More

888 82 1
                                    

သက်သေထွက်ဆိုချက်-(၂)

ကျွန်မက Kim Family ရဲ့ရှေ့နေချုပ် Ham Boyoung ပါ......
Kim Coporation ဆိုတာ ကိုရီးယားရဲ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုမှန်း အားလုံးသိကြမှာပါ.....
တကယ်တော့ ကျွန်မက သခင်မလေး Jennie ရဲ့ မိသားစုဘက်က ရှေ့နေပါ.....
သခင်မလေး Jennie တို့မိသားစုက ကြီးကျယ်ခမ်းနားလွန်းပြီး တော်ဝင်ဆန်ပါတယ်.....
မဟာနွယ်လဲ ဖြစ်တာကိုး.....
အဘေးဖြစ်သူက မှူးမတ်ဆိုလားပဲ....




တစ်ဦးတည်းသော သမီးဖြစ်တဲ့ သခင်မလေး Jennie ကို မမလေး Jisoo နဲ့လက်ထပ်ပေးပြီးတော့ မိသားစုနှစ်ခုရဲ့ပေါင်းစည်းမှုက အတော်ကို သြဇာကြီးမားသွားပါတယ်....
ဘယ် အဖွဲ့အစည်းကမှ မယှဥ်ရဲ၊မော်မကြည့်ရဲတဲ့အထိပါပဲ......
ဒါက စီးပွားရေးအရပေါ့လေ.....
လူမှုရေးလား.....



သခင်မလေးက မာန်ကြီးပါတယ်......
ကိုယ်ကျင့်တရားနဲ့အမျိုးဂုဏ်ကို သိပ်တန်ဖိုးထားတယ်.....
အရှက်ကိုအသက်နဲ့လဲတဲ့ လူစားပါ......
ဒီတော့ ဆိုလိုရင်းပြောရရင် မမလေး Jisoo နဲ့သဘောထားချင်းမတိုက်ဆိုင်ဘူး.....
ခံယူချက်ချင်းမတူတော့ ပဋိပက္ခအနဲနဲ့အများရှိကြမယ်ထင်တာပဲ....
ဒါပေမယ့် ရန်ဖြစ်တာမျိုးတော့ မမြင်ဖူးဘူး....


မမလေး Jisoo က ပွင့်လင်းသလောက် သခင်မလေးက သိုဝှက်တယ်
သခင်မလေးက ဘယ်တော့မှ အသံကျယ်ကျယ်နဲ့ နင်ပဲငဆမပြောဘူး.....
သူ မကျေနပ်တဲ့အကြောင်း အထိနာအောင်ပဲပြောတတ်တယ်.....
သခင်မလေးဟာ ငယ်ငယ်ကတည်းက တည်ငြိမ်တယ်.....
အရွယ်ရောက်လာလို့ အလုပ်တူတူလုပ်တော့လဲ ရင်းရင်းနှီးနှီးနေပေမယ့် ဖော်မပြတာတွေရှိတယ်လို့ ကျွန်မ ခံစားရတယ်....
ဒါကြောင့် သခင်မလေးရင်ထဲ ဘာတွေရှိမှန်း ကျွန်မ မသိဘူး.....


အဲ့ဒီ့ညက ကျွန်မ အိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်ပေမယ့် သခင်မလေးအသံကို မှတ်မိနေတယ်
တုန်ရီအက်ကွဲနေတဲ့ အသံမျိုးပဲ.....
အမှုတစ်ခုရယ်လို့ ဖြစ်လာရင် ဘက်ပေါင်းစုံကတွေးရမှာတော့ မှန်ပါတယ်.....
ဒါပေမယ့် ကျွန်မ တစ်ခုကိုတော့ အာမခံတယ်
အဲ့ဒီ့ညက သခင်မလေး ဝမ်းနည်းနေခဲ့တယ်.....




Because (Completed)Where stories live. Discover now