Ep 10

4.2K 323 6
                                    

Zawgyi

"ရော့ ဒီမှါ......"
မိမိရှေ့သို့ ရိပေါ်ပစ်ပေးလာသော
ticketလေးနှစ်စောင်ကိုရှောင်ကျန့် ကြောင်အစွာ
ကြည့်လျှက်
"ဘာအတွက်လဲ ရိပေါ်....."

"ရုပ်ရှင်လက်မှတ်လေ ဒီနေ့ ညနေ အဆင်သင့်လုပ်ထား"
ရိပေါ် ပြောကာ ထွက်သွားမည် အလုပ်
"နေဉီး ရိပေါ် ငါ...ငါ..ငါ့ကိုရုပ်ရှင်ကြည့်ဖို့ ခေါ်တာလား"
ရှောင်ကျန့် မဝံ့မရဲလေး မေးမိသည်

"မင်း မခေါ်လို့ ငါက ဘယ်သူ့ခေါ်ရမှာလဲ"
ရိပေါ် ခပ်ပြတ်ပြတ်ပြောကာ
ရှောင်ကျန့် အား ကျောခိုင်းပြီး
ထွက်သွားလေသည်

ရိပေါ် ရယ် ငါ့ကို နည်းနည်းဖြစ်ဖြစ်
ကောင်းကောင်း ဆက်ဆံပေးလို့မရဘူးလားကွာ

ညနေရောက်တော့
ရှောင်ကျန့် အဆင်သင့် လုပ်ထားလေသည်
မလုပ်ထားရင် သိတယ်မို့လား
ရိပေါ် အကြောင်း မိမိသာ အသိဆုံးဖြစ်သည်

"ဒါက ဘယ်လဲ..."
တစ်ခါမှ အိမ်မကပ်သော ပါးမှ
မေးလာသောကြောင့် ရှောင်ကျန့် ဘာပြောရမှန်းမသိဖြစ်နေမိသည်

"သား အပြင်ခဏသွားမလို့ပါ ပါး"

"ဟို ကောင်လေးနဲ့ပဲလား..."

"ဟုတ် ပါး"

"မင်းတို့ က ဘယ်အဆင့်ကို ရောက်နေကြပီလဲ
မှန်မှန်ဖြေနော်"
ပါးက ဒေါသသံဖြင့် မေးတော့
ရှောင်ကျန့် တအားကြောက်မိလေသည်

"ဘာလို့ အဲ့လိုမေးတာလဲ ပါးရဲ့ သားတို့က
ယောက်ျားလေးတွေလေ တွဲသွားတွဲလာ လုပ်တာ
ဘာဖြစ်မှာမို့လို့လဲ"

"အေး သတိထားနော် ရှောင်ကျန့် ငါ ဘာသံညာသံမကြားချင်ဘူး"

ပါး ဒီလေါက်ပြောပုံထောက်နေရင်
ဟိုမိန်းမကြီး ချွန်လိုက်တာပဲ နေမှာဆိုတာ
ရှောင်ကျန့် သိသည်
အိမ်ကို ရောက်လာတည်းက
ကောင်းကျိုးကို မပေးဘူး

အိမ်ရှေ့က ဆိုင်ကယ်သံကြားသောကြောင့်
ရိပေါ် ရောက်ပြီဆိုတာ ရှောင်ကျန့် သိသည်
"ပါး သားသွားတော့မယ်"
ရှောင်ကျန့် ပါးရှေ့မှ အမြန်ထွက်လာကာ

"ရိပေါ် သွားမယ်လေ.."
ရိပေါ်ရဲ့ ဆိုင်ကယ်နားလေး ရှောင်ကျန့်
မတ်တပ်ရပ်ကာ
ပြောတော့
ရိပေါ်က သူလုပ်ပေးနေကြ အလုပ်ကို
လုပ်ပေးလေသည်
ရှောင်ကျန့်ကို ဆိုင်ကယ်ဉီးထုပ်ဆောင်းပေးဖို့ကိုတော့ သူဘယ်တော့မှ မမေ့
အဲ့လို ဂရုစိုက်မှုမျိုးတွေကို တစ်သက်လုံးလိုချင်မိတာ
ရှောင်ကျန့် အမှားလား

Love is near❣️(completed)Donde viven las historias. Descúbrelo ahora