Somebody to you (Ep-7)

774 80 4
                                    

Unicode

မနက်မိုးလင်းတာနဲ့ကျောင်းသွားဖို့ကိုတက်ကြွနေခဲ့ပြီ phiရဲ့မျက်လုံးထဲ ကြည့်ကောင်းနေပြီး အမှတ်ယူချင်မိသည်
ကျောင်းရောက်တော့လဲကိုယ်နဲ့မသက်ဆိုင်ခဲ့တဲ့‌
‌ေကျာင်းလုပ်အားပေးတွေလဲလိုက်ပြီးလုပ်ပေးဖြစ်တယ် ကျွန်တော်ရဲ့အပြုံးဘုရင်မလေးကအထင်ကြီးသွားလောက်ပါရဲ့..တခြားအကြောင်းသိသူတွေကိုmewကိုထူးဆန်းသလို ဖြစ်နေကြပေမဲ့ ဂရုမစိုက်ပါ သူဂရုစိုက်တာphi Yada ကိုဘဲမို့ ကျောင်းမှာဆိုမသိချင်ယောင်ဆောင်ရတာမို့ ညဘက်ဆိုလဲဖုန်းပြောရတာအမော
Phiဆီကဖုန်းဆက်နိုင်ပါတယ်ဆိုတဲ့ခွင့်ပြုချက်ရထားတာကြောင့်လေ

Pနဲ့ဖုန်းပြောပြီးတိုင်းလဲ သူငယ်ချင်းကြီးကို ရင်ဖွင့်ရတာအမောဘာကြောင့်မှန်းမသိphiနဲ့ ဖုန်း‌ေပြာပြီးတိုင်းတယောက်ယောက်ကိုပြောပြချင်နေတာ သူ့စိတ်ခံစားချက်ကိုပေါ့ အဲ့ပြောပြချင်တဲ့သူကလည်း gulf တယောက်ထဲသာ

အခုရက်ပိုင်းmewတစ်ယောက်တက်ကြွနေတာအရမ်းသိသာလှပါသည် ကျွန်တော်ကပိုသိတာပေါ့ ညည phi Yada နဲ့ဖုန်းပြောပြီးတိုင်းကျွန်တော်လာလာ‌ပြီး ကကြီးကနေအအထိပြောပြနေတာတွေကို သည်းခံပြီးနားထောင်ပေးနေရတာကျွန်တော်အတွက် မလွယ်ကူပါဘူး တကယ်လက်တွေ့မှာphi Yadaနဲ့ mewအဆင်ပြေ‌ေနရင်တောင် စိတ်ကူးထဲမှာ.. စိတ်ကူးထဲမှာတော့ ကျွန်တော်နဲ့အဆင်ပြေချင်တယ် အဲ့လိုတော့ရတယ်မှတ်လား..စိတ်ကူးလေးတော့ယဥ်ခွင့်ပေး ပါကွာ

Mew, phi yadaနဲ့အကြောင်းပြောတိုင်း တကယ်မနာလိုဖြစ်မိပေမဲ့ ကိုယ့်အခြေနေကိုသိတာမို့ ဘာများ၀င်စွက်ဖက်နိုင်မှာလဲ ရင်ကိုဓားနဲ့မွှန်းလိုက်တဲ့တိုင်ပင်ချက်ကတော့ မနက်ဖြန်ကျောင်းပိတ်ရက် phi yadaနဲ့ချိန်းထားတယ်တဲ့ ခံစားချက်တွေကိုဖွင့်ပြောတော့မယ်တဲ့လေ

အားပေးရုံကလွဲပြီးတခြားဘာမှမတတ်နိုင်ခဲ့ တိတ်တစ်ခိုးချစ်နေမိတဲ့သူငယ်ချင်းလေးရဲ့ရှေ့မှာတော့ အားတင်းပြီးပြုံးပြနေ‌ေပမဲ့ရင်ဘတ်ထဲမှာငိုနေတာကိုတော့ ဘယ်သူမြင်နိုင်မှာလဲ

💌မင်းဖတ်ဖို့ရေးထားတဲ့စာတွေပါ..မင်းမဖတ်တော့ကဗျာ တွေကငိုရှာတယ်..ဒိုင်ယာရီမှတ်တမ်းလေးထဲမှာမင်းနဲ့ ပတ်သတ်တဲ့အမှတ်တရတွေအပြည့်..မင်းရဲ့မွေးနေ့‌ေလးကအစမင်းအကြောင်းတွေချည်းရေးထားတယ်..တစ်ချိန်ချိန်များမင်းနဲ့ငါသက်ဆိုင်သူ‌ေတွဖြစ်လာခဲ့ရင်ပေးဖတ်မယ် ဆိုပြီးလက်ရေးလှလှလေးတွေနဲ့တောင်ရေးယူထားတယ်.. မင်းငါ့ဘ၀ထဲ၀င်လာခဲ့တုန်းကဘယ်လောက်ပျော်ခဲ့ရကြောင်းတွေ..မင်း‌ေကြာင့်ငါဘယ်လောက်ငိုခဲ့ရကြောင်းတွေ ဒိုင်ယာရီလေးကနားထောင်ပေးရှာတယ်..မင်းအတွက် ရည်ညွှန်းထားပေမဲ့မင်းကမသိတော့ငါကအရူးပေါ့.. မင်းကြောင့်ကျခဲ့ရတဲ့မျက်ရည်တွေကိုခေါင်းအုံးလေးက အသိဆုံးပါ..💌

Somebody to youTempat cerita menjadi hidup. Temukan sekarang