Somebody to you (Ep-10)

862 87 8
                                    

Unicode

Mew:gulfမင်းမနက်ဖြန်အားလား

Gulf:ဘာလို့လဲ

Mew:Phi Yada wedding လေ မင်းကိုအဖော်လိုက်ခိုင်းချင်လို့

Gulf:မင်းအဆင်မပြေရင်မသွားနဲ့လေ

Mew:မဟုပါဘူး ငါ့ပုံကအဆင်မပြေတဲ့ပုံပေါက်နေလို့လား ဖိတ်ထားလို့လေ အာ့ငါနဲ့မင်းကိုအဖော်လိုက်စေချင်ရုံ

Gulf:အော် အင်းလိုက်ခဲ့မယ်လေအာ့ဆိုလဲ

phiမင်္ဂလာဆောင်ကိစ္စကြားပြီးထဲကmewပုံစံက ပုံမှန်လိုဘဲ ကျွန်တော်ဘဲစိတ်ထင်နေတာလားတော့မသိ

မင်္ဂလာဆောင်ဆိုပေမဲ့ တခမ်းတနားကြီးရယ်တော့မဟုဘူး လက်ထပ်စာချုပ်မှာလက်မှတ်ထိုးတာကို မနက်ကလုပ်ပြီး ညကျနှစ်ဖက်မိဘအသိုင်းအဝိုင်းတွေနဲ့ အသိမိတ်ဆွေတွေအတွက်dinnerသဘောမျိုး
လေး ဒါမဲ့ပြင်ဆင်ထားတာလေးတွေကသပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေးရယ်

Yada:mewလာပြီလားphiကမလာဘူးလို့တောင်ထင်တာgulfပါ ပါလာတာကိုး

Mew:ဒါမင်္ဂလာလက်ဖွဲ့ပါ phiတို့သာယာဖြောင့်ဖြူးတဲ့ အိမ်ထောင်ထောင်ရေးဘ၀လေးပိုင်ဆိုင်နိုင်ပါစေနော်

Yada:ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင် လာလေအထဲ၀င်ကြ မိတ်ဆက်ပေးရအုံးမယ်ဒါကphiအမျိုးသားRamတဲ့ Ram ဒါကya guide လုပ်‌ေပးတဲ့ juniorလေးတွေ

Ram:တွေ့ရတာ၀မ်းသာပါတယ်Nongတို့
ကြိုက်တာစားနော် အေးဆေးဘဲနေကြ

yada:အာ့ဆိုphiတို့ သွားဧည့်ခံလိုက်အုံးမယ်
Gulfလေးရှိန်မနေနဲ့နော်

Gulf:ဟုတ်phi အေးဆေးဧည့်ခံပါ

လူကြီးတွေကအတော်များတယ် ကျောင်းကဆိုလို့ ကျွန်တော်တို့ဘဲရှိ သလို chelကိုတော့အစောကတွေ့လိုက်တယ် လူတွေများတော့ လိုက်မနှုတ်ဆက်တော့ဘူး တော်သေးတာပေါ့ gulfကိုခေါ်လာမိလို့မဟုရင်တစ်ယောက်ထဲ အူလည်ရိုက်နေမှာ

Mew:gulfအဆင်ပြေရဲ့လား

Gulf:ပြေပါတယ် ဘာလို့လဲ

Mew:လူတွေများလို့လေ နေတတ်ရဲ့လားလို့

Gulf:မင်းရှိနေတာဘဲ

Mew:အေးပါ ခဏနေရင်ပြန်ကြတာပေါ့

Phiကတကယ်ကိုကံကောင်းလွန်းတယ် စောင့်ရကျိုးလဲနပ် တယ် အချစ်ဦးနဲ့တစ်ခါထဲလက်ပါထပ်နိုင်တယ် ချိုသာသောအပြုံးပြိုင်ရှင်လေးလဲအတော်လေးပျော်နေပုံဘဲ ပုံမှန်အပြုံးတွေထက်တောင်လှနေသေးတာ ကျွန်တော်လဲကံကောင်းချင်လိုက်တာ ကံကောင်းနိုင်ပါ့မလား ဘ၀မှာတစ်ယောက်ထဲကိုဘဲတစ်ဘ၀လုံး ချစ်ပြီး သက်ဆုံးတိုင်လက်တွဲသွားချင်လိုက်တာ
တွေးရင်းဘေးကလူကိုကြည့်မိတယ်

Somebody to youWhere stories live. Discover now