Intro ( Unicode )

1.3K 48 16
                                    

အငှါးညီ
............                            Intro
                                           .............

''အဖိုးရဲ့ နောက်ဆုံးထွက်သက်မရောက်မီ အချိန်တစ်မိနစ်ပဲဖြစ်ဖြစ် တစ်စက္ကန့်
လောက်ပဲ ဖြစ်ဖြစ် အဖိုးမြေးနဲ့ ဆုံခဲ့ချင်ပါသေးတယ်.....´´

''အဖိုးရဲ့ အဖေတာဝန်မကျေပွန်မှုတို့အတွက် အဖိုးနောင်တတွေနဲ့ တမလွန်ဘဝကို
မကူးပြောင်းချင်ဘူးမြေးရယ်..... အဖိုးကိုချစ်ရင် မြေးလေးကို ကူရှာပေးပါနော်၊ အ
ဖိုးမြေးလေးနဲ့ ဆုံချင်တယ် ...... အဖိုးသားအပေါ်မှာမကျေခဲ့တဲ့တာဝန်ကို မြေးလေး
အပေါ်မှာ ပေးဆပ်ချင်လို့ပါ ဂုဏ်ထည်ဝါ..... အဖိုးကိုချစ်ရင် ... အဖိုးကိုသနားရင်..
အဖိုးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးပါနော်.......´´

ဦးဂုဏ်ထည်...........

...........................

''အဖိုးက သူ့ရဲ့ တာဝန်မကျေပွန်မှုတွေကို ကျွန်တော့်အပေါ်တာဝန်လွှဲပြောင်းပေး
ချင်နေတာ ..... အဖိုး အမွေပြတ်စွန့်လွှတ်ခဲ့တဲ့ ဦးလေးကို ကျွန်တော်က ဘယ်မှာ
လိုက်ရှာရမှာလဲ.... အဆက်အသွယ် ပြတ်နေတာက အနှစ်သုံးဆယ်တောင်ရှိပြီ။အ
ခုမှ .. အခုမှ ပြတ်နေတဲ့ ဒီအဆက်ကို ဆက်ခိုင်းချင်တဲ့သဘော ရှိတယ်ဆိုတော့ ကျွန်တော် ဘယ်လို ရှာရမလဲ ......´´

''ဦးလေးမှာ သားတစ်ယောက်ရှိတယ်လို့ပဲသိတာ .... သူက ဘယ်သူဘယ်ဝါဆို
တာကအစ ဘယ်မှာနေပြီး ဘာလုပ်တယ် ဆိုတာက အဆုံး .....ကျွန်တော်သိမှမသိ
တာ ၊ သိရင်ဒီလောက် ခေါင်းခြောက်ခံနေစရာမလိုဘူး ..... ချက်ချင်းကို ခေါ်လိုက်
မှာ .......´´

ဂုဏ်ထည်ဝါ.........

.....................................
                                                     

''မပေးတော့ ဘာလုပ်ချင်လဲ ..... ´´

''ရဲတိုင်မယ် ဟုတ်လား .....ဟားဟားဟား တိုင်လေ ....တိုင်လိုက်စမ်းပါ ....ရှင်း
သန့်မောင် ဆိုတဲ့ ကျုပ်ကလည်း သေမှာမကြောက်လို့ အပေအတေ လုပ်နေတာ....
လုပ်လိုက်ပါ ပင်ပန်းခံနေစရာမလိုပဲ ထောင်ထမင်းတောင် အေးဆေးထိုင်စားရဦး
မယ်......´´

''ဟုတ်တယ် ရိုင်းတယ် .....ရိုင်းတော့ကော ဘာလုပ်ချင်လဲ .... တစ်ယောက်တည်း
ဆိုပြီး အနိုင်ခံဖို့ မကြိုးစားနဲ့နော် .... ဗလမရှိပေမယ့် ဇရှိတယ် .... ရှိတဲ့ ဇနဲ့ ဆွဲဖြဲ
လိုက်လို့ အပေါ်သွား အောက်သွား တစ်ချောင်းမှ မကျန်ပဲ ဆန်ပြုတ်သောက်နေရမှ
ရှင်းသန့်မောင် ကို အဆိုးမဆိုကြနဲ့.......´´

''တစ်ယောက်တည်းလည်း မကြောက်ဘူး ...... တစ်ပိုင်းတည်းဆိုလည်း မကြောက်တတ်တာ ရှင်းလား ...... ကောင်းရောင်းကောင်းဝယ် လုပ်စားပြီး ဘဝကို
အေးဆေးဖြတ်သန်းနေတာ ......  ဆေးရောင်လာခြယ်ဖို့ မကြိုးစားနဲ့ .... ကျုပ်ကအ
ရောင်းစွန်းမှာ မကြောက်သလို တစ်လောက လုံးကိုလည်း ကြွေးကြော်ရဲတယ်....´´

''ဘယ့်နှယ် .....  အဆင်မပြေလို့ မပေးနိုင်ဘူးပြောနေတာ လူလိုနားမလည်ကြဘူး...´´

''ကြွေးထူတော့ကော ဘာဖြစ်လဲ ... မရှိလို့ ၊ အဆင်မပြေလို့ ကြွေးထူတာလေ ...
ခင်များတို့လို ရှိမှတော့ ဒီကြွေးထူ ဘွဲ့ကို ခံယူမနေဘူး .....´´

ရှင်းသန့်မောင်..........

......................................

''မင်းရဲ့ အကြွေးတွေကို ငါ့ဘက်က ဖြေရှင်းပေးမယ် ဆိုရင်ကော မင်းလက်ခံမှာ
လား.....´´

''ခင်ဗျားက ဘာလို့ ကျုပ်အကြွေးတွေကို ဖြေရှင်းမှာလဲ ..... ကျုပ်ကကော ခင်
ဗျားကို ဘာလုပ်ပေးရမလဲ.....´´

''လွယ်ပါတယ် မင်းကို ထွေထွေထူးထူး မလုပ်ခိုင်းပါဘူး.....´´

''မင်းက ငါ့ရဲ့ အငှါးညီ အဖြစ် နေပေးရုံပဲ......´´

''ကဲ့ ဘယ်လိုလဲ.....´´

....................

''ကျုပ်အတွက် အကျိုးခံစားခွင့် ဘာမှ မရှိဘူးလား.....´´

''မရှိဘူး ..... မင်းကို ကြေးတစ်ခုနဲ့ ပတ်သက်တာ ..... ငါ့ဘက်က ပေးဖို့ရှိတဲ့ ကြေး
ကိုလည်း အကုန်ရှင်းပြီးသား ..... ဘာမှ ထပ်ရဖို့ မမျှော်လင့်နဲ့ ...´´

''ကျုပ်ဘက်က အတင်း မယူပဲ .... ပေးတဲ့ သူက အတင်းထိုးပေးနေရင်တော့ ကျုပ်မတတ်နိုင်ဘူး.....´´

''သူပေးရင်တောင် မင်းငါ့ကို ပြန်ပေးရမယ်.....´´

''မပေးနိုင်ဘူး......ကျုပ်ထိုက်လို့ကျုပ်ရတာ.....´´

''မပေးလို့ရမလား ..... မင်းက ငါ့ရဲ့ အငှါးညီပဲ......´´

......................................

''ကျုပ်တာဝန်ကို ကျုပ်ကျေအောင် လုပ်ပေးခဲ့တယ်  ..... ဒီတော့ ကျူပ်လမ်းကို
ကျုပ်ကိုယ်တိုင်ပဲ ဆက်လျှောက်မယ်.....´´

''မင်းမသွားရဘူး.....´´

''ခင်ဗျား တားပိုင်ခွင့် မရှိဘူး ....´´

''ကျုပ်က ခင်ဗျားရဲ့ အငှါးညီပဲ.......´´

                                      

အငှါးညီ ( အငွါးညီ )Oc Bl ( Unicode + Zawgyi ) OngoingWhere stories live. Discover now