ရိပေါ်အသိုက်လေးထဲ နေချင်တယ်။
အစာတွေသယ်လာမဲ့ မိဘတွေကို
နားဆူအောင်တောင်းတဲ့ ငှက်ရုပ်ဆိုးလေးပဲ
ဖြစ်ရဖြစ်ရ!!############
"ဘယ်သွားနေတာလဲ ၀မ်ရိပေါ်!"ဖိနပ်ကိုသာ အာရုံစိုက်ချွတ်နေပြီး စကားပြန်
မလာတဲ့ ရိပေါ်ကြောင့်ဝမ်ချီးရန်ခြေလှမ်းတို့က
အနားရောက်လာတယ်။ည၁၁နာရီဆိုတဲ့အချိန်က
အိမ်ပြန်နောက်ကျတဲ့အထက်တန်းကျောင်းသား
တစ်ယောက်ကို စိတ်ပူသင့်တယ်ဆိုပေမဲ့
ရိပေါ် သဘောမကျဘူး။"၀မ်ရိပေါ်။ပါးပါးမေးနေတယ်လေ!"
"ဘာမေးလိုက်တာလဲ"
"ဘယ်သွားနေလို့ အိမ်ပြန်နောက်ကျနေတာလဲ။
နာရီကိုကြည့်အုံး။ည ၁၁နာရီရှိနေပြီ။""ည၁၁နာရီ?ထူးဆန်းလို့လား""
"၀မ်ရိပေါ်။မရွဲ့နဲ့။ဘာလို့ အိမ်ပြန်နောက်ကျလဲ
ပါးပါးကိုဖြေ""၀မ်ချီးရန်ရာ။ခင်ဗျားအိမ်ပြန်နောက်မကျဘူးတဲ့
လူတစ်ယောက်လိုပုံစံဖမ်းမနေပါနဲ့။""၀မ်ရိပေါ်!!!"
"စိတ်လည်း ပူမနေနဲ့။ခင်ဗျားနဲ့ မလိုက်ဘူး"
အိမ်ပေါ်တက်ဖို့ ပြင်လိုက်တဲ့ရိပေါ်လက်တွေကို
ဝမ်ချီးရန်တစ်ယောက် ဖမ်းဆုပ်လာတယ်။
အကြည့်စူးစူးနဲ့ သားတစ်ယောက်ရဲ့ မျက်ဝန်း
တွေက သူ့ရင်ဘတ်ကို ခဏခဏ စူးလွန်းလို့။"ပါးပါးကို စိတ်ဆိုးရင်တောင် ကိုယ့်ဘ၀ကို
နစ်မွန်းအောင်မလုပ်ပါနဲ့လား!"ဒါဟာ အကြံပေးခြင်းတစ်မျိုးလို့ ရိပေါ်တွေးလိုက်
ရင် ၀မ်ချီးရန်သွေးသားက အဖေ့တိုင်းစီးပွားရေး
ဆန်လွန်းတယ် ဖြစ်သွားမလား။ဆုံးမတယ်လို့
ခေါင်းစဉ်တပ်ရအောင်လည်း ရိပေါ်ဘက်က
လေးလေးစားစားမရှိခဲ့လေတော့ ..."ကျွန်တော့်ဘ၀ ကျွန်တော်ပိုင်ပါတယ်။ဝမ်ချီးရန်
နဲ့ မဆိုင်ဘူးထင်တယ်""ဒါပေမဲ့..."
"ကျွန်တော်နားချင်ပြီ!"
ဆုပ်ကိုင်ခံထားရတဲ့ လက်ဖျံက လက်တစ်ဖက်ကို
ဆွဲဖြုတ်ပြီး အိမ်ပေါ်တက်ဖို့ပြင်လိုက်ပေမဲ့
မုန်းစရာကောင်းအောင်ဝမ်ချီးရန်ရဲ့စကားအလျင်
တို့ဟာ မပျက်မဆဲ...
YOU ARE READING
You Belong To Him{Completed}
Fanfictionရုပ်ချင်းဆင်သလောက် အကျင့်စရိုက်တွေ ကွဲပြားတဲ့ အမွှာညီအစ်ကိုလေးကြား ကျောင်းဆရာ ရှောင်းကျန့်လေးရဲ့ နှလုံးသား ကြားညှပ်သွားသောအခါ... ရုပ်ချင်းဆင်သလောက် အကျင့်စရိုက်တွေ ကွဲပြားတဲ့ အမွှာညီအစ်ကိုလေးကြား ကျောင်းဆရာ ရှောင်းကျန့်လေးရဲ့ နှလုံးသား ကြားညှပ်သွားသေ...