Lover-8

158 36 14
                                    

(ZawGyi Ver)

"Jonginဘယ်​လိုဖြစ်​ပြီး
ဒီကို​ရောက်​လာတာလဲ"

ကျ​နော့်​ထက်​​ခေါင်းတစ်​လုံးစာမြင့်​တဲ့သူ့ကို
မော့ကြည့်​ရင်း​မေး​တော့သူကထိုင်​ခုံ​ပေါ်တွင်
ခြေချိတ်​ထိုင်ကာပြုံးကြည့်​သည်​။
ပြီး​တော့လက်​ညိုးဖြင့်​အနားတိုးလာရန်
ပြောတာ​ကြောင့်​Kyungsooသွားလိုက်​​တော့
ဖြတ်​ခနဲပါးပြင်​ကိုအနမ်းခံလိုက်​ရ၏။ ။

"ကိုယ့်​ကိုထားခဲ့တဲ့မင်းကို
အပြစ်​​ပေးတာ"

"ငါ...ငါ​တောင်းပန်​ပါတယ်​"

"မလိုပါဘူး!! ကိုယ်​နဲ့Do kyungsooက
အချင်းချင်း​တောင်းပန်​ရ​အောင်​သူစိမ်း​တွေမှ
မဟုတ်​တာချစ်​သူ​တွေပဲကို"

"ဒါပင်​မဲ့အဲဒါကပြီးခဲ့ပြီ​လေ
ုငါအခုလာတာက"

"Stop!! ကိုယ်​သိတယ်​!!
ဆက်​မ​ပြောနဲ့​တော့!!"

"မ​ပြောလို့မရဘူးJongin!!
ငါဒီကိုလာတာကြင်​ယာဖက်​​တွေ့ဖို့
မင်းနဲ့​တွေ့ဖို့မဟုတ်​ဘူး!!"

Kyungsooအသံမတုန်​​အောင်​ကြိုးစား
ပြောလိုက်​သည်​။ Jongin​ရှေ့မှာမငိုချင်​...
ပြီး​တော့လွန်​ခဲ့တဲ့​ခြောက်​လကကိစ္စကို
ပြန်​အစမ​ဖော်​ချင်​​တော့ဘူး။ သူ့ကို
အရမ်းလွမ်း​နေတာမှန်​ပင်​မဲ့​ရှေ့ဆက်​တိုးဖို့
ဆိုတာလုံးဝမဖြစ်​နိုင်​!! နှလုံးသားနဲ့ဦး​နှောက်
ယှဉ်​လာရင်​ကျွန်​​တော်​က​တော့ဦး​နှောက်​ပဲ
ရွေးမည်​။ ။ ထပြန်​ဖို့လုပ်​​တော့သူကလက်​ကို
ဆွဲထားသဖြင့်​ရုန်းလိုက်​တယ်​။ ။

ဒါပင်​မဲ့အားချင်းမမျှ၍မလွတ်​​မြောက်​နိုင်​!!
ကျွန်​​တော်​ကရုန်း​လေသူကပိုဆွဲ​လေနဲ့
ဆိုင်​ထဲကလူ​တွေပါကြည့်​လာ၍ကျွန်​​တော်
နေရာတွင်​အသာပြန်​ထိုင်​လိုက်​သည်​။ ။

သူကလဲအဲ့​တော့မှUniformကိုပြန်​ပြင်​ကာ
ထိုင်​လိုက်​ပြီးစားပွဲ​ပေါ်သို့ဖိုင်​နဲ့စာရွက်​​တွေကို
ပစ်​တင်​လိုက်​သည်​။

"ဒါက??"

"မင်းJapanမှာကိုယ်​နဲ့​နေတုန်းက
ကုန်​ကျစရိတ်​​တွေ...စုစု​ပေါင်းတွက်​ရမယ်​ဆို
ဝမ်​သိန်း၃၀​ကျော်​​လောက်​ရှိတယ်​..ဘယ်​လိုလဲ?
မင်းကိုယ့်​ကိုပြန်​​ပေးနိုင်​မလား?"

Lover(Kaisoo Yaoi)Where stories live. Discover now