Unicode*"Jungkook ငါတို့ လမ်းခွဲရအောင် "
" ဘာ...hyung ဘာပြောလိုက်တယ်"
" လမ်းခွဲရအောင်လို့"
"ဟား...hyung နောက်နေတာမလား ဟမ် ဖြေလေ"
"ငါရုပ်က နောက်နေတဲ့ ပုံ ပေါက်နေလို့
လား Jungkookie"" ဘာလို့လဲ hyung ရယ် ဟမ်"
Kookie ရယ် မဖြစ်သာ တဲ့ အခြေအနေမလို့ပါကွာ။ Hyung က ဒီကလေးလေးကို ဘယ်လိုလုပ်တစ်ယောက်တည်း ထားခဲ့ ချင်ပါ့မလဲ။ဒါမဲ့ လက်တွေ့မှာ တော့
"အကြောင်းပြချက်မရှိဘူး "
" ဟား..ဟုတ်ပီလေ ခင်ဗျား စကား အတိုင်း ဖြစ်စေရမယ်။
ကျွန်တော်တို့က ဒီနေ့ ဒီအချိန်က စပီး မသိခဲ့သလို နေကြတာပေ့ါ"" ကောင်းပါပီ"
" အဟက် ...ခင်ဗျားဗျာ..ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
ကလေးငယ် ရယ် ...Hyungလည်း ဒီ လို ပြောရတာ လွယ်မယ်ထင်နေလားဟမ်။ Hyung က မင်းကိုပြောပြမတတ်အောင် ချစ်တာ မင်းသိတယ်မလား။
တောင်းပန်ပါတယ် ကလေးငယ်ရယ်..မင်းကို မျက်ရည်ကျမိအောင် လုပ်မိလို့။ ကလေးငယ်ရဲ့ ကျောပြင် လေး ကို မမြင်တော့တဲ့ အခါမှ ပန်းခြံထဲရှိ ထိုင်ခုံမှာ ချူံးချူံး ချငိုမိတော့တယ်။ရင်တွေနာလိုက်တာ ကလေးငယ်ရယ်။ကျွန်တော်နှင့် Jungkook နဲ့ လက်တွဲလာခဲ့တာ အခုဆို 3နှစ်ရှိပီ။ မနက်ဖြန်ဆိုရင်ပဲ နောက် ထပ် 4နှစ်ပြည့် Anniversaryလေး။ ခုတော့ Anni မတိုင်ခင် Hyung ကထွက်သွားရတော့မယ်။ တောင်းပန်ပါတယ်ကလေးငယ်ရယ်။ ပြန်တွေ့ခွင့်ရရင် ဆုံချင်ပါသေးတယ်။
"Jimin ..."
"အင်း ..Tae ,ရောက်လာပီ လား"
"Jungkook ပြန်သွားပီလား"
"အေး..ငါတို့လည်း ပြန်ကြရအောင်"
" Jimin ရာ..မင်း ဘာလို့ အမှန်တိုင်း မပြောလိုက်တာလဲကွာ ..အခုတော့ နှစ်ဦးနှစ်ဖက် နာကျင်ခံစားရပီမလား"
"Tae ရာ..ငါသာ အခုချိန် အဖြစ်မှန်ပြောလိုက်ရင် ကလေးငယ်က ဒီ့ထက်မက ခံစားရမှာကွ"
"အေးပါ ..ခုတော့ အေးနေပီ ပြန်ကြရအောင်"
အဖြစ်မှန်ကို မသိတဲ့ ကောင်ငယ်လေးမှာတော့....