Ep 8

3.8K 313 2
                                    

Zawgyi

"ငါ ကြိုးစားကြည့်မယ် ရှောင်ကျန့်"
ရိပေါ် တည်ငြိမ်နေတဲ့ မျက်နှာနဲ့
ပြောတော့ ရှောင်ကျန့် တကယ်ဝမ်းသာသွားရသည်

".တကယ်ပြောတာလားဟင်..."
အပျော်လွန်ကာ ရှောင်ကျန့်မေးမိတော့
ရိပေါ် ပြန်ဖြေသည်က
"ငါ့ ပုံစံက နောက်နေတဲ့ ပုံစံ ပေါက်နေလို့လား"
တဲ့လေ

ရိပေါ်က အဲ့လိုပါပဲ
ကျွန်တော့်ကိုဆို နည်းနည်းလေးမှ
စိတ်မရှည်ချင်ဘူး
စကားကို ဘယ်တော့မှ နှစ်ခါမပြောဘူး
စိတ်ကောင်းဝင်လည်း ခဏပဲ
အဲ့လို လူမျိုးကိုမှ ချစ်နေမိတဲ့
ကျွန်တော်ကတော့ သူ့ဒဏ်တွေကို ခံနိုင်အောင်
ကြိုးစားရမှာပေါ့လေ
(ဘာခံချင်တာလဲ ကျန့်ကျန့် ကျမတော့ တွေးပစ်လိုက်ပြီနော်🌚)

"ဒါပေမဲ့ မင်းအကူအညီတော့ လိုလိမ့်မယ်"

ရှောင်ကျန့် တကယ်ကို အံ့သြနေမိသည်
ဒီနေ့တစ်နေကုန် ရိပေါ် ဟာ မထင်မှတ်တဲ့
စကားတွေပဲ ပြောနေလေတော့
တွေးတောင်တွေးမိသည်
"ဒါဟာ ရိပေါ် အစစ်မှ ဟုတ်ရဲ့လား"

"ငါက ဘာကူညီပေးရမှာလဲ"
ရှောင်ကျန့် ရိပေါ် ကို ပြန်မေးခွန်းထုတ်မိသည်

"ညတိုင်း ငါ့ အိမ်မှာ စာလာသင်ပေးရမယ်
ငါ့အိမ်မှာပဲ အိပ်ရမယ် မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး"

ရိပေါ်ဟာလေ ကျွန်တော့်ကိုဆိုအမြဲတမ်း
အပေါ်ကပဲ ဆက်ဆံတယ်
(ကျန့်ကျန့် ရှင်ဘာတွေလျှောက်ပြောနေတာလဲ သာသာတော့ လျှောက်တွေးနေမိပြီ သဝါး🌚)
ခုပြောတဲ့ ပုံကိုပဲ ကြည့်လေ
အကူအညီတောင်းတယ်သာဆိုတာ
အမိန့်ပေးနေတဲ့ ပုံစံပါပဲ
ဒါပေမဲ့ ငါ့မှာ ငြင်းပိုင်ခွင့်မရှိဘူး
ဒါဟာ မင်းအနားမှာ နေရဖို့ ငါ့အတွက်
တန်ဖိုးရှိဆုံးသော အချိန်တွေပဲလေ

"အင်း ဒါတေါ့ ငါလုပ်ပေးနိုင်ပါတယ်"
ရှောင်ကျန့် ရိပေါ်ကို ပြောရင်း
လက်ထဲက ကိတ်မုန့်ကို သတိရသွားကာ
cake creamလေး နည်းနည်းယူကာ
ရိပေါ် မျက်နှာကို တို့လိုက်လေသည်

ရှောင်ကျန့် တို့လိုက်တော့
ရိပေါ်မှာ မျက်နှာကြီးနီရဲလာပြီး ဒေါသထွက်နေတဲ့ ပုံစံကြီးနဲ့ ဖြစ်နေလေတော့
ရှောင်ကျန့် ကြောက်လာလေသည်
"ငါ မှားပြီလား ငါကြောက်တယ် ရိပေါ် ဒေါသထွက်နေပြီ ...."
ရှောင်ကျန့် ကြောက်ကာ တွေးနေတုန်း

Love is near❣️(completed)Where stories live. Discover now