"အင်းပါ အဲ့ဒါဆို စားစရာတစ်ခုခုပါစီစဉ်ပေး ဟဲဟဲ
နော် ကလေး ညနေကြရင် အတူတူစားရအောင်""မောင်သိပ်ပိုတာပဲ"
"မပိုပါဘူးဗျာ...မောင့်ကလေးရဲ့လက်ရာကိုစားချင်လို့"
"ဟုတ်ကဲ့ပါ
အဲ့ဒါဆို ဒါပဲလေ မောင်
ကျွန်တော်လည်းမောင့်အတွက်စားစရာစီစဉ်လိုက်ဦးမယ်""ဟုတ်ပါပြီ ချစ်တယ်နော် ကလေး"
"ဟုတ်ကဲ့ အတူတူပဲ"
ပိုင်စေသူလည်းမောင်နဲ့ဖုန်းပြောပြီး၍အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
"ညီမလေး ကိုကိုဈေးသွားမလို့နော်"
"ဟမ်..ဘာလုပ်မလို့လည်းကိုကို"
သီရိမေလည်းစာလုပ်နေရင်းကိုကို့ကိုမေးလိုက်သည်။"ညနေစာအတွက် ဝက်စလူးချက်မလို့
အဲ့ဒါလိုတာလေးတွေသွားဝယ်မလို့""ကိုကိုကလည်း ဟင်းတွေရှိနေသေးတာကို ပိုက်ဆံကုန်အောင်လျှောက်ဝယ်နေတာ"
"စာမေးပွဲနီးပြီဆိုတော့ ကိုကို့ညီမလေးအားရှိအောင်ကောင်းကောင်းချက်ကျွေးမလို့ပါ ဟဲ"
"ကိုကိုတော့ပိုနေပြီ သွားမယ်ဆိုလည်းသွားတော့ ဟွန်း"
သီရိမေလည်း ကိုကို့ကိုမျက်စောင်းလေးထိုးလိုက်သည်။ပိုင်စေသူလည်းညီမလေးရဲ့ခေါင်းကိုအသာလေးဖွပြီးပြုံးပြလိုက်သည်။
ထို့နောက်ဈေးသို့ထွက်ခဲ့လိုက်သည်။
"အဒေါ် ကျွန်တော့်ကိုကန်စွန်းရွက်တစ်စည်းနဲ့သံပုရာသီးနှစ်ရာဖိုးလောက်ပေးပါဗျ"
"အေးအေး
ဒါနဲ့ မင်းညီမလေးက စာမေးပွဲနီးနေပြီမို့လား""ဟုတ်တယ် အဒေါ်"
"အိမ်က ငါ့သမီးလည်းစာပဲကြည့်ခိုင်းထားရတယ်
အိမ်မှာသူတို့စာကြည့်ရက်ရတာကြာနေပြီ""ဘယ်ချိန်တည်းက အဒေါ့်သမီးကအိမ်မှာစာကြည့်တာလည်း"
ပိုင်စေသူလည်း ဈေးသည်အဒေါ်ကြီးကိုမေးလိုက်သည်။"ကြာပြီ ငါ့တူရဲ့
နှစ်ပတ်လောက်တောင်ရှိမယ်ထင်တယ်""အော် ဟုတ်ကဲ့ပါဗျ..
ကျွန်တော်သွားလိုက်ဦးမယ်နော်"
YOU ARE READING
At the end of the hate(Completed)
Romanceအဓိက က ငါအောင်မြင်ဖို့ပဲ ငါအောင်မြင်ဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရငါလုပ်မှာပဲ ငါဆိုတဲ့လူက ငါလိုချင်တာကိုရဖို့အတွက် ဘယ်နည်းသုံးရသုံးရငါသုံးမှာပဲ အထူးသဖြင့် မင်းလိုလူကို အပိုင်သိမ်းရဖို့ဆိုရင် ငါလူသတ်ဖို့တောင်ဝန်မလေးဘူး #မိုးတိမ်ထွဋ် ခင်ဗျားရဲ့သွေးစွန်းနေတ...