I Hate U(Zawgyi)

208 8 0
                                    


သက်သေထွက်ဆိုချက်-(၁)

ကျွန်တော် Lee Ho Jin ပါ.....
မမလေး Jisoo ရဲ့ဒရိုင်ဘာပါ.....
ကျွန်တော်တို့စတွေ့တော့ မမလေးက အထက်တန်းကျောင်းသူပဲရှိသေးတယ်ဗျ
သူဌေးက ကျွန်တော်ကို မမလေးရဲ့ပင်တိုင်ဒရိုင်ဘာအဖြစ်ခေါ်ထားတာ.....
ကျွန်တော် ဂန်းနမ်ရပ်ကွက်မှာပဲနေပါတယ်
မမလေးအိမ်နဲ့ဆို သုံးလေးအိမ်ပဲခြားပါတယ်
မနက်ဆို မမလေးကို ကြိုပြီး သွားချင်တဲ့နေရာလိုက်ပို့ရပါတယ်
မမလေး အိမ်ထောင်ကျပြီးကတည်းက သူဌေးက နိုင်ငံတကာရုံးခွဲတွေကိုပဲ ခရီးထွက်ပြီးဦးစီးနေတော့တာ.....



ကျွန်တော်သိသလောက်တော့ မမလေးက အလိုက်သိပြီး လူတိုင်းနဲ့တည့်အောင်ပေါင်းပါတယ်
ကုမ္ပဏီမှာဆိုလဲ ဝန်ထမ်းတွေအားလုံးအပေါ် သြဇာလွှမ်းနိုင်တယ်
တစ်ခုပဲဗျ....
မမလေးက ပွေတယ်
ပွေတယ်ဆိုတာကလဲ ယောကျာ်းလေးတွေနဲ့မဟုတ်ဘဲ မိန်းကလေးတွေနဲ့ဗျ
အများဆုံးသွားတတ်တာကတော့ မြို့စွန်က ကော်ဖီဆိုင်ရယ်၊မြေအောက်ထပ်ကာစီနိုရယ်၊သူ့သူငယ်ချင်းတစ်ယောက်ပိုင်တဲ့ ဘားရယ်ကိုပဲ.......


မမလေး Jennie နဲ့ ရန်ဖြစ်တာမျိုးတော့ ကျွန်တော် မတွေ့ဖူးဘူးဗျ
ဒါပေမယ့် တွဲသွားတွဲလာလုပ်တာမျိုးလဲ မတွေ့ဖူးဘူး
မမလေး Jennie က စည်းကမ်းကြီးတယ်လို့တော့ ကြားတယ်
စရိုက်ချင်းမတူတော့ ပေါင်းလို့မရဘူးပေါ့
သူတို့နှစ်ယောက်က မချစ်ဘဲယူလိုက်ကြရတာဗျ
အဲ့ဒါတော့ သေချာတယ်
ဘာလို့လဲဆိုတော့ လက်မထပ်ခင်အထိ သူတို့နှစ်​ယောက် တစ်ခါမှ မဆုံဖူးလို့ပဲ
ဒါပေမယ့် သူတို့အိမ်တွင်းရေးကိုတော့ ကျွန်တော်မသိပါဘူး


မမလေး Jisoo သေတော့ ကျွန်တော့်မယ် အံ့သြလိုက်ရတာဗျာ
မမလေးက အိမ်ထောင်ရေးအဆင်မပြေရင်တောင် ကိုယ့်ဘာသာသတ်သေမယ့်လူမျိုးမဟုတ်ပါဘူး
သူက သေတာထက်ဆိုးတဲ့ ပြဿနာမရှိဘူးလို့ ခံယူထားတာ......
အဲ့ဒီ့နေ့ ညနေကအထိတောင် သူ့သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးထွက်လည်နေသေးတာပဲ
ဒါတစ်ယောက်ယောက်ရဲ့ ပယောဂပဲဖြစ်လိမ့်မယ်






















Because (Completed)Where stories live. Discover now