Chapter1 (Z+U)

1K 71 4
                                    

စိုင်း ......ကျွန်တော် ရဲ့ အချစ်ဦးပေါ့..ဘာလို့ အချစ်ဦးလို့ပြောရတာလဲဆိုတော့..ကျွန်တော် ၉တန်းလောက်ကတည်းက ကြိုက်ခဲ့ရတာ

ယောက်ျားလေးတိုင်း လိုက်ကြိုက်တာ မဟုတ်ဘူးနော်..ကျွန်တော်ချစ်တာ စိုင်းတယောက်ထဲ..
စိုင်း အတွက် ဆိုလေ အသက်ပေးရလဲ ကျေနပ်တယ်..

စိုင်းမှာကောင်မလေးရှိတယ် နန်းမြမြသော်တဲ့..သူ
၁၀တန်း နှစ်မှာ စတွဲခဲ့တာပေါ့..ကျွန်တော် ရူးမတတ်ခံစားခဲ့ရတာ..ဘာဖြစ်လို့လည်း သိလား..ကျွန်တော် ချစ်ရသူ သူများ လက်ထဲ ပါသွားပြီဆိုတဲ့အသိက..ကျွန်တော် နှလုံးသားကို ဓားနဲ့ အစိမ်းလိုက်ခွဲ သလို ခံစားရတယ်...

"ခွန်းနောင်....ခွန်းနောင်''
အတွေးထဲ မျောနေတာနဲ့တင် ပတ်ဝန်းကျင်ကိုတောင် မေ့နေပါရန်ကော..။
"ဟမ်...ဘာလဲ''
"ငါ ခေါ်တာ ၁၀ခွန်းမကတော့ဘူး မင်းဘာတွေ တွေးနေတာလည်း''
ပိုင်သူပြောတာလည်း ဟုတ်ပေသည်...စိုင်းအကြောင်းကို အတွေးလွန်နေတာနဲ့တင် သူခေါ်တာ မကြားရတော့တာလည်း ဖြစ်ပေသည်။ထို့ကြောင့် အားနာနာနဲ့ ပြုံးပြကာ
"Sorryကွာ..ငါ အတွေးလွန်သွားလို့''
"ဒီနေ့ ပထမဆုံး ကျောင်းတတ်ရက်ဆိုတော့..စာသင်ပါ့မလားတောင် မသိဘူး''
"ငါလည်း မသိဘူး...သွားကြည့်ကြတာပေါ့..''
ခွန်းတို့ သွားနေတဲ့ လမ်းကြောင်းမှာ ခွန်းလူတယောက်ကို ဝင်တိုက်မိရာ
"အာ့..တောင်းပန်ပါတယ်ဗျာ..ကျွန်တော် မမြင်မိလို့''
"ရပါတယ်..မင်း ဘယ်နားနာသွားသေးလဲ''
ထိုအသံ အဲ့အသံကို ရင်းရင်းနှီးနှီးကြားဖူးနေမှာပါတယ်..စိုင်း..စိုင်းရဲ့အသံ..
"ရပါတယ်...ကျွန်တော် အဆင်ပြေပါတယ်''
"နေပါအုံး..ညီလေးကို အကို မြင်ဖူးနေသလိုပဲ''
"ခွင့်ပြုပါအုံး အကို''
"ဟာဟိတ် နေအုံးလေ''
ကျွန်တော် အော်ခေါ်နေတဲ့ အချိန်မှာပဲ သူက အဝေးသို့ရောက်နေလေပြီ။ဘာပဲ ဖြစ်ဖြစ်ပါလေ..ကျောင်းခုမှ ရောက်လာတဲ့first yearလေးတွေကို ကြိုဆို စောင့်ရှောက်ရမှာ ကျွန်တော်တို့ စီနီယာ တွေရဲ့ တာဝန်ပဲလေ..
"ခွန်းနောင်..ခွန်းနောင် မပြေးနဲတော့..ငါမင်းနောက်လိုက်ရတာ မောလာပြီ''
"သူနဲ့အတော် ဝေးလာပြီပဲ''
"မင်းနဲ့ အဲ့အကိုနဲ့က ရန်ငြိးရှိလို့လား''

တောင်ပြာတန်းက ချစ်ရသောငယ်Where stories live. Discover now