Part(3)

31 3 0
                                    

နွေဦးရောက်လို့သစ်ပင်တွေလဲရွှေဝါရောင်သန်းနေပြီး
ရော်ရွက်ဝါတို့ကပါမြေခသည်မို့
တစ်ခြံလုံးလဲရွှေရောင်ဖြစ်နေသည်။

ပိတ်ထားတဲ့အဖြူရောင်လိုက်ကာစလေးကိုကိုင်ကာအနည်းငယ်ဟလိုက်ပြီးအပြင်ဘက်ကိုချောင်းကြည့်မိသည်။

အော်~~~
နွေဦးတောင်ထပ်ရောက်လာခဲ့ပြန်ပြီပဲ~~~

နွေဦးသာပြန်ရောက်လာခဲ့တာ
ချစ်ရသောလူသားလေးကတော့
ကျနော့်ဆီကနေထွက်သွားတာ၃နှစ်တောင်ရှိနေပီပဲ။

ဒီချိန်ဆိုဘယ်နေရာမှာရှိနေမလဲ။
ဘာတွေများလုပ်နေမလဲ။

တကယ်ကိုသိချင်မိပါတယ်။

လွမ်းလည်းလွမ်းရပါတယ်။ထိုလူသားလေးကို။

"ဘယ်ရောက်နေမလဲသိချင်ရင်ရှာပါလား။
ဒီလောက်ချမ်းသာတာကို"လို့
လူတစ်ချို့ကတော့ပြောကြပါလိမ််မည်။

ကျနော်ထိုလူသားလေးကိုမရှာချင်ခဲ့ဘူးလို့ထင်ပါလား။

လွန်ခဲ့တဲ့၃နှစ်က~~~
ကျနော်သူ့ကိုရှာဖို့သူ့တိုက်ခန်းဆီပြေးသွားခဲ့စဥ်က~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
3 years ago

တစ်ယောက်လုံးဘေးမှာစောင့်နေတုန်း
ခဏအိပ်ပျော်သွားခိုက်
ဆေးရုံမှရုတ်တရက်ပျောက်သွားသည့်
တိတ်တိတ်လေးချစ်ရတဲ့ယုန်ပေါက်လေးကိုရှာဖို့
သူနေတဲ့တိုက်ခန်းဆီအပြေးလာမိသည်။

အခန်းရှေ့မရောက်ခင်မှာပွင့်နေတဲ့တံခါးကြောင့်
ယုန်ပေါက်လေးရှိနေမယ်အထင်နဲ့တံခါးကိုဆွဲကာ
သူ့နာမည်ကိုခေါ်မိပေမယ့်။

အထဲမှာရှိနေတာက
အသက်အလတ်ပိုင်းအရွယ်အဒေါ်ကြီးတစ်ယောက်~~

ပစ္စည်းတွေလဲဘာမှမရှိတော့ဘူး။
တစ်ခန်းလုံးလဲရှင်းလင်းလို့။

ရိပေါ်တစ်ယောက်စိုးရိမ်ကြီးစွာ~~~

"အဒေါ်ကြီး~~ဒီမှာနေတဲ့ကောင်လေးရော??"

"နိိင်ငံခြားသွားပီလေ"

"နိုင်ငံခြားသွားပီ??ဘယ်ကိုသွားတာလဲသိလား??"

"အဲဒါတော့မသိဘူး။
သူနိုင်ငံခြားသွားတော့မှာမို့လို့ဆိုပီး
ငါ့ကိုအခန်းအမြန်ပြန်အပ်သွားတာ။"

❄Frozen Sugar daddy❄Donde viven las historias. Descúbrelo ahora