လီချင်းရန်တစ်ယောက် အိပ်ခန်းထဲရှိ ကုတင်ပါ်ထိုင်ပြီး စဥ်းစားခန်းဝင်နေမိသည်။ နောက်လပိုင်းလောက်ဆိုရင် သူ့အသက်ဆယ့်ခြောက်နှစ်ပြည့်တော့မည်ဖြစ်သည်။သို့သော်လည်း သူ့မှာကျင့်ကြံနိုင်ခြင်းမရှိပါ။ သူစိတ်မပျက်ဘူးပြောရင်ညာနေတာဘဲဖြစ်မှာ ဘယ်သူကများအမှိုက်ကောင်ဖြစ်ခြင်မှာလဲ ဆရာစိတ်မကောင်းဖြစ်မှာစိုးလို့သာ ဘာမှဂရုမစိုက်သလိုနေနေတာဘဲဖြစ်တယ်။
လီချင်းရန်သူ့အတွေးကိုရပ်လိုက်ပြီး ကျင့်ကြံဖို့လုပ်လိုက်သည်။
သူ့ဘေးနားဝန်းကျင်မှာရှိတဲ့ ချီများကို စတင်စုပ်ယူလိုက်သည်။
သိပ်မကြာလိုက်ပေ သူစုပ်ယူထားချီများက ကုန်ဆုံးသွားသည်
"ချီးဘဲ ထပ်ပြီးတော့လား မင်းဟာကမပြီးနိုင်တော့ ဘူးလားကွာ " လီချင်းရန်ရေရွတ်ပြီး သူ့ချီစုဝေးရာကိုအာရုံစိုက်လိုက်သည် ။ ထိုနေရာတွင် နဂါးဖြူနှင့်အနက်ရောင်နဂါး နှစ်ကောင်က သူစုဆောင်းထားတဲ့ ချီတွေကို ဝါးမျိူနေကြသည်။ ထိုနဂါးနှစ်ကောင်ကြောင့် သူကျင့်ကြံလို့မရနိုင်တာဖြစ်ပါတယ်။ "တော်ပြီကွာ ညလည်းအတော်နက်ပြီဆိုတော့ အနားယူလိုက် တော့မယ်မနက်မှ ငါ့ပြသနာကိုဖြေရှင်းဖို့နည်းလမ်းသွားရှာရမယ်။နည်းလမ်းမရှိဘူးလို့သူမယုံကြည်ပေ။#UP တာကြာလို့တောင်းပန်ပါတယ်
![](https://img.wattpad.com/cover/232404111-288-k250549.jpg)