တိမ်တွေရေးသောပန်းချီ
ကျွန်တော့်နာမည်က မူပိုင်ခ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပေါ့ဗျာ။ ကျွန်တော့်မှာသူငယ်ချင်းဆိုလို့ နှစ်ယောက်ဘဲရှိတယ် မိုးသောက်ယံနဲ့မိုးဦးယံလေ။ ကျွန်တော်လေမဖြစ်နိုင်မှန်းသိရက်နဲ့ အဖြူရောင်စည်းကိုကျော်ချင်နေမိတယ် အဖြူရောင်လိုသန့်ရှင်းနေတဲ့အရောင်လေးကိုမှ အနီရောင်အချစ်တွေနဲ့ ညစ်ထေးစေမိပြီထင်ပါရဲ့။ သို့ပေမယ့် ကျွန်တော်သူ့ကိုချစ်တယ်.....
"ဟိတ်တစ်ယောက်ထဲ ဘာတွေကြောင်နေလည်းခခ""အမေ့ လန့်တာယံယံရယ်"
"မင်းမှာလည်းအမြဲကိုလန့်နေတာဘဲ ငါဒီလောက်ချောတာလန့်စရာလားဟွန့်"
(သူ့အားရစ်တယ်အထင်နှင့်ကြောင်ကြည့်နေသောကျွန်တော့်သူငယ်ချင်းပါလေ)
" ထားတော့လာကန်တင်းသွားကြမယ်""ဒါနဲ့မင်းအကိုမိုးသောက်ကော"
(သေးငယ်လှသည့်မျှော်လင့်ချက်လေးဖြင့်မေးလိုက်မိသော်လည်း ကံတရားကကျွန်တော့ဘက်မပါ ကြားလိုက်ရသည့်အဖြေကြောင့် ပြုံးရုံလေးသာတက်နိုင်သည်။)"သူလားသူ့ဆော်ဆီမှာလေ စောစောစီးစီးရိုနေကြတာလူမြင်ကွင်းမှာတောင်မရှောင်ကြဘူးစိတ်ပျက်စရာ"
(ခခတစ်ယောက်ထိုစကားကြားတော့ကျွန်တော့်အားရယ်ပြနေသော်လည်း ဝမ်းနည်းနေမည်မှာအမှန်ပင် သူကကျွန်တော့်အကိုကိုကြိုက်လာတာကြာပြီလေ ကျွန်တော်သိတာပေါ့ အကိုဘဲတုံးလွန်းလို့မသိတာကျွန်တော်လည်းခခကိုအားနာမိပါသည်သူ့ခများမျှော်လင့်ချက်လေးထားမရအောင်ကို အကိုကပွေလွန်းရှုပ်လွန်းသည်။)
"အော်အင်းပါ လာကန်တင်းသွားကြမယ်ယံယံ"
"သူ့ကိုမစောင့်တော့ဘူးလားခခ"
"ဟင့်အင်း......"ကန်တင်းသို့သွားသည့်လမ်းတစ်လျှောက်ဟာလည်းအတွေးများထဲ၌သာနစ်မြောသွားပြန်သည်။
(ကိုကသာတွေ့ချင်တာ သူကသူချစ်ရသူဆီမှာတဲ့လား
ဟဟားရယ်ရသား သူ့မှာချစ်ရတဲ့သူရှိတာသိတယ် သိနေပေမယ့်လည်း ချစ်နေတာရပ်တန့်လို့မရဘူး ကို့နှလုံးသားကိုတောင် ကိုမပိုင်တော့ဘူးလေ....)
YOU ARE READING
တိမ်တွေရေးသောပန်းချီ