ဒီတစ်ခါ သာသာရေးမှာကတော့လေ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် LDRSလေးတွေအကြောင်းရေချင်ပါတယ်။LDRSဆိုတာနဲ့ LGBTလူငယ်တွေ တော်တော်များများ ကြုံတွေ့ဖူးကြမှာပါ Onlineပေါ်မှာဘဲ အရမ်းချစ်ကြပြီး အပြင်မှာတွေ့ဆုံလို့မရသေးတာမျိုးပေါ့။အပြင်မှာ ချစ်သူဖြစ်တဲ့coupleတွေအကြောင်းဘဲ ရေးနေကြတာများတော့LDRSလေးတွေရဲ့ ခံစားချက်တွေ အခက်အခဲတွေကိုလဲ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။LDRS LDRSနဲ့သာ ခေါ်ဝေါ်နေကြပေမယ့် သူတို့လေးတွေရဲ့ အချစ်ရေးစိတ်ခံစားချက်က ပိုခက်ခဲပါတယ်။သူတို့လဲ သာသာပြောရဲပါတယ် နေ့ရက်တိုင်း နေ့ရက်တိုင်း တစ်နေ့နေ့တော့ ဆုံရမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးနဲ့ ရှင်သန်နေကြတာပါ။တစ်ခါလောက်တော့ ကိုယ်ချစ်တဲ့သူ မြတ်နိုးတဲ့သူကို အပြင်မှာ မြင်ဖူးချင် သူနဲ့တူတူ နှစ်ယောက်တစ်ကမ္ဘာလေး လျှောက်လည်ချင်ကြမှာဘဲလေ သာသာကိုယ်တိုင်လဲ LDRSဖြစ်တာကြောင့် အဲ့ခံစားချက်တွေနဲ့မလွတ်ကင်းခဲ့ပါဘူး။အဲ့ကြောင့်ficတော်တော်များများက အပြင်တွေ့နေမြင်နေကြ အတွဲလေးတွေထက် အသက်ထက်ပိုပီး ရည်ရွယ်ချက်တွေများစွာနဲ့ အချစ်ရေးကို လျှောက်လှမ်းနေကြတဲ့LDRSလေးတွေအကြောင်းလဲ အများသိစေချင်တဲ့သဘောပါ။Onlineပေါ်က အချစ်ဆို ပေါ့ပေါ့တန်တန်ထင်နေကြတဲ့ လူငယ်တွေကြားမှာလည်း onlineကနေ ချစ်ကြိုးသွယ်မိတဲ့ အတွဲလေးတွေရဲ့ စိတ်ခံစားချက်တွေ အချစ်ရေးခက်ခဲပုံတွေကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။
"ငါ့ချစ်သူကငါ့ကိုအရမ်းချစ်တာ " ဘဲလို့ မိတ်ဆွေတွေရှေ့ပြောရင်
" အပိုတွေပါ တွေ့မှမတွေ့ရတာPhထဲမှာပြောတာဘဲ ဟန်ဆောင်ပြောနေတာဖြစ်ချင်ဖြစ်မှာပေါ့ " လို့ အပြောခံဖူးကြမယ်ထင်ပါတယ်။ဒါပေမယ့် သူတို့လေးတွေအပြင်မာမတွေ့ဖူးတာမှန်ပါတယ် ဒါပေမယ့် သူတို့ရဲ့အချစ်တွေကစစ်မှန်နေရင် စိတ်တူကိုယ်တူနဲ့နှလုံးသားချင်းနီးစပ်နေပါလိမ့်မယ်။အပြင်တစ်နေရာရာသွားရင်လည်း အတွဲလေးတွေတွေ့ရင် သူတို့တွေးပြီး မျက်ရည်ကျရလောက်တဲ့အထိ အားကျတဲ့အခိုက်အတန့်လေးတွေ စတဲ့ စိတ်ခံစားချက်တွေကို နားလည်သိစေချင်တဲ့စိတ်နဲ့ အတတ်နိုင်ဆုံးပုံဖော်ရေးပေးစေချင်ပါတယ်။အရေးအသားညံ့ရင်လည်း ဖြည့်စွက်ပြီး ဖတ်ပေးဖို့ သာသာတောင်းဆိုပါတယ်။တစ်ကယ်လို့ Readerလေးတို့စိတ်ဝင်စားရင် သာသာအမြန်ဆုံး ဇာတ်ကောင်လေးတွေအကြောင်းနဲ့ဇာတ်ညွှန်းပုံစံလေးကို တင်ပေးပါ့မယ်နော် အဆင်မပြေတာရှိလဲ သာသာကိုcbမာ လာပြောနိုင် အကြံဥာဏ်ပေးစေချင်ပါတယ်။LDRSလေးတွေ ကိုယ့်ခံစားချက်လေးတွေလဲ လာရောက်ပြောပြစေချင်ပါတဟ် သာသာတစ်ယောက်ထဲခံစားချက်နဲ့ဆိုFicလေးရဲ့ အရောင်အသွေးမဆုံမှာဆိုးလို့ readerလေးတို့ကလည်း တစ်ပိုင်းတစ်စ ဇာတ်လမ်းလေးကိုပုံဖော်ပြီးအတူတူ ပါဝင်စေချင်ပါတယ်။အတတ်နိုင်ဆုံးအဆင်ပြေအောင်လုပ်ပေးစေချင်တာမို့ fontမတူလို့ဖတ်မရလဲပြောပါနော် သာသာuni_zgနှစ်မျိုးလုံးနဲ့တင်ပေးပါမယ်🥰🥰🥰😊😊 အားပေးမယ့်သူအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်
#thaewadi