အိပ်လို့ပျော်ပြီး ကိုယ့်အကြောင်းကိုတောင် ကိုယ် မတွေးမိဘဲ ထိုင်နေခဲ့ရတဲ့ ညမျိုးရှိတယ်။
ကိုယ့်နေ့စွဲတွေမှာ ပျော်စရာတွေ ပါ မလာ တော့ ဘူး။
ပြန်တွေ့ရင်ပြောမယ့်စကားတွေ အစဖော်မရတော့ဘူး။
မေ့သွားတာမျိုး မဟုတ်ဘူး။နှစ်လတွေ ကြာသွားရင်ရော
မောင်က ငါ့ကို မှတ်မိပါတော့မလား..?!
ငါကရော မောင့်ကိုမှတ်မိပါအုန်းမလား..?ဒီနေ့ မိုးတွေအုံ့တယ်..
နောက်ပြီး ပိတောက်ကိုင်းလေးတွေ ပြုံးနေတယ်
မောင်ပြန်လာလိမ့်မယ်...။.........
"လက်ပံရေ ထမင်းပွဲ ပြင်ရအောင်...
ဒီနေ့ ကိုလေးသတိုး ထမင်း လာစားမယ်တဲ့..”သစ်ပင်လေးတွေကို ပိုက်နဲ့ ရေဖြန်းနေရင်း
မောင့် အကြောင်း တွေးနေမိတယ်။
ရုတ်တရက် ဒေါ်စိန်က လှန်းခေါ်နေသောကြောင့်
ရေပိုက်ကို အပင်ချေမှာ ပစ်ချ ခဲ့ကာ..
ထမင်းစား ခန်း သို့ လာခဲ့သည်။...
YOU ARE READING
လက်ပံ (Complete)
RomanceUni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းနည်းစိတ်ကို မသိပ်နိုင်သူတွေထဲမှာ ကိုယ်ပါနေခဲ့မိတယ်။ အ့လို နေတတ်ဖို့ အရာရာတိုင်းကို စိတ်ထဲမှာပဲထားပြီး...