အနိုင်ကျင့်ခြင်းအနုပညာ part 2

240 7 0
                                    

ပိုင်ဝူရှန့်ကို သွားချော့ရမည်မှာ ရှဲ့လျန်၏တာဝန်သာဖြစ်သည်ဟု ရှဲ့လျန်လည်းခံစားမိသည်။
သူ့အားခြေထောက်နှင့်ကန်ရမည့်အခန်းအား ဒီနေ့ပြီးအောင်ရိုက်ရန်လည်းလိုသေး၏။
ထို့နောက်စိတ်ဆုံးဖြတ်လိုက်ချေပြီ.......
ပိုင်ဝူရှန့်သည် လူအလာ မများသည့်နေရာ၌ရှိရမည်။ဧကန်ပင် ရိုက်ကူးရေးလုပ်နေသည့်ခြံနောက်
တွင်ရှိသော ချောင်ငယ်လေးနဘေးတွင်ထိုင်ကာရေထဲသို့ ​တွေတွေကြီးငေးကြည့်နေသည်။
မျက်နှာဖုံးဝတ်ထားသော်လည်း သူစိတ်အခြေအနေမကောင်းသည်မှာအသိသာ။အတန်ငယ်ကြာသော် ချောင်ထဲမှာငါးသေများပေါ်လာပြီးရေစီးကြောင်းတစ်ဖက်သို့မျောပါသွားတော့၏။ရှဲ့လျန်သည်ဤမြင်ကွင်းကိုမြင်ပြီးနောက် ထိတ်လန်သွားရတော့အဘယ်ကြောင့်မူ ပိုင်ဝူရှန့်သည်သူ၏ဒေါသများအား ချောင်းထဲရှိငါးများအပေါ်ပုံချကာ"ငါးမျက်နှာကျောက်ရောဂါ"ကိုဖြန့်ကာချောင်းကိုကျိန်စာတိုက်နေခြင်းပေ။လူများဖမ်းယူစားသောက်သွားသောငါးများ၏မကျေချမ်းသောဝိညာဉ်များကို
အသက်ရှင်နေသောငါးများ၏ကိုယ်ထဲသို့ထည့်ပေးနေခြင်းပေ။ငါးသေများပေါ်တွင်​နောက်ထပ်ငါးမျက်နှာများ ။ဤပုံနှင့်ဆိုငါးမျိုးတုံးတော့မည်ကိုမှာအသေအချာပင်။
ရှဲ့လျန်:ခင်များ...ဘာလုပ်နေတာလဲ!!!
ပိုင်ဝူရှန့်:မြင်တဲ့အတိုင်းပဲ....ငါးမျှားနေတာ...အမှိုက်ကောင်ကငါးမျှားနေတာ မင်းမမြင်ဘူးလား!!
သူ၏အသံမှာ ဒေါသဖြစ်နေဟန် စိတ်မကောင်းဖြစ်နေဟန် မကျေမချမ်းဖြစ်နေဟန်ဆို့ဆို့နင့်နင့်ဖြင့်။ရှဲ့လျန်မှာဤသို့သာတွေးမိတော့၏....ဒီလိုပုံနဲ့ငါးမျှားနေတာတကယ့်အမှိုက်တွေပဲလုပ်တာမလား....သို့သော်ပြောချင်သည့်စကားများအားပြန်လည်မြိုချလိုက်ပြီး...ပြန်လည်ငြိမ်းချမ်းရေးယူရန်သာ အားထုတ်လိုက်၏။
ရှဲ့လျန်:ခင်များကို...အမှိုက်လို့ဘယ်သူပြောလဲ...ကျုပ်ကအနိုင်လိုချင်လို့ပြောလိုက်တာ...ဒါကြောင့်စိတ်မဆိုးနဲ့တော့ ခင်များက အမှိုက်မဟုတ်ဘူး ခင်များကအရှင့်သား..ဟုတ်ပြီလား...
ပထမတော့ပိုင်ဝူရှန့်အတွက်နားထောင်ရသည်မှာဟုတ်သလိုလိုနဲနောက်ဆုံးရောက်တော့အလွန်အမင်းဒေါသထွက်သွားတော့၏။စောစောကထက်တောင်ပို၍ဒေါသထွက်သွားသယောင်
ပိုင်ဝူရှန့်:အိမ်ရှေ့စံအရှင့်သား....မင်းငါ့ကိုအရှင့်သားလို့မခေါ်နဲ့!!!!!!!!!
ရှဲ့လျန်:ခင်များက...ဝူယုံးအိမ်ရှေ့စံလေ...အဲ့တော့ကျုပ်လိုပဲအရှင့်သားပေါ့ဘာလို့မခေါ်ရမှာလဲ။
ပိုင်ဝူရှန့်: မခေါ်နဲ့ဆိုမခေါ်နဲ့ပေါ့ အရှင့်သားရဲ့!!!!!!!!!!
ရှဲ့လျန်သည် မတရားမှုအငွေ့အသက်ခံစားလိုက်ရ၏။သူ့ကိုငါကစိတ်ကောင်းထားပြီး ပြန်လည်သင့်
မြတ်ဖို့ကြိုးစားတာလေ နောက်ပြီးအရှင့်သားမို့အရှင့်သားလို့ခေါ်တာဘာမှားတုန်းသူကြငါ့ကိုခေါ်ပြီးတော့ သူဘာဖြစ်ချင်နေတာပါလိမ့်??????
ရှဲ့လျန်:ကောင်းပြီ...ကောင်းပြီ...အရှင့်သားမဟုတ်ဘူးဆိုခင်များကဘာလဲ??(စိတ်ကုန်သောလေသံဖြင့်)
ပိုင်ဝူရှန့်:ငါ...ငါ...(ဘာပြောရမှန်းမသိ)
အတန်ငယ်ကြာပြီးနောက်....သူလက်ခံလိုက်ချေပြီ....
ပိုင်ဝူရှန့်: အမှိုက်...ငါ...ငါအမှိုက်ပဲလုပ်တော့မယ်
ရှဲ့လျန်:ဟမ်....မင်းပဲအမှိုက်မဟုတ်ဘူးဆို...
ပိုင်ဝူရှန့်:အမှိုက်ပဲကောင်းတယ်....အမှိုက်ပဲလုပ်တော့မယ်
ရှဲ့လျန်:ဒါဆိုလည်း...အမှိုက်ကောင်ရယ်ရိုက်ကွင်းပြန်လိုက်ခဲ့တော့ ခင်များနဲ့ကျုပ်နဲ့အခန်းကဒီနေ့ပြီးအောင်ရိုက်ရမယ်လို့ ဒါရိုက်တာကြီးကပြောတယ် အလုပ်ကိုနှောင့်နှေးစေတာမကောင်းဘူး။
ရိုက်ကွင်းပြီးရင်...ကျုပ်ကစန်းလန်နဲ့လျှောက်လည်ပေးရဦးမှာ...ကျုပ်ကခင်များလိုအားမနေဘူး
လာသွားမယ်...
ပိုင်ဝူရှန့်: မသွားဘူး!
ရှဲ့လျန်၏စိတ်ရှည်မှုမှာကြာရှည်မခံနိုင်တော့...ဒီကောင်ဘာဖြစ်ချင်နေတာလဲ...ငါစန်းလန်နဲ့ချိန်းထားတယ်လေ...ဒီFAကောင်ကြောင့်အပျက်မခံနိုင်ဘူး...
ထိုစဉ်....
ဟွားချန်: ကိုကို...ကျွန်တော်တို့သွားလို့ရပြီတဲ့...ရိုက်ကူးရေးသိမ်းသွားပြီ။
ရှဲ့လျန်:စန်းလန်...ဒါဆိုငါတို့နှစ်ယောက်ကရော??
ဟွားချန်:သူရောက်မလာတော့...ဒါရိုက်တာကြီးကအခန်းပြောင်းပြီးရှစ်ဝုထုသေတဲ့အခန်းကိုရိုက်လိုက် ဟိုသုံးကောင်လည်းလူစုံနေတော့
ရှဲ့လျန်သည်စိတ်သက်သာရာရသွား​တော့သည် သူခေါင်းခြောက်စရာမလိုတော့ပေ။ရှဲ့လျန်တစ်ယောက်လည်းဝမ်းသာပီတိဂွမ်းဆီထိသွားပြီ....ပိုင်ဝူရှန့်ကိုပင်သတိမရတော့
ရှဲ့လျန်:ကောင်းတယ်...ကောင်းတယ်...ဒါဆို စန်းလန်ငါတို့ဘယ်သွားကြမလဲ...
ဟွားချန်: ကိုကို...သဘောပါဗျာ...
ရှဲ့လျန်:ဒါဆို....တစ္ဆေမြို့တော်ကိုမရောက်တာကြာပြီ သွားလည်ကြအောင်
ဟွားချန်: ကောင်းပါပြီကိုကို
ဟွားလျန် အတွဲလည်းသူတို့အာရုံနဲ့သူထွက်သွားတော့သည်။ပိုင်ဝူရှန့်သည်ငါးမျှားနေစဲ သို့မဟုတ်
ငါးမျက်နှာကျောက်ရောဂါဖြန့် ​နေစဲ။သူကရုတ်တရက်ဝမ်းနည်းစွာပြောလိုက်၏။
ပိုင်ဝူရှန့်: ငါ့ဘက်မှာတစ်ယောက်မှလည်းမရှိဘူး....
ချောင်းထဲမှငါးအသေများသည်လည်းရေစုန်အတိုင်းဆင်းသွားတော့သည်....ချောင်ထဲမှငါးများလည်းမျိုးသုဉ်းသွားတော့သည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Fan short story လေးသက်သက်ပါ...အဓိကဇာတ်ကောင်တွေကိုထိခိုက်လိုတဲ့ဆန္ဒမရှိပါဘူး။TGCF ကိုတော်တော်လေးကြိုက်လို့်ပါ နောက်ပြီးပိုင်ဝူရှန့်ကသေချာတွေးကြည့်ရင်သနားဖို့ကောင်းပါတယ်.😫နောက်ပြီးငါးတွေသေချာကြည့်စားနော် နောက်ထပ်မျက်နှာတစ်ခုထပ်ပါနေရင်မစားနဲ့တော့နော်....တော်ကြာငါးမျက်နှာကျောက်ရောဂါကူးနေဦးမယ်🤣🤣🤣

ဆရာမ MXTX နှင့်အသားပေါက်ဆီတို့ရဲ့အစုံသုတ်လေးပါ...Where stories live. Discover now