အငှါးညီ
............အပိုင်း ( ၁ )
ဝုတ်....ဝုတ်....ဝုတ်ဝုတ်ဝုတ်.....ဝုတ်ဝုတ်.....!
ဟာကွာ......!
ရှင်းသန့်မောင်.....! ဟေ့ .....ရှင်းသန့်မောင်.....!
ဟင်............,
နားလေး.....ဒီလောက်ခေါ်နေတာတောင် ပြန်မထူးဘူး ၊ အိပ်နေတာ
မဟုတ်ပဲ သေများသေနေတာလား မသိပါဘူးတော်.....!
ကာထားသည့် ကျူထရံကိုပင် လက်နှင့် မရဲတရဲပုပ်လိုက်သည်။ နှုတ်
မှလည်း သကောင့်သား နာမည်ကို အော်ခေါ်နေသည်မှာ ခုနှစ်အိမ်ကြား ရှစ်အိမ်
ကြားပင်ဖြစ်၏။ ကျူးကျော်ရပ်ကွက်မို့ အိမ်များသည် ဝါးထရံကာပုပုသေးသေး
လေးပင်ဖြစ်ကြ၏။
ဒေါ် စောမေ တစ်ယောက် အတော်ပင် ဒေါပွနေသည့် အနေအထား
ပင်......။
ဟုတ်သည်။ ခြံစည်းရိုးမရှိသည့် ထိုပတ်ဝန်းကျင်ရဲ့ အိမ်လို့ပင်မခေါ်
ထိုက်သည့် ကျူထရံကာ ၊ ထန်းလက်တို့ဖြင့် မိုးထားသည့် ထိုအိမ်ငယ်ထဲတွင် ရှိနေ
သည့် ရှင်းသန့်မောင် ဆိုသူသည် ဒေါ်စောမေ အော်ခေါ်နေသည်အား မကြားနိုင်ဆို
သည်ပင် ယုံရမည်တဲ့လား။
ဖြစ်နိုင်မည်ဆိုလျှင် သည်အိမ်တော်တစ်ခုလုံးကို ရှိသည့် အားနှင့်အ
သာလေးတွန်းလှန်ပစ်လိုက်ချင်သည်။အားနည်းနည်းမျှသုံးလျှင်ပင် ပင်စိုက်လဲမည့်
အနေအထားသာ။ နဂိုကတည်းမှ ယိုင်နဲ့နဲ့ကဖြစ်နေပေသည်။ သို့ပေမယ့် ရမည့်အကြွေးက နည်းနည်း။လျှော်ရမည့် ငွေက များနေမှာ ဆိုးသောကြောင့်သာ ဖြစ်တည်နေသည့် ဒေါသစိတ်ကိုမနည်း အောင့်အီးထားရသည်။ သည်ကြားထဲ အိမ်အထဲမှ ဟောင်နေသည့် ခွေးသည် ဘယ်အချိန်မှာများ ဒေါ်စောမေ အား ဘယ်ချောင် ဘယ်ကြားကနေ ထွက်ပြီးလာကိုက်မှာကို စိုးရသေး။ ခွေးသံကြားပြီး လူအသံကို နည်းနည်းလေးမှ မကြားရသည့် အဖြစ်မို့ သည်တစ်ကြိမ် မိမိအသံအား ငယ်သံပါအောင် အော်ခေါ်လိုက်လျှင်
''ရှင်းသန့်မောင် ...............................!´´
''အား ......နားပူလိုက်တာကွာ .......ဘယ်သူလဲ ၊ တွေ့မယ်.......´´
VOCÊ ESTÁ LENDO
အငှါးညီ ( အငွါးညီ )Oc Bl ( Unicode + Zawgyi ) Ongoing
Não Ficção👉 အငှါးညီ 👈 တဲ့။ ဇာတ်လမ်း Title အတိုင်း ဂုဏ်ထည်ဝါ ဆိုသည့် လူငယ်ကောင်လေးတစ် ယောက်မှ အဖိုးဖြစ်သူ ဦးဂုဏ်ထည်၏ ပျောက်ဆုံးနေသည့် မြေးဖြစ်သူကို အဖိုးမှ နောက်ဆုံးထွက်သက် မတိုင်မီ အချိန်လေးမှာ ဆုံတွေ့ချင်ကြောင်း ဂုဏ်ထည်ဝါကို နားပူနားဆာ လုပ်သည်။ ဂုဏ်ထည်ဝါသည...
