ဂန်းနမ်ရပ်ကွက်ရှိ ခမ်းနားလှသော အိမ်ကြီး၏ အိပ်ခန်းတစ်ခု.....
အချိန်ကား ည ၁၀ နာရီ.....
မရေမတွက်နိုင်သော အခန်းပေါင်းများစွာဖြင့်ဖွဲစည်းထားသောကြောင့် အလှမ်းဝေးရင်
ဘာမှမကြားနိုင်သည့်အနေအထား.....ကော်ဇောနီပေါ် လူတစ်ယောက်လဲကျနေသည်။
အတိအကျဆိုရလျှင် မိန်းကလေးတစ်ယောက်......ပြင်းပြသော ဝေဒနာကိုခံစားခဲ့ရသလို ဖျော့တော့စွာငြိမ်သက်နေရာမှ တချက်တချက်ထအန်သော သွေးကွက်များက အိုင်ကျလျက်....
မလှမ်းမကမ်းရှိကုတင်ပေါ်၌ နောက်ထပ်မိန်းကလေးတစ်ယောက် လက်ပိုက်ကာ ခြေချိတ်ထိုင်နေသည်။
မျက်နာပေါ်၌ မဲ့ပြုံးတစ်ခုကို တပ်ဆင်ထားပြီးမျက်လုံးများက နာကြည်းမှုအပြည့်ဖြင့်.....
အမဲရောင်ဂါဝန်ရှည်ပေါ်က ဖြူဖွေးနေသော
အသားဝင်းဝင်းလေးများ နီရဲနေသည်မှာ ဒေါသကြောင့်လား မသေချာ.....
သို့သော် သေချာကြည့်မည်ဆိုပါက ကြမ်းပြင်ပေါ်က မိန်းကလေးနာကျင်မှုကြောင့် ညည်းညူလိုက်တိုင်း ဆတ်ကနဲတုန်သွားသောနှုတ်ခမ်းပါးများကို တွေ့နိုင်သည်။" Jenn.....Jennie... မင်း.... မင်း... မိန်း...မယုတ်"
" ကျွန်မက ဘာလုပ်လို့လဲ Kim Jisoo ရဲ့
မကောင်းတာရှင်လေ.... ယုတ်မာတာက ရှင်ပဲ.......သိရဲ့လား....... "Jennie ....ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စီးကြောင်းကို ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း မျက်နာလွှဲလိုက်သည်။
နောက်ဆုံးအချိန်ရောက်နေပြီဖြစ်သော Jisoo မှာ မောပန်းနေသော်လဲ ရှိသမျှအားကိုစုစည်းကာကုန်းရုန်းထသည်။
နှုတ်ခမ်းပါးများကို ပြတ်လုမတတ်ကိုက်ရင်း အံကြိတ်ကာ Jennie ဆီသို့တွားသွားလာနေသော်လဲ ငါးပေလောက်အကွာအဝေးကို ခရီးမတွင်နိုင်.....
စူးထိုးအောင့်နေသော ဝမ်းဗိုက်ကိုဖိကိုင်ပြီး
နောက်ဆုံး Jennie ရှေ့ရောက်တော့ ကုတင်ပေါ်မျက်နာအပ်လျက်ငြိမ်သက်နေရသည်။" ကြောက်နေတာလား..... ဟက်....ကိုယ့်အတွက်ကိုယ် သိတတ်လိုက်တာနော်"
သူ Jennie ကို တစ်ခုခုပြောချင်သည်။
ခြောက်ကပ်နေသော လည်ချောင်းကဘာသံမှထွက်မလာ.....
သို့သော် သူသိချင်တာကို Jennie က ပြောလာခဲ့သည်။" ရှင့်ကို မုန်းလို့! ! သိလား.....
သိပ်မုန်းလို့! ! အဟင်း.....ဟားဟား... "ရူးသွပ်နေသူလို ရီမောနေသော Jennie ကို
ကြည့်ရင်း သူအိပ်ချင်လာသည်။
ကုတင်ပေါ်လက်ထောက်ပြီး Jennie ကိုခုန်အုပ်လိုက်သည်။
သို့ပေမယ့် ဘာမှမဖြစ်သွားပဲ သူခေါင်းကသာ
Jennie ရဲ့ပေါင်ပေါ်ကျသွားသည်။
မျက်ဝန်းတွေဖွင့်မရတော့လောက်အောင် လေးလံသွားပြီး သူ့ကိုအမှောင်ထုက ဆွဲခေါ်သွားသည်။ငြိမ်သက်သွားသော ခန္ဓာကိုယ်ကိုကြည့်ပြီး
Jennie အောင်နိုင်သူလိုပြုံးလိုက်မိသည်။" ရှင့်ကို သိပ်မုန်းတယ်.... Jisoo"
.......................
တိုတိုလေးပဲ ရေးမှာပါ😁