Chapter3 (Z+U)

380 48 6
                                    

တော်ကြာ မဟုတ်ဘဲနဲ့ စွတ်စွဲမိရင်လည်း..အားနာစရာတွေ..
ဘာပဲ ဖြစ်ဖြစ်ပါလေ..သူကိုတွေ့ရတော့..နှလုံးသားက တဖန်ထပ်ခုန် လာခဲ့တယ်..
အရင်တုန်းက နန်းမြမြသော် ဆိုတဲ့ မိန်းကလေးတယောက်ထည်း ကို သာ သာရင်ခုန်ဖူးသည်။
အခုတော့ ခွန်းနောင်ဆိုတဲ့ ကောင်လေး တယောက် ကို ထိခိုက်မိမှာ ၊ သူနာကျင်သွားမှာ၊ သူ ဝမ်းနည်း သွးမှာ ၊ ကို ကျွန်တော် သေမတတ်ကြောက်တတ်လာပြီ၊၊ မင်း ပြုစား လွန်းတယ် ခွန်းနောင် ရယ်..

ခဏနေတော့ အိပ်ပျော်နေတဲ့ ကိုယ်လေးက အနည်းငယ် လှုပ်လာတယ်..

"ညီ..သက်သာ လား''
"ဟုတ်..အကို..ဒါနဲ့ ဘယ်နှနာရီ ရှိပြီလားဟင်''
"အင်း..၆နာရီလောက်တော့..ရှိလောက်ပြီ''
"ဟာ..ဟုတ်လား..ကျွန်တော် အကို ကုတင်ပေါ်မှာ..အကြာကြီး အိပ်မိသွားလို..တောင်းပန်ပါတယ် နော်''

"မလိုပါဘူးကွာ..ညီမှ နေမကောင်းတာ..ထတော့..ညီ အတွက် မုန့်ဝယ် လာခဲ့တယ်''
"အားနာစရာတွေ..ဖြစ်ကုန်ပြီ..နောက်တခါ ကျရင် ကျွန်တော် ပြန်ဝယ် ကျွေးမယ်နော်''

"ဟုတ်ပါပြီဗျာ..ခုတော့ ထ ပြီး မုန့်လာစားတော့''
"ဟုတ်''

ကျွန်တော် ကို ဘာလို့ အဲ့လောက်တောင် ဂရုစိုက်နေရတာ လဲ စိုင်းရယ်..ခံစားချက်တွေ ချုပ်တည်း ထားရတာ အရမ်းပင်ပန်းလွန်းတယ်..။အကို
ကျွန်တော် စိတ်ခိုင်အောင်ထားနေရတယ်..အကို နဲ့တော့ ကြာရင် ကျွန်တော်ရောဂါ ရတော့မှာပဲ။
ဟော..ခုလည်း ကြည့်လေ ဘာလို့..ကျွန်တော်ကို စိုက်ကြည့်နေရတာ လည်း။

"အကို..ကျွန်တော် မျက်နှာမှာ ဘာပေနေလို့လည်း''

ညီ ပြောတော့ ကိုယ့်ကို ကိုယ် သတိထားမိသွားတယ်။ ဟုတ်သားပဲ..ညီ ရိပ်မိလို့..မဖြစ်ဘူး
တော်ကြာ..လက်ရှိ ဖြစ်တည်မှုလေး ပျောက်ကွယ်သွားမှာတော့ ကျွန်တော် အဖြစ်မခံနိုင်ပါ။
ထို့ကြောင့်..ကျွန်တော် အရှက်ပြေ လည်ပင်းကို
လက်နဲ့ပွတ်ကာ

"ဘာ..ဘာမှ..မပေ ပါဘူး..စားလေ..ညီ''
"အကိုကော..စားပြီးပြီလား..ကျွန်တော်ဆီက ယူစားလေ''
"အကိုက..စားပြီးပြီ ညီရဲ့..ညီပဲ ဝ အောင် စားနော်''
"ဟုတ်''

ညီ စားနေတာလေးကို ကြည့်ပြီး..အကို ပီတိဖြစ်လွန်းလို့ ဗိုက်ဝနေပါပြီ ညီရယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့*ပီတိ ကို စား အားရှိ၏ *ဆိုတဲ့ စကားက သိပ်မှန်တာပဲ။ ကိုယ်ချစ်ရတဲ့သူ စားနေတာလေးကို ကြည့်ရတော့..ကျွန်တော် စိတ်ထဲမှာ အတိုင်းမသိ ပီတိဖြစ်နေမိတယ်။

တောင်ပြာတန်းက ချစ်ရသောငယ်Where stories live. Discover now