Part 3

77 6 12
                                    

“ရေစီးကြောင်းလေး”… (Short Note)
 
Part III
 
သူဝင်ထိုင်လိုက်သည့်နေရာက ကိုယ်လုပ်လက်စရှိနေသည့် နေရာကို ကောင်းစွာမြင်ရသည့် အနေအထား… အိုးရ်… ကိုယ်ရူးလိမ့်မယ်…
 
ဒူးနှစ်ဖက်ကို အနည်းငယ်ကားကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး သူ့ အုန်းသီး ကို ထုတ်ကာ သုံးနေသည့် ပုံက စိတ်မခိုင်ချင်စရာ… ဖြူဝင်းကာ ကြွက်သားစိုင်တို့ရှိနေသော သူ့လက်ဖျံက Trofish ကျားသစ်ကွက် က တစ်ချက်တစ်ချက် လက်ခနဲ… မဖြစ်ချေဘူး… ကိုယ် မြန်မြန် လက်စသိမ်းမှ… ကိုယ်သိတာပေါ့… ကိုယ့် ကို သူ့ကားပေါ်မြန်မြန် တက်လာအောင် အသံတိတ် စစ်ဗျူဟာ ခင်းနေတယ်ဆိုတာ…
 
Customer Area ဖက်ကို ကျောပေးထားသည့် Centre Table မှာ လိုအပ်တာလေးတွေကို ကိုယ်တိုင် ဖြည့်စွက်ပေးရင်း Aircon လေအေးနေသည့်တိုင် ချွေးအနည်းငယ်ပြန်လာတော့သည်... မွေးရာပါ အသိစိတ်ကြောင့် ကိုယ်ချွေးပြန်လာသည်မှာ တစ်စုံတစ်ဦးမှ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်မှန်း ပြေးကြည့်စရာမလို... သူ ပဲဖြစ်ရမည်... သူဆိုသည်မှာ တွဲယှက်လာသည့် နှစ်တွေကြာသည့်တိုင် အခုလိုမျိုး မြတ်နိုးစွာကြည့်နေတတ်သည်...
 
ကိုယ် ကလည်း ခေသူတော့မဟုတ်… 3ထိပ်စီးနားကပ်လာသည့်တိုင်အောင် တစ်ခါတစ်လေ စပ်ကော့လက်ကော့ အကျင့်လေးက ရှိသေး… ကိုယ် ကျောပေးထားတာကို သူကြည့်နေတာ သိတော့ တမင်တကာ ပုဆိုးစလေးကို ပေါင်ဘေးကနေ ရှေ့ကို အနည်းငယ်ဆွဲလိုက်သည်… တစ်နည်းပြောရလျှင် ကိုယ့် တင်ပါးလေးကို ပိုမောက်သွားအောင် ပုဆိုးစကို ဆွဲတင်းလိုက်သည့် ဗျူဟာ…
 
Centre Table ကနေ လှည့်လာပြီး Counter တစ်ခုရဲ့ Desktop ကို ကြည့်တာ Counter Man လေးကို ကိုယ် ဆရာလုပ်လိုက်သေးသည်… Customer တစ်ဦး၏ နှုတ်ဆက်လာမှုကိုလည်း ကိုယ် နှစ်လိုစွာ တုန့်ပြန်ရင်း သူ ထိုင်နေသည့် နေရာကို အသာဝဲကြည့်လိုက်တော့ အုန်းသီး Midnight Green ကြီးဖြင့် VC ပြောနေတော့သည်... သေချာပါသည်... အသည်းကျော်လေးတွေနဲ့ တီတီတာတာလုပ်နေတယ်ဆိုတာ... ကိုယ် ကြည်နူးရပါသည် မြင်ကွင်းလေးက…
 
Supervisor မှ မြည်လာသော ကိုယ့် Samsung Note 9 ခရမ်းရောင်လေးကို လာပေးတော့ ကိုယ် ဖြေကြားလိုက်ချိန်မှာပဲ Branch တံခါးကြီးက Alarm သံနှင့်အတူ မြေပြင်တစ်ဝက်ဆီကို ဖြေးဖြေးချင်း ကျလာတော့သည်… တစ်နေ့တာရဲ့ operation ချိန်ပြည့်သွားပေမယ့် Branch ထဲမှာ ရောက်နှင့်ပြီးသား Customer ကတော့ ရှိနေလျက်…
 
ပိတ်သွားတဲ့ တံခါးကို သူတစ်ချက်ကြည့်ကာ ကိုယ့်ကိုလှမ်းပြုံးပြသည်… အများအမြင်မှာတော့ လှမ်းပြုံးပြတယ်ပေါ့… တကယ်တော့ မျက်လုံးချင်း စကားပြောတာ… လက်စသတ်ဆိုသည့် သဘော… ကိုယ် လည်း ရှက်ပြုံးလေးပြုံးပြလိုက်ပြီး ဖြေလက်စဖုန်းကို ဖြေရင်း Mac လေးဆီကိုသွားပြီး လက်ရှိအခြေအနေလေးကို မှန်းခြေစစ်လိုက်သည်...
 
ကိုယ့် အနားကို ရောက်လာသည့် BM နှင့် ABM တို့ကို လိုအပ်တာလေးမှာပြီး ကိုယ့် ပစ္စည်းလေးတွေနှင့် Mac ကို ကျောပိုးအိတ်ထဲထည့်ကာ နှုတ်ဆက်လိုက်တော့သည်… Department ၀င်ပေါက်နားမှာ သူကတော့ မတ်တပ်ရပ်ကာ Stand by အနေအထား… သူ့ကို အရိုအသေပေး နှုတ်ဆက်နေတဲ့ သူတွေကို သူအသိအမှတ်ပြုရင်း သူ့ဘယ်ဖက်နား ရောက်လာသည့် ကိုယ့် ခါးလေးကို အနောက်ကနေ မထိမထိ ဖက်ထားသည့် သဘော… ဒါကလည်း သူ့စောင့်ထိန်းမှု… ကုတင်ပေါ်မှာသာ သူ ကိုယ့်ကို သိမ်းပိုက်ချင်ပိုက်မယ်… လူအများရှေ့မှာတော့ သိသာသိစေ မမြင်စေနှင့်ဆိုသလို ခါးဖက်ကာ ကာကွယ်ပေးချင်သည်ကိုတောင် ခါးနှင့် လက်မအနည်းငယ်ခွာလျက်…
 
ကားပါကင်မှ Range Rover Velar နားရောက်တော့ သူ့ညာလက်လေးဝေ့လိုက်သည်… ဘယ်လက်ကတော့ ကိုယ့် ခါးလေးအနီးဆိုတော့ မအား… ကားဘော်ဒီထဲမှ တံခါးလက်ကိုင်လေးထွက်လာတော့ ကိုယ် ပြုံးမိသည်… သူကလည်း အပြိုင်လိုက်ပြုံးပြသည်… သူကိုယ်တိုင်ပဲ ထွက်လာသည့် တံခါးလက်ကိုင်လေးကို ဆွဲကာ တံခါးဖွင့်ပေးပြီး တံခါးအပေါ်ဘောင်လေးကိုလည်း သူ၏ သန်မာသော လက်ဖ၀ါးဖြင့် ဖိထားပေးကာ ကိုယ့် ကို Velar ပေါ်တက်စေသည်...
 
နွေးထွေးရပါသည် ကြည်နူးရပါသည်... ကိုယ် အရပ်ကလည်း သူ့ထက် အနည်းငယ်ပဲ နိမ့်တော့ ကားပေါ်တက်ရင်း ခေါင်းစောင့်မှာစိုးသဖြင့် ကာကွယ်ပေးတာ သူဘေးမှာပါတိုင်း... အသေးအဖွဲ့လေးတွေကအစ ကိုယ့် အပေါ်သီးသန့်ဖြစ်တည်မှတော့ ကိုယ် ကြွေတာ မစမ်းဘူးထင်... ကိုယ် ကားပေါ်ရောက်တော့ ကားတံခါးကို အပြင်က အသာအယာပိတ်ပေးသည်… ဒါကလည်း ကိုယ့် အကြိုက်တစ်ခု...
 
Driver seat မှာ သူ ၀င်ထိုင်ပြီး ကိုယ့် ခေါင်းအစ ခြေအဆုံး သူကြည့်သည်… ကြည့်မှာပေါ့ တစ်ခါတစ်လေ ကိုယ်က လူဆိုး… တစ်စီးလုံးမှန် မည်းနေသည်ကို အကြောင်းပြကာ ခါးပတ် မပတ်ချင်သည့် အကျင့်ဆိုး… မပတ်ထားလျှင် သူက ပတ်ပေးမှာ ကိုယ် သိသည်လေ… ကိုယ် ကလေ ပလီပလာပါနော်…
 
အခုလည်း ကိုယ် ခါးပတ် မပတ်ထားဘူး… သူ ကိုယ့် ကိုကြည့်ပြီး ကိုယ့် ဘေးက ခါးပတ်ကို ဆွဲထုတ်တော့ ကိုင်းလာသည့် သူ့မျက်နှာက ကိုယ်နဲ့ နီးကပ်ကပ်… ခါးပတ်ကို ဆွဲပြီး ပတ်ပေးလိုက်ချင်မှာ ကိုယ် ရလိုက်သည့် ဆွဲဆောင်မှုရှိသည့် ပုရိသ ရနံ့နှင့် အနည်းငယ်ကျန်နေသေးသည့် စီးကရက် အနံ့… သူ့ ကိုယ်သင်းနံ့ အရောအနှောလေးကို ကိုယ် ခိုးရှိုက်မိတော့ ကိုယ့် ပါးလေးကို အမြန် သူ့နှုတ်ခမ်းလေးနဲ့ထိကာ နားရွက်လေးနားကို လာပြီး တိုးတိုးလေး…
 
ဓားနဲ့ထိုးမှ သေတတ်တာမဟုတ်… ရင်ခုန်သံမြန်အောင်လုပ်တာကလည်း သတ်နည်းတစ်မျိုးပဲနော်… နား နားကပ်ကာ တိုးတိုးလေးကပ်ကာ လက်ညိုးတစ်ချောင်းထောင်ပြတော့ သူ တစ်လိပ်သောက်ထားတယ်ဆိုတဲ့ သဘော… လိမ္မာလိုက်တဲ့ ထိုယောကျာ်းကို ကိုယ် ကလိလိုက်ပုံက… သူ့ ပြုံးနေသည့် မျက်နှာချောချောကို ကိုယ့် လက်နှစ်ဖက်ဖြင့် ဆွဲယူကာ သူ့နှုတ်ခမ်းကို ကိုယ့်နှုတ်ခမ်းနှင့် ထပ်တူကျလိုက်ပြီး ကိုယ် ဘာမှ မလုပ်ခဲ့သလို ခေါင်းမှီကို မှီကာ ထွက်လို့ရပြီလို့ပြောလိုက်သည်…
 
သူကလည်း ပရိုပါ… နှုတ်ခမ်းချင်းအမြန်ခွာလိုက်သည့် ကိုယ့် ကို သူ မျက်လုံးချင်းစကားပြောကာ Push Start Button လေးကို နှိပ်ပြီး Rotary Gear လေးကို D ကို လှည့်လိုက်ကာ ဖြေးဖြေးချင်း Velar ကို လမ်းမပေါ်တင်လိုက်သည်... ဖြူသွယ်သောလက်လေးက Velar စတီယာတိုင်ပေါ်မှာ ခန့်ညားစွာ... တစ်ချက်ချက် Trofish နာရီလေးက လက်ခနဲ...
 
ကားထဲက Climate Control ကိုလည်း သူက ကိုယ် ချိန်စရာမလို အလိုက်သိစွာ ချိန်ပေးထားတော့ ကိုယ် လုပ်စရာရှိတာက Arm Rest မှာ မေးလေးထောက်ပြီး သူ့ကို ငေးနေရုံ… မေးထောက်ထားသည့် ကိုယ့် လက်လေးကို သူ အသာဆွဲကာ အနမ်းလေးပေးပြီး ကိုယ့်လက်ကို ဆုပ်ကိုင်ပြီး ကိုယ့် လက်ချောင်းလေးတွေကို Touch screen ကို ထိစေလိုက်သည်…
 
Screen တစ်ခုကို ခိုင်းစေနေတာက လူနှစ်ယောက်… တစ်ယောက်က တစ်ယောက် လက်ကိုကိုင်ကာ ထိစေခြင်း… Dual Touch ပေါ့... သူက ကိုယ့် လက်ထိပ်လေးကို Music ထဲက Playlist ထဲထိစေကာ ပွင့်သွားစေသည်က “All I Ever Need"... မျက်လုံးချင်း စကားပြောတာထက် ကဲ ကာ လှုပ်ရှားမှုကိုပါ ထပ်တူကျစေတာ ကိုယ်တွေအတွဲ...
 
Traffic မှာရပ်နေတော့ သူပြောတာနဲ့ မေးတာကို နားထောင်ပြီး ကိုယ် ဖြေလိုက်တော့ သူ့ ဦးတည်ရာက ကိုယ်သွားချင်တဲ့ နေရာ… AD ကိုကျော်တော့ Left Signal ရိုက်ကာ  သူ အပေါ်ဆုံးယာဉ်ကြောကို ပြောင်းလိုက်သည်… Shwe HninThar Condo ရှေ့ရောက်တော့ အနည်းငယ် တုန်သွားသည့် ကိုယ့်လက်လေးကို သူ ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ပေးသည်... ကိုယ် လက်မခံချင်ခဲ့သည့် အရာက ကိုယ်နဲ့ စိမ်းသက်နေဆဲ... Condo ကိုကျော်တော့ U turn ပေးထားသည့် စည်းထိပ်မှာ သူရပ်လိုက်ကာ မျက်ရည်ဝဲနေသည့် ကိုယ့် မျက်လုံးတွေကို ကိုယ့် မျက်မှန်ဆွဲချွတ်ကာ အနမ်းလေးပေးသည်...
 
နွေးထွေးရပါသည်… လုံခြုံရပါသည်… အစားထိုးခြင်းတော့ မဟုတ်ပါ… ဖြတ်သန်းနေရုံသာ… သူ့လက်ထဲကို သွားလေသောသူ ကိုယ်တိုင် နှစ်လိုဖွယ် ထည့်ပေးခဲ့ခြင်း… ပွိုင့်စိမ်းတော့ 6မိုင်ခွဲ Marketplace ကားပါကင်ထဲ သူ မောင်းဝင်လိုက်သည်… Lobby နှင့်နီးမည့် နေရာတွင် ကားပါကင်ကို ကျွမ်းကျင်စွာ ထိုးလိုက်သည်… ဒါကလည်း သူ၏ ဆွဲဆောင်မှုတစ်ခု…
 
ကိုယ် ဆို 3ခါလောက် ရှေ့တိုးနောက်ဆုတ်မှ တစ်ခါလောက် တည့်တည့်ဝင်သည့် Velar… တစ်ခါတစ်လေ Auto Parking Mode သုံးလိုက်ရသည့် Velar ကို သူကတော့ တစ်ချက်တည်း… စက်သတ်လိုက်ပြီး သူကားရှေ့က ပတ်လာကာ ကိုယ့် ကို တံခါးလာဖွင့်ပေးပြန်သည်… ကားတံခါး သူပိတ်ကာ Lock ချလိုက်တော့ ဘောင်ထဲ ၀င်သွားသည့် တံခါးလိုက်ကိုင်လေးကို ကိုယ် ပြုံးကြည့်နေတာကို သူက Snap ယူလိုက်သေးသည်… ဟူး… ရူးမယ် ရူးမယ်… ဘယ်သူ့ကြောင့်… သူ့ကြောင့်
 
ဆက်ရန်…
 
 

ရေစီးကြောင်းလေး (ရေစီးကြောင်းလေး)Where stories live. Discover now