အပေအတေ

1.9K 189 12
                                    

ဒယိမ်းဒယိုင်လျှောက်လာတဲ့ လူကိုယ်ပေါ်က အထက်တန်းကျောင်း၀တ်စုံက ဖရိုဖရဲ။ လည်စီးက လျော့တိလျော့ရဲနဲ့ အောက်ခံရှပ်အဖြူက ကြယ်သီး‌‌က အစုံမတပ်ပဲ ရင်ဘတ်အထက်တစ်၀က်က ပွင့်လျက်သား။ လက်တစ်ဖက်က ဆွဲထားတဲ့ လွယ်အိတ်က မြေပြင်ပေါ်မှာ တရွတ်တိုက်ကာ ဖုန်းအလိမ်းလိမ်းနှင့်။
မပွင့်တဲ့ မျက်လုံးတွေနဲ့ ငှက်သိုက်ဖြစ်နေတဲ့ ဆံပင်တွေကို တစ်ချက်ဆွဲဖွပစ်လိုက်သည်။

ခြံတံခါးကို ဖြတ်ကျော်၀င်လာပြီးတာနဲ့ လွှင့်လာတဲ့ အရိပ်တစ်ခုကို အသာတိမ်းရှောင်လိုက်သည်။ ကျောနောက်ခပ်လှမ်းလှမ်းမှာ ကျသွားတာက ရှူးဖိနပ်တစ်ဖက်။ သူသာ သတိနဲ့ မရှောင်လိုက်ရင် မျက်နှာတည့်တည့်လာမှန်မယ့်အရာ။

'ခွေးကောင် မင်း အိမ်ပြန်လာ‌ရဲသေးတယ် ဟုတ်လား'

အိမ်တံခါး၀ကနေ ဟိန်းခနဲထွက်လာတာက ဖခင်ဖြစ်သူရဲ့ ဒေါသသံ။

Jeon ကျစ်ခနဲ စုပ်သတ်လိုက်ပြီး ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို လက်ခုံနဲ့ ပွတ်သပ်လိုက်သည်။

ဧည့်ခံထဲမှာ ထိုင်ပြီး ဆုံးမစကားတွေ နာခံနေရပေမဲ့ သူ့စိတ်က အိမ်ပေါ်ပြေးတက်ပြီး သူ့အိပ်ရာထဲခွေချင်နေပြီ။

'ဘယ်အထက်တန်းကျောင်းသားက တစ်ညလုံး အပြင်မှာ သဝေထိုးနေပြီး မနက်မှ အိမ်ပြန်လာလဲ ပြောစမ်း မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး Jeon စုတ်ပြတ်သတ်‌ေနတာ တအားရွံဖို့ကောင်းနေပြီ မင်းသိလား အဲ့တာ'

အမျက်ဒေါသကြီးကြီးနဲ့ ဖခင်ဖြစ်သူရဲ့ စကားတွေက မာထန်ကြမ်းတမ်းနေသည်။
သို့သော် ရိုးနေပြီဖြစ်သော သူ့အတွက် ပန်းနဲ့ပေါက်သည်ဟုပင် မဆိုသာတဲ့ အခြေအနေဖြစ်နေပြီ။ အုံခဲနေတဲ့ ခေါင်းကြောင့် ရေအေးအေးတစ်ခွက်ကိုသာ သူတောင့်တနေမိသည်။

တစ်ချက်သမ်းဝေလိုက်မိသော သူ့ကို ဖခင်ဖြစ်သူ မြင်သွားသောအခါ စားပွဲခုံပေါ်က ပန်းအိုးကို လှမ်းဆြဲသည်။
မိခင်က အချိန်မှီဖမ်းဆွဲလိုက်၍သာ ပန်းအိုးနဲ့ သူ့ခေါင်း မိတ်မဆက်လိုက်ရခြင်းဖြစ်သည်။

'တော်ပါတော့ရှင်'

'အဲ့ကလေးက ဘယ်တုန်းကများ စကားနားထောင်ဖူးလို့လဲ ရှင်လုပ်လည်း သွေးထွက်သံယိုဖြစ်တာပဲရှိမယ်'

အပြာရောင်လွှမ်းသော Where stories live. Discover now