8

6.9K 746 33
                                    

မနေ့ညက အဖြစ်အပျက်ရဲ့ အကျိုးဆက်ကတော့ ထယ်ယောင်းက သူ့ကို အရင်ထက်ပိုမုန်းသွားခြင်းပဲဖြစ်သည်။

တကယ် ရည်ရွယ်ထားခြင်း မရှိပါဘဲနှင့်ကို ခဏတာ ခံစားချက်အား မထိန်းချုပ်လိုက်နိုင်ခဲ့ခြင်းကြောင့် ပိုမို ဆိုးဝါးသွားတဲ့ ဆက်ဆံရေးတခုသာ အဖတ်တင်လိုက်သည်။

ကိုရီးယားကိုပြန်သည့် တလျှောက်လုံး နှစ်ယောက်ကြားမှာ တိတ်ဆိတ်အေးခဲနေခဲ့သည်။ထယ်ယောင်းကတော့ သူ့ကို စိတ်တိုနေခဲ့ခြင်းကြောင့်ဖြစ်ပြီး သူကတော့ မလုံမလဲ အချစ်စိတ်ကြောင့် ငြိမ်သက်နေခဲ့ခြင်း။

လေယာဉ်ပေါ်ကဆင်းပြီးနောက်မှာတော့ ကိုယ့်အိမ်ကို အသီးသီးပြန်ကြဖို့ လမ်းခွဲလိုက်သည်။ တချက်ကလေးမှ လှည့်မကြည့်ဘဲ သူ့ကို ကျောခိုင်းထွက်သွားတာကို ငေးကြည့်နေပြီးနောက် ပြေးလိုက်သွားမိသည်။
ခပ်လှမ်းလှမ်းပင် ရောက်နေပြီဖြစ်သော ထယ်ယောင်းကို မှီသည်နှင့် လက်ကိုလှမ်းဆွဲလိုက်သည်။

ကိုင်ထားသည့်လက်အား မုန်းတီးသည့်ဟန်ဖြင့် ကြည့်ပြီး သူ့အား အေးစွာဖြင့် လွှတ်ပေးဖို့ ပြောလာသည်။

"ငါ ပြောစရာ ရှိတယ် "

" ငါ အချိန်မရဘူး နောက်မှပြော "

" ခဏလေးပဲလေ "

ကိုင်ထားတဲ့လက်အား ခပ်ကြမ်းကြမ်းဖယ်ချရင်း ထွက်သွားသော ထယ်ယောင်းနောက် သူထပ်လိုက်ရပြန်သည်။

" ယောင်း ..! "

" ငါ့ကို အဲ့လို မခေါ်နဲ့ "

" ဘာလို့ အဲ့လောက် ဒေါသကြီးနေရတာလဲကွာ "

" ဂျုံးဂု !! ငါမင်းကို ဒီထက်ပို မမုန်းချင်ဘူး ... မင်း လုပ်ရပ်‌တွေကို ငါအမြဲ သည်းခံပေးနေလို့လား ဟမ် .. အလိုမတူဘဲဆက်ဆံမယ် .. မင်း စိတ်ကြွလာရင် နမ်းမယ် ... ငါ့ကိုဘယ်လိုမြင်နေလဲ ?? မိထွေးကပါလာတဲ့သားမို့ မင်းငါ့ကို မုန်းတယ်မလား ရတယ် ငါနားလည်တယ် ... ဒါပေ့မဲ့ အောက်တန်းကျတဲ့နည်းနဲ့ မစော်ကားနဲ့ .. ရှေ့ဆက်ငါသည်းခံမှာ မဟုတ်တော့ဘူး "

အောက်တန်းကျတယ်တဲ့လား။
သူ့နှလုံးသားကို ဆူးနဲ့ ထိုးလိုက်သလိုပဲ။
ခေါင်းငိုက်စိုက်ချရင်း ခပ်တိုးတိုး‌ ပြောလိုက်မိသည်။

The Tale of JeonWhere stories live. Discover now