Unicode
" Taehyung လမ်းလျှောက်နေတာမှ ဟုတ်ရဲ့လား "
Jimin ကအပြေးလေးလိုက်လာရင်းအော်လိုက်မှ သတိရကာ အရှိန်လျှော့လိုက်သည်၊၊
" Sorry ကွာ ငါစိတ်လောနေလို့"
Jimin ဘာမှမပြောပဲ ဘေးကလျှောက်ရင်း ပတ်ဝန်းကျင်ကို ဟိုကြည့် ဒီကြည့် ၊၊
" Taehyung.. ဟိုမှာHoseok hyung "
Taehyung ခေါင်းညိမ့်ပြပြီး Hoseok ထံထွက်ခဲ့လိုက်သည်၊၊ Jimin ကိုမလိုက်ခဲ့ဖို့ပြောပြီးသား.. စုရပ်မှာစောင့်နေလိမ့်မယ်၊၊
" အတန်းမရှိဘူးလား Hyung "
တော်ရုံအခန်းအပြင်မထွက်တတ်တဲ့ Hyung မို့ သူရှေ့မှာဝင်ထိုင်ရင်းမေးလိုက်သည်၊၊ နှုတ်ဆိတ်လွန်းတဲ့ Hoseok hyung ကခေါင်းသာခါပြသည်၊၊
" Namjoon hyung တို့ရော?"
စာသင်ခန်းတွေကို လက်ညိုးညွှန်ပြပြီး သူ့စာအုပ်ကိုပဲအသည်းအသန်ဖတ်နေလေရဲ့၊၊ ချစ်တယ် hyung.. နည်းနည်းဖြစ်ဖြစ် အသိအမှတ်ပြုပေးပါ၊၊
" Hyung"
ဖတ်နေတဲ့စာအုပ်လှမ်းဆွဲရင်းခေါ်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ၊၊
" Hyung ကိုချစ်တယ်လို့ပြောခဲ့တာကြာပြီနော်..
ကျွန်တော့်ကို အဖြေပြန်ပြောဖို့ သင့်ပြီလားလို့.."" မိတ်ဆွေ သူငယ်ချင်း လို ညီအစ်ကိုတွေလို ပဲနေကြရအောင် Taehyung.. ငါဘာမှအဆင်သင့်မဖြစ်သေးဘူး"
" လက်ထပ်ဖို့ပြောတာကျနေတာပဲ.. ဒီတိုင်းချစ်လားမေးတာကို...
Hyung ကျွန်တော့်ကိုချစ်လားလို့... "" ဟင့်အင်း... ငါ မင်းကိုမချစ်ဘူး Taehyung..."
ချက်ချင်းပြန်ငြင်းလိုက်တဲ့ Hoseok ကို Taehyung အံ့သြတကြီးကြည့်နေမိသည်၊၊ ဘယ်လောက်များကြောင် အ သွားလည်းဆို Hoseok ထထွက်သွားတာကို မတားလိုက်မိတဲ့အဖြစ်၊၊ ကိုယ့်ကို ချစ်တယ်လို့ သေချာယုံကြည်နေခဲ့တော့ ကမ္ဘာပျက်နေသလို...
" Taehyung.. Taehyung.. ဟျောင့်"
Jimin ရှေ့တည့်တည့်ကနေ ပခုံးကိုင်လှုပ်တော့မှ Taehyung စိတ်နဲ့လူပြန်ကပ်သွားတယ်... သူ ဒီကိုဘယ်လိုရောက်လာပါလိမ့်..