အခန်း70

747 102 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၇၀ ကျိုးရဲ့ ကြန္ဂ်က္တာကို သက်သေပြခြင်း

ပရော်ဖက်ဆာ ထန်းကြောင့် အချိန်အနည်းငယ် ကြန့်ကြာပြီးသည့်နောက် လုကျိုးက ထိုလက္ခ်ာ ဟောခန်းထဲက ထွက်လာလိုက်သည်။ ထိုအခါ ကျောင်းသူအုပ်ကြီးရဲ့ ဝိုင်းတာကို ခံလိုက်ရ၏။

ကောင်းပြီ ကောင်းပြီ။ အချို့ကောင်လေးတွေလည်း ပါတယ် ဆိုပေမယ့်လို့ပေါ့။

သို့ရာတွင် ထိုကောင်လေးတွေက မိန်းကလေးအုပ်ကြီးကိုလည်း တွေ့လိုက်ရရော အတင်း မတိုးဝံ့ကြတော့ပေ။

ပါရမီရှင်လေး နင့်ရဲ့ အဆင့်မြင့် အယ်ဂျီဘရာက အရမ်းကောင်းတာပဲနော် ။အဲ့လို အရမ်းကောင်းနေဖို့ အရမ်း ခက်မယ်လို့ ငါထင်တယ်။ နင်င့ါကို သင်ပေးလို့ရမလား

အစ္ကို အစ္ကို ညီမ ကြားတာတော့ အစ္ကိုက မာစတာ ဒီဂရီတွေအထိ တက်နိုင်ဖို့အတွက် နိုင်ငံအဆင့်ပထမဆုကို ယူခဲ့တာဆို ။အဲ့ဒါ အမှန်ပဲလား။ ပြီးတော့ အစ္ကိုက အဆင့်မြင့် ပညာရေးဘဖလားကိုလည်း တကယ် ရခဲ့တာဆို

အစ္ကို နောက်နှစ် ပြိုင်ပွဲမှာရော ဝင်ပြိုင်ဦးမှာလား။ အစ္ကို အဖွဲ့ဝင်တစ်ယောက်များ မလိုဘူးလားဟင် ညီမက စာတမ်းတွေ ရေးနိုင်ပါတယ်။ ညီမ အထက်တန်းကျောင်းတုန်းက ကျပန်း စကားပြိုင်ပွဲမှာလည်း အနိုင်ရဖူးသေးတယ်

အစ္ကို ကျိုး အစ္ကို့မွာ ဝီချက် အကောင့်ရှိလား ကျွန်မကို အပ်ပေးလို့ရမလား

လုကျိုးက များစွာသော မေးခွန်းတွေနဲ့ ဝိုင်းရံ ခံရကာ ခေါင်းပင် မူးလာရသည်။

သူ အရမ်းချောတာတော့ သိပေမယ့် ဒီလောက်ကြီးတော့ စိတ်အားထက်သန်ဖို့ မလိုဘူးလို့ ထင်တာပဲ။
သူ ရှက်လာပြီ။

လူအုပ်ထဲက မနည်းလွတ်အောင် အတင်း ထိုးထွက်ပြီးသည့်နောက် လပ်တော့အိတ်ကို ဆြဲကာ စာကြည့်တိုက်သို့ သွားလိုက်သည်။
ချန်းယွီရှန်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သင်္ချာ စတင် လေ့လာနေရသည်။ ဒါက အဓိက လေ့လာရမယ့် အပိုင်းတွေဖြစ်ရာ စိတ်အားထက်သန်စွာ စိတ်နှစ်ရင်း စာလုပ်နေတော့သည်။ သူမက စာကြည့်တိုက်ကိုပင် မလာတော့လေဘဲ အဆောင်မှာသာ စာလုပ်နေခဲ့သည်။
ဒါ့အပြင် လုကျိုးကလည်း သူမနဲ့ စကားပြောဖို့ အခွင့်အရေးမရှိခဲ့ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲDonde viven las historias. Descúbrelo ahora