Ep 1

10.8K 492 2
                                    

Zawgyi

Love is near❣️
Ep 1

အတန်းတစ်ခုတွင်
"ရှောင်ကျန့် အဆင့်၁
ကျိုးချန် အဆင့် ၂
.......
......
......
ဝမ်ရိပေါ် အဆင့်၁၅
......
........
........အားလုံးပဲ အတန်းဆင်းလို့ရပီနော်"

ဆရာထွက်သွားလေသည်
"ဂုဏ်ယူပါတယ် ရှောင်ကျန့်"

"ရပါတယ် ကျိုးချန်ရာ"

ရိပေါ် ကျိုးချန်ကို ကြည့်လို့ မရ
ကျန့်ကျန့်ကို သွားသွားရောတော့ ပိုလို့တောင်
အမြင်ကတ်သေးသည်

"ဘာတွေဒီလေါက်တောင် သဘောကျနေတာလဲ ရှောင်ကျန့်"
"အယ် ရိပေါ် ငါ ငါ ငါ...."
ရှောင်ကျန့် ဘာမှ ဆက်မပြောနိုင်
"ငါ ငါ ငါ လုပျမနနေဲ့ လာခဲ့"
ဆိုပြီး ရိပေါ် ရှောင်ကျန့်ကို ဆွဲခေါ်သွားလေသည်

ရိပေါ်နဲ့ရှောင်ကျန့်မှာ ငယ်သူငယ်ချင်းဖြစ်သည်
ရိပေါ်က ရှောင်ကျန့်ကို သူကလွဲရင် ဘယ်သူနဲ့မှ ခင်တာ မကြိုက် ခင်လည်းမခင်ခိုင်းဘူး
အိမ်ချင်းက ဘေးချင်းကပ်ဆိုတော့
အရမ်းအနိုင်ကျင့်တာ
သူကိုယ်တိုင်က ဂရုစိုက်လားဆိုတော့လည်း
ဂရုမစိုက်ဘူး
ငယ်ငယ်တည်းက ရှောင်ကျန့်က အလျှော့ပေးပြီး
ပေါင်းလာတာ ဖြစ်သည်

"ပြောပါဉီး ဘာတွေ ဒီလေါက်သဘောကျနေတာလဲ"

ရိပေါ် မျက်နှာမှာ ခက်ထန်နေသည်
ရှောင်ကျန့် ကြောက်လွန်း၍
"ရိ ရိပေါ် သူကလေ ငါ့ကို ဝမ်းသာကြောင်း
လာပြောနေတာပါ"

"ရှောင်ကျန့် မင်းဆင်ဆင်ခြင်ခြင်နေနော်
ငါစိတ်မတိုချင်ဘူး ငါ့အကြောင်းကို သိတယ်မလား"

"အင်း အင်းပါကွာ ငါသိပါတယ်"

"ဒါနဲ့ နေဉီး မင်းက ဘာလို့ အဆင့် တစ်​ဖြစ်ရတာလဲ"

"ရိပေါ်  တက္ကသိုလ်ဝင် စာမေးပွဲကို​ကောင်းကောင်းဖြေဆိုနိုင်မှငါဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်ဖို့
ဆေးကျောင်းတက်ရမှာလေ"
"ဆေးကျောင်းတွေ ခွေးကျောင်းတွေ ငါနားမလည်ဘူး ငါက စာဆို စိတ်မဝင်စားဘူး
မင်း ငါ့ကို ထားခဲ့ပြီး ဆေးကျောင်းတက်မယ်လို့တော့
မပြောနဲ့နော် ငါတက်တဲ့ ကျောင်းကိုပဲ တက်ရမယ်"

အော် ရိပေါ်ရယ် မင်းအနိုင်ကျင့်တာကို ငါခံလာခဲ့တာ
ငယ်ငယ်တည်းကနေ ခုချိန်ထိပါပဲကွာ
ခုလည်း ငါ့ရဲ့ ရည်မှန်းချက်ကို မင်းအနိင်ကျင့်ပြန်ပြီ
ငါ မိထွေးကိုလည်း ငါကြောက်ရသေးတယ်
မင်းတစ်ယောက်တော့ ငါ့ဘက်မှာရှိနေသေးတယ်
ထင်ခဲ့တာ
ရပါတယ် ငါ မင်းရဲ့ ဒဏ်တွေကို ခံနိုင်ပါတယ်

Love is near❣️(completed)Where stories live. Discover now