Real or Not!

3.8K 677 69
                                    

မေတ္တာစစ်တဲ့...
ခင်ဗျားဘာနဲ့ တိုင်းတာလည်းမေးတဲ့အခါ
ကျွန်တော့ကို လူကပ်ကောင်လို့
ဘွဲ့ထပ်ပေးအုံးမှာ မြင်ယောင်သေး....

#############

"ကောင်းတယ်!!သိပ်ကောင်းတယ်။မင်းလို
ဉာဏ်ကြီးရှင်တစ်ယောက် ဖန်တီးလိုက်တဲ့ကိစ္စက
သိပ်ကိုထိရောက်ပြီးကောင်းတယ် ၀မ်ရိပေါ်!!"

ရွဲ့စောင်းပြောနေမှန်းသိသာလွန်းတဲ့ဝမ်ချီးရန်
ရဲ့စကားတွေကို ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲလို့
Phoneကြည့်နေတဲ့ဝမ်ရိပေါ်။ပါးစပ်ထဲက
ဝါးလက်စပီကေလေးက အရသာမဲ့နေပေမဲ့
အဖော်မဲ့ကြီးမဖြစ်ချင်လို့ ထွေးမထုတ်ဘဲ ဆက်ဝါး
နေလိုက်တယ်။

"ကောင်းတယ်ဆိုတော့လည်း ၀မ်းသာပါတယ်။
ဝမ်ချီးရန်လည်း ဂုဏ်ယူလိုက်ပေါ့!"

"၀မ်ရိပေါ်!မင်း ပြောလေကဲလေကောင်ပါလား။
ရှောင်းကျန့်ကို နည်းနည်းလေးမှ အားနာစိတ်
မ၀င်ဘူးလား။မင်းအပေါ်ထားခဲ့တဲ့ သူ့စေတနာ
တွေကို အဲ့လိုနည်းနဲ့ အသိမှတ်ပြုလိုက်တာလား"

Phoneကိုပိတ်ချလိုက်တဲ့ရိပေါ်က ဆိုဖာပေါ်
ပုံမှန်ပြန်ထိုင်လို့ ၀မ်ချီးရန်ကို စေ့စေ့ကြည့်လာ
တယ်။စူးရှတဲ့မျက်ဝန်းတစ်စုံမှာတော့ နာကြည်း
ရိပ်တွေနှင့်။

"ဟုတ်တယ်။ကျွန်တော်အခု လိမ်ညာပြီးထွက်ဆို
လိုက်လို့ ရှောင်သူဋ္ဌေးကြီးရဲ့သားက ထောင်မကျ
ဘူးဆိုတာ ပါးပါးမသိချင်ယောင်ဆောင်နေတာလား"

"မင်း!ရှောင်းကျန့်က Xiaoမျိုးဆက်ဆိုတာ
ဘယ်လိုသိတာလဲ?"

သွေးပျက်နေတဲ့ ၀မ်ချီးရန်ပုံစံက ရိပေါ်ကို
အူနှိပ်ရယ်ဖို့လုံလောက်စေပေမဲ့ သူမရယ်နိုင်ဘူး။
မုန်းစရာကောင်းတဲ့ လေးလေးပင်ပင်
ခံစားချက်ကြီးနဲ့ သူ့နှလုံးသားက ခဲဆွဲထားသလို
ထိုင်းထိုင်းမှိုင်းမှိုင်း။

"အခုပြောချင်တာ ပြောလို့ဝသွားရင် ကျွန်တော်
နားလို့ရပြီမလား"

ထထွက်သွားတဲ့ရိပေါ်နောက်ကျောကို ၀မ်ချီးရန်
တွေဝေစွာသာ လှမ်းကြည့်နေနိုင်တော့တယ်။

ဒီကလေးကိုပြုပြင်ဖို့ ဘယ်အရာတွေကများ
အတားအဆီးအဖြစ် ရှိနေခဲ့တာပါလိမ့်။

You Belong To Him{Completed}Where stories live. Discover now