ရုံးပြန်တတ်တဲ့နေ့တွေမှာတော့ တွေ့နေကျ အတွင်းရေးမှူးမလေးကို မြင်ရတာ မလုံမလဲဖြစ်နေသည်။
အဲ့ဒီနေ့က ထယ်ယောင်းခေါ်လိုက်တာကို သူမကြားသွားလား။
မကြားလောက်ဘူးလား။
ဒီလောက်နီးနေတော့ ကြားမှာပဲ။
သူတို့ကို ဘယ်လိုတွေးနေလောက်လဲ။
ထယ်ယောင်းမှန်း သူမ မရိပ်မိလောက်ပါဘူးနော်။တယောက်တည်း အတွေးများနေတုန်းမှာဘဲ ထို ကောင်မလေးဝင်လာကာ သူ့အတွက် လက်မှတ်ထိုးပေးဖို့ စာရွက်တွေ လာပေးလေသည်။
သူတခုခုမေးလိုက်သင့်လား။
ထယ်ယောင်းမှန်းသိနေရင် ဘာဆက်ပြောလိုက်ရမလဲ။" ဒါရိုက်တာ !! "
" ဟင် ..! "
သူ့အတွေးတွေကို သူမခေါ်သံက ဖြတ်ပစ်လိုက်သည်။
" ဟိုနေ့ကလေ ... ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး "
" ဗျာ .. ဘာကို .. "
" ဒါရိုက်တာက ကောင်လေးရှိနေတယ်ဆိုတာ "
သေရော။
ကြားသွားတာပဲ။" ရုပ်ကို မမြင်ရပေ့မဲ့ ကြည့်ကောင်းတဲ့သူ ဖြစ်မှာသေချာပါတယ် ... ကျွန်မ တခြားသူတွေကို လျှောက်မပြောမှာမို့ စိတ်မပူပါနဲ့ "
ပြုံးစိစိနဲ့ ပြောပြီးထွက်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး သူဘာပြောရမှန်းမသိ။
နေပါအုံး...
ဒါဆို သူက ထယ်ယောင်းမှန်း သိတာလား မသိတာလား။
ဘာလို့ စကားကို ရှင်းရှင်းမပြောတတ်ရတာလဲ။စိတ်တွေရှုပ်လာပြီ ။
ယောင်းကို ဖုန်းခေါ်တာပဲကောင်းတယ်။" အသဲ .. ဘာလုပ်နေလဲ "
" ခဏနားနေတာ ..ပြီးရင် ရိုက်ကွင်းပြန်စရမယ် မောင်ရော "
ထယ်ယောင်းက စိတ်လိုလက်ရ ရှိတဲ့အခါမျိုးဆို သူ့ကို မောင်လို့ ခေါ်တတ်သည်။
ကြည့်ရတာ စိတ်ကြည်နေပုံရတယ်။" ယောင်းကို လွမ်းနေတာ "
" အဲ့လိုတွေ မပြောစမ်းနဲ့ ... ငါအလုပ်ကို စိတ်မပါတော့ဘဲ မင်းဆီပဲ အာရုံရောက်မိနေမယ် "
" ကောင်းတာပေါ့ တနေကုန် မောင့် အကြောင်းပဲတွေးနေနော် "
" အင်း ရိုက်ကွင်း ပြန်စတော့မယ် ... ဘိုင့်ဘိုင့် မောင် .. ချစ်တယ် "