မွေးရာပါဝိဉာဉ်စွမ်းအင်အပြည့်ဖြင့် အသုံးမကျလေသောသိုင်းဝိဉာဉ်
(ပထမပိုင်း)လောင်ကျယ်ခယ့်မှာ ထန်စန်းအား စိတ်ရှည်ရှည်နှင့်ပင် ရှင်းပြနေသည်။ သူ၏စိတ်နှလုံးထဲ၌သတ်မှတ်ထားသည်မှာ ရွာထဲတွင်အထက်မြက်ဆုံးဉာဏ်အကောင်းဆုံးကလေးမှာ ထန်စန်းပင်ဖြစ်သည်ဟူ၍ပင်။
ထန်ဟောက်ကဲ့သို့အဖေမျိုး၌ မည်သို့မည်ပုံဖြင့် ယခုလိုလိမ္မာရေးခြားရှိပြီးဉာဏ်ကောင်းသောကလေးတစ်ယောက်ရှိနေသနည်းဆိုသည်ကိုမူစဉ်းစား၍ပင်မရ။"မဟာဝိဉာဉ်ဝိဇ္ဇာဆိုတာ ဝိဉာဉ်ဝိဇ္ဇာတွေရဲ့ အဆင့်သတ်မှတ်ချက်နာမည်တစ်ခုပေါ့ကွယ် ဝိဉာဉ်ဝိဇ္ဇာတွေကဒီသို့လော်နယ်မြေတစ်ခွင်မှာ စိတ်သဘောထားအကြီးမြတ်ဆုံးပုဂ္ဂိုလ်ကြီးတွေပဲ သူတို့ဟာ ဩဇာတိက္ကမကြီးမားတဲ့ စစ်သည်တော်တွေဖြစ်တဲ့အပြင် ထူးချွန်တဲ့အရန်စွမ်းအားတွေကိုလည်းပိုင်ဆိုင်ကြတယ် ဒါပေမယ့်ဘယ်လိုမျိုးဝိဥာဉ်ဝိဇ္ဇာပဲဖြစ်နေပါစေ သူတို့ရဲ့အမည်သတ်မှတ်ချက်ပေါ်မူတည်ပြီး အဆင့်ကိုငယ်စဉ်ကြီးလိုက်စီထားကြတယ်"
"ဝိဉာဉ်ဝိဇ္ဇာအားလုံးမှာကိုယ်ပိုင်သိုင်းဝိဉာဉ်စွမ်းအားတွေရှိကြတယ် အဲ့ဒီ့သိုင်းဝိဉာဉ်စွမ်းအား ပြင်းထန်မှုပမာဏကိုအခြေခံပြီးမှ စုစုပေါင်းထိပ်တန်းအမည်နာမ(၁၀)မျိုးဆိုပြီးခွဲခြားထားတယ် အဲ့ဒီ့အမည်ဂုဏ်ပုဒ်တစ်ခုချင်းစီကိုမှထပ်ပြီးအဆင့်(၁၀)ဆင့်ပြန်ခွဲထားသေးတယ် ပထမဆုံးကနဦးအဆင့်ဖြတ်ကျော်ပြီးတဲ့သူတွေကို ဝိဉာဉ်ပညာသည်လို့ခေါ်တယ် သိုင်းဝိဉာဉ်ကိုအပြည့်အဝနိုးကြားအောင်လုပ်ပြီးတဲ့လူအားလုံးဟာဝိဉာဉ်ပညာသည်တွေပဲ တကယ်လို့များအဲ့ဒီ့သိုင်းဝိဉာဉ်ကို ဆက်ပြီးကျင့်ကြံလို့ရပြီး ဝိဉာဉ်စွမ်းအားအဆင့်(၁၁)ဆင့်မြောက်ထိရောက်သွားရင် ဝိဉာဉ်ဝိဇ္ဇာဆိုတဲ့နောက်ထပ်အမည်သတ်မှတ်ချက်ထဲကိုဝင်သွားပြီ ပြီးတော့ မဟာဝိဉာဉ်ဝိဇ္ဇာဆိုတာ အမည်သတ်မှတ်ချက်အားလုံးထဲမှာမှ တတိယမြောက်အမည်နာမတစ်ခုပေါ့ မဟာဝိဉာဉ်ဝိဇ္ဇာနယ်ပယ်နားကိုရောက်တာနဲ့ အရမ်းကိုသြဇ္ဇာတိက္ကမကြီးမားတဲ့ဝိဉာဉ်ဝိဇ္ဇာဖြစ်သွားပြီ
ထိပ်တန်းအမည်နာမ(၁၀)မျိုးလုံးကိုအစဉ်လိုက်ပြောရမယ်ဆိုရင်...."
YOU ARE READING
သိုင်းဝိဉာဉ်တို့စစ်ခင်းရာမြေ (Douluo Dalu) မြန်မာဘာသာပြန် (Zawgyi)
Romanceဆရာကြီး ထန်ကျားစန်းရှောက်ရဲ့ Masterpiece Novel Douluo Dalu 1 (သိုင်းဝိဉာဉ်တို့ စစ်ခင်းရာမြေ )အတွဲ (၁) မြန်မာဘာသာပြန် ဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းကျမ်းကို ခိုးသင်မိတဲ့ ထန်စန်းဟာ ကိုယ့်အပြစ်အတွက် လိုလိုလားလားချောက်ကမ်းပါးပေါ်က ခုန်ချလိုက်ပေမယ့် မသေဘဲ တ...