{Unicode Version}
ညနေခင်းပဲရီပေါ်ကဆေးရုံကဆင်းပါတယ် မနက်ဖြန်မလာ
နဲ့လို့ပြောပေမယ့် မသွားလို့မဖြစ်တာတော့သူသိပါသည်။သူ
လည်း အရမ်းမဖြစ်တာကြောင့် မပျက်ကွက်ချင်ပါ။ရီပေါ်အိမ်ရောက်တာနဲ့ဆေးသောက်ပြီးတန်းအိပ်လိုက်တော့
သည်။ ထုံးစံအတိုင်းဒီညလည်း သူဌေးအကြောင်းပဲအိပ်မက်
မက်မယ်ထင်ပါရဲ့။ ညစဉ်ညတိုင်း သူဌေးကသူ့အတွေးထဲလည်း
နေရာယူထားပါသေးတယ်။အိပ်မက်ထဲကသူဌေးကတော့ ပန်းကလေးတွေလိုပဲနူးညံ့ပြီး
ပျားကလေးတွေပန်းကလေးကိုယုယသလို သူ့အပေါ်ကြင်
နာပေး တယ်။ လက်တွေ့မှာတော့ သူ့ကိုအမြင်ကပ်နေတယ်
လို့ထင်မိတယ် ။ သူမထင်မှတ်ပဲ HRကစီနီယာနဲ့သူဌေးနဲ့
စကားပြောနေတာကိုကြားခဲ့ရတယ်။ သူဌေးက အတွင်းရေး
မှူး လှလှလေးလိုချင်တာတဲ့။သူကလှမှမလှတာ။ သူဌေးကြိုက်တဲ့ကောင်မလေးတွေလို
ရင်ဘက်ကြီးကြီးတွေလည်းမရှိဘူး။ မျက်နှာလှလှလေး
လည်းမရှိဘူး။ ပြီးတော့ သူကယောက်ျားလေး။ သူဌေးအမြင်
မကြည်တာမဆန်းပါဘူးလေ။************
"ဒီနေ့အလုပ်နားရက်ပေးထားတယ်လေ"
"ကျွန်တော်သက်သာနေပါပြီ ဘာမှမဖြစ်တော့ဘူး"
"တစ်ရက်လောက် အေးဆေးနေရမလားမှတ်ပါတယ်"
"ဗျာ"
ရှောင်းကျန့်တိုးတိုးလေးပြောတာကိုရီပေါ်ကကြားသွား
သည်ထင်သည်။ရှောင်းကျန့်က ဒီနေ့ရီပေါ်မရှိတာကိုအ
ကြောင်းပြပြီး ကလပ်မှာစော်တပွေနဲ့ချိန်းထားတာဖြစ်
သည်။"အခုအလုပ်ကပြန်တော့ ငါလည်းသွားစရာရှိတယ် အခုပဲ
သွားတော့မို့ မင်းပြန်လိုက်တော့နော်""ဟုတ်"
ရှောင်းကျန့်က ကားသော့ကိုလှည့်ကာ ရုံးခန်းထဲက
ထွက်သွားတော့တယ်။ ရီပေါ်က သူဌေးပြောသလိုပြန်
မလို့ပြင်လိုက်သော်လည်း ရုံးခန်းထဲက ရှုပ်ပွနေတာကြောင့်
သန့်ရှင်းရေးလုပ်ပေးပြီးမှပြန်ဖို့စဉ်းစားလိုက်တယ်။ရုံးခန်းက အကျီတွေလည်း ဟိုတစ်စဒီတစ်စနဲ့ရှုပ်ပွနေတယ်
ဖိုင်တွေကလည်း စီစီရီရီရှိမနေဘူး။ ရီပေါ်လည်း ရှုပ်နေတာ
တွေသေချာသိမ်းဆည်းပြီး တံမြက်စည်းလှည်း ဖုန်သုတ်တာ
နဲ့တင် ၁နာရီလောက်အချိန်ကုန်သွားသည်။