Mysterious Wedding
Short Fic 💚 Part (1)
ဒေါင်... ဒေါင်... ဒေါင်...
ခရစ်ယာန် Church ကျောင်းဆောင်ဧ။် ခေါင်းလောင်းထိုးသံလွင်လွင်က သုံးချက်တိတိပြည့်သွားလေပြီ။
ဘုန်းတော်ကြီးက မင်္ဂလာသတိုးသားနဲ့ သတိုးသမီးတို့ကို ရည်ညွှန်းလျက်...
" သင်တို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေ ရစ်ပတ်ချည်နှောင်သည့်အလား အပြန်အလှန် လက်ထပ်လက်စွပ် ဝတ်ဆင်ပေးကြပါ..."
အဖြူရောင်ဂါဝန်ဖြင့် လှသွေးကြွယ်နေတဲ့ သတိုးသမီးက သတိုးသားဧ။် ခပ်သွယ်သွယ်လက်ချောင်းဆီသို့ လက်ထပ်လက်စွပ် စွပ်ပေးလိုက်ဧ။်။
သတိုးသားဘက်မှ ရွှေရောင်လက်စွပ်မောင်းကွင်းကို ပြန်စွပ်ပေးရမည့်အလှည့်၌ ချည်တုံ့ချတုံ့ဖြစ်နေဆဲ မင်္ဂလာခန်းမတံခါးက ရုတ်တရက် ပွင့်ဟသွားလေပြီး...
" မင်္ဂလာပွဲကို ကန့်ကွက်ပါတယ်... "
လက်မထပ်ချင်တဲ့ မင်္ဂလာပွဲ၌ တစ်စုံတစ်ဦးထံမှ ကန့်ကွက်မည့်စကားသံကို မျှော်လင့်နေမိသူ Jiyong မှာ စိတ်ထဲ ကြိတ်ပျော်သွားမိလေပြီး အသံထွက်ပေါ်လာရာ ခန်းမတံခါးဝသို့ လှမ်းကြည့်မိတော့ အနက်ရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူရွယ်တစ်ဦး။
" ဘယ်သူလဲ... Merry မင်းရဲ့ ချစ်သူဟောင်းလား..."
" ဟင့်အင်း ငါမသိပါဘူး ..."
ဘယ်သူမှ မသိတဲ့သူစိမ်းကြောင့် နှစ်ဦးသား တအံတသြဖြစ်နေခိုက် ကန့်ကွက်သည်ဟု ဆိုလေသူ လူရွယ်က သူ့ဘယ်ဘက်လက်ကို မြှောက်ပြလိုက်ရင်း...
" ကျွန်တော်နဲ့ လက်ထပ်ဖို့ သဘောတူထားပြီးသားပါ... လက်ထပ်ပွဲကို ကန့်ကွက်ပါတယ်..."
ပရိတ်သတ်တွေအားလုံးက အံအားသင့်နေသော အနေအထားမှ အချင်းချင်း အတင်းအဖျင်းပြောသည့်အဆင့်သို့ ရောက်ရှိသွားလေကြသည်။
အလှပဆုံး ပြင်ဆင်ခြယ်မှုန်းထားတဲ့ သတိုးသမီးလေးမှာ မျက်စိပျက် မျက်နှာပျက်ဖြင့်...
" Jiyong Oppa... ငါနဲ့ ဘာမှ မဆိုင်တဲ့သူပါ..."
Jiyong လည်း မိမိလည်ပင်းမှ လိပ်ပြာသဏ္ဍာန်လည်စည်းကို ဆွဲဖြုတ်ချလိုက်ပြီး...