“ရေစီးကြောင်းလေး” (Short Note) – Intro
မင်္ဂလာပါခင်ဗျာ… Y ရဲ့ ဖန်တီးမှုလေးတွေကို ရပ်တန့်ခဲ့တာ “သစ်ပင်လေးတွေ ရှင်သန်စေ” ကို မိတ်ဆက်ခဲ့တဲ့ 2017 တည်းကဆို 3နှစ်ရှိပြီ… 3နှစ်အတွင်းမှာ လက်ရာသစ်တွေအတွက် Y ပေးနိုင်တဲ့ အချိန် အရမ်းနည်းခဲ့တော့ စာရေးတာကို Y နားထားလိုက်တယ်ပေါ့နော်... နေ့စဉ်ဘ၀မှာလည်း လှုပ်ရှားကူးခတ်နေရင်းနဲ့ပဲ 2020 ကို ရောက်လာခဲ့တယ်... စာပြန်ရေးဖို့ အားပေးစကားတွေကြောင့် ခွန်အားတွေ ရပေမယ့် တစ်ဖက်မှာလည်း Y ပေးနိုင်တဲ့ အချိန်က အရမ်းနည်းနေတော့ စာဖတ်သူတွေ စိတ်ကျေနပ်မှု အကျိုးတစ်စုံတစ်ရာရရှိမှု မရှိမှာလည်း Y က စိုးရိမ်ပြီး ပစ်ကို ပစ်ချထားတယ်ပေါ့နော်...
Covid 1st wave စဖြစ်တော့ Y ရဲ့ စီးပွားရေးတစ်ချို့ ရပ်တန့်ထားရတယ်… ၀င်ငွေတော့ အခက်အခဲ ဖြစ်ပေမယ့် တစ်ဖက်မှာ Wattpad က နူးညံ့မှုတွေကို Y အများကြီး စီးမျောမိတယ်… Y ရဲ့ လက်ရာလေးတွေကိုလည်း အားပေးနေဆဲဆိုတာ မြင်ရတော့ Energy တွေရပြီး “ရေစီးကြောင်းလေး” ဆိုတဲ့ Short Note Style ကို Y တည်ဆောက်ဖြစ်တယ်… “သစ်ပင်လေးတွေ ရှင်သန်စေ” လိုမျိုး အကြီးကြီး ထပ်လုပ်ချင်ပေမယ့် အချိန်တော့ လိုအပ်ဦးမှာမို့ ကနဦး Short Note Style လေးကို Y မိတ်ဆက်ဖြစ်တယ်...
”ရေစီးကြောင်းလေး" ကို Y တည်ဆောက်ထားပုံလေး Y ရှင်းပြချင်ပါတယ်… အလိုပြည့်တဲ့ ချစ်ခြင်းတွေနဲ့ တစ်ဦးကို တစ်ဦး နားလည် ယုံကြည် လေးစား သည်းခံ ခွင့်လွှတ်ပြီး လိုရင်းရောက်တဲ့ ဖြစ်တည်မှုတွေနဲ့ ဘ၀ဒိုင်ယာရီ ကို ရေးသားနေတဲ့ လူနှစ်ဦးအကြောင်းပါ… ထူးခြားချက် တစ်ခုက ဒီလက်ရာလေးမှာ ဇာတ်ကောင် နာမည်တွေ ပါဝင်မှာ မဟုတ်သလို စကားပြော Dialogue တွေလည်း မပါဝင်ပါဘူး... တစိမ့်စိမ့် ပြန်တွေးရင်း ရေးတဲ့ Diary သဘောမျိုးလေး Y တည်ဆောက်ထားပါတယ်... ဇာတ်သိမ်းမရှိတဲ့ On going တစ်ပုဒ်လို Y သွားဖြစ်ဖို့များတယ်... ဇာတ်လမ်းမဟုတ်တော့ ဇာတ်သိမ်းဖို့ခက်တယ်လေရော်...
သူတို့လေးတွေရဲ့ တစိမ့်စိမ့် ပြန်တွေးရင်းရေးတဲ့ Diary လေးကို စာဖတ်သူတွေ ဖတ်ရင်း သူတို့ရဲ့ Physical နဲ့ Mental ကို လွတ်လပ်စွာ ပုံဖော်နိုင်အောင်လို့ ဇာတ်ကောင်တွေကို အလုံးလိုက် အထည်လိုက် မချပြဘဲ ဖွက်ထားတာပါနော်... Y လက်ရာ အသစ်လေးကို အားပေးစီးမျောပါဦးလို့...
အလိုပြည့်တဲ့ ချစ်ခြင်းတွေနဲ့ ကမ္ဘာမြေကြီး အမြန်နေကောင်းပါစေ…
Khit Shan Lynn @ Y
YOU ARE READING
ရေစီးကြောင်းလေး (ရေစီးကြောင်းလေး)
Romanceနားလည် လေးစား သည်းခံ ယုံကြည် ခွင့်လွှတ်မှုတွေနဲ့ ချစ်ခြင်း နားလည် လေးစား သည်းခံ ယုံကြည် ခွင့်လွှတ်မှုတွေနဲ့ ချစ်ခြင်း