Mysterious Wedding
Short Fic 💚 Final Part
အရိုးခေါင်းများဖြင့် စီရီထားသော မင်္ဂလာအခမ်းအနား။
ရေညှိတွေပင် တက်နေပြီဖြစ်သော လူအရိုးစုများ၊ တိရစ္ဆာန်အရိုးစုများနှင့် အလှဆင်ထားတာကြောင့် Jiyong မှာ ကြက်သီးများ ဖြန်းဖြန်းထလျက်။
ဆုပ်ကိုင်ထားသောလက်ဖဝါးအိအိနှင့် မလိုက်ဖက်စွာ အကြမ်းအရမ်းပင် တင်းတင်းကြပ်ကြပ် ဆွဲခေါ်ခံရတော့ Jiyong မနှစ်မြို့စွာဖြင့် Lee Seungri အနောက်မှ ကပ်ပါသွားရဧ။်။
မိမိလက်ကို ဆုပ်ကိုင်ထားသော သူ့လက်တွေက ရေခဲပမာ အေးစက်လွန်းလှပေသည်။
သူ့မျက်နှာက ပျော်နေသလား၊ စိတ်လှုပ်ရှားနေသလား ခန့်မှန်းရခက်စွာ မျက်နှာထားက တည်ကြည်နေဆဲ။
" Jiyong... မင်း မင်္ဂလာဝတ်စုံသွားရွေးသင့်တယ်... မင်း ဘာအရောင်ဝတ်ချင်လဲ မသိလို့ ပြင်ခိုင်းထားတာတော့ အများကြီးပဲ..."
မျက်နှာကတည်သလောက် သူ့စကားသံတွေက ဒီမင်္ဂလာပွဲကို အတော်လေး အလေးအနက်ထားပုံပေါ်နေသဖြင့်...
" Lee Seungri... ငါ မင်္ဂလာမဆောင်လို့ မရဘူးလား..."
ငြိမ်သက်နေတဲ့ အမူအရာကနေ ရုတ်ချည်း ဒေါသရိပ်လွှမ်းလာသော မျက်ဝန်းတို့နှင့်...
" မင်း ငါနဲ့ လက်ထပ်ဖို့ကို ဘာလို့ ဒီလောက် မနှစ်သက်ရတာလဲ... ဘာလဲ ငါက ရိတ်သိမ်းသူမို့ ကြောက်ရွံ့နေတာလား... "
ရိတ်သိမ်းသူဆိုတဲ့ အသုံးအနှုန်းကို ကြားရလေတိုင်း စိတ်ထဲ မသက်မသာဖြစ်ရသည်။ သို့သော် ဒီအချိန်မှာ ဥာဏ်ကို လွှာသုံးလေမှ အဆင်ပြေမည်ဟု တွေးတောမိလျက်...
" မင်းနဲ့ငါက ကမ္ဘာခြားနေတယ်လေ ... ငါက မင်းနဲ့ လက်ထပ်လိုက်ပြီပဲ ထားပါဦး... ငါ့ဝိညဉ်ကို ပြန်ရတဲ့အခါ ဘယ်လိုပေါင်းဖက်ရမှာလဲ ပြောလေ... ငါ ဒီနေရာမှာတော့ မနေနိုင်ဖူးနော်... "
ပြောရင်း ဘေးဘီကို လှမ်းကြည့်လိုက်တော့ ကြေးရောင်လက်နေတဲ့ ကြီးမားဝိုင်းစက်သည့် ဟင်းအိုးထဲ၌ အမည်အမျိုးမသိသော အစာပလာများထည့်ကာ ချက်ပြုတ်ပြင်ဆင်နေကြပုံက စုန်းမတွေ ဖန်တီးထားတဲ့ အဆိပ်ရည်ကဲ့သို့ အရောင်ဆန်းဆန်းထလို့နေဧ။်။