အပိုင်း ၁

9.1K 221 8
                                    

အချစ်ကိုအသိအမှတ်ပြုပေးဖို့ ....

အချစ်ဆိုတာကို မသိဘူးလို့ပြောရင် လွန်သွားမလား...☺☺ ငယ်ငယ်ထဲက မိဘမဲ့ ကျောင်းလေးမှာ ကြီးပြင်းခဲ့ရတဲ့ လီလီ အတွက်တော့ ချစ်ခြင်းမေတ္တာဆိုတာ ကျောင်းအုပ်ကြီး ရယ် ဘဝတူသူငယ်ချင်းတွေရဲ့ အချစ်ကိုပဲ ခံစားဖူးတယ်

မိဘဘယ်သူဘယ်ဝါမှန်းမသိမှန်း.. မွေးထဲက မသိခဲ့ရပါဘူး.... ဘဝတူသူငယ်ချင်းတွေ ၅ယောက်အတူစုပြီး.. တိုက်ခန်းလေးဌားနေကြရတာ...အသက် ၁၈
အရွယ်ရောက်တော့..ပြင်ပလောကရဲ့ သိသင့်အပ်တဲ့ ပညာရပ်တွေကို လေ့လာဖို့..ရင်ခွင်ရိပ် လို့ခေါ်တဲ့ မိဘမဲ့ဂေဟာလေးကနေ ထွက်ခွာလာခဲ့တဲ့အချိန်ပေါ့...

ပတ်ချယ်ယောင်း.. Kwan Seulgi..... Tzuyu နဲ့ Jeongyeon ဆိုတဲ့သူငယ်ချင်းလေးယောက်နဲ့အတူ ဆိုးလ်လို့ခေါ်တဲ့ ကိုရီးယား မြို့တော်ကြီးကို ပထမဆုံးခြေချတယ်...Sister ကြီးရဲ့ မိတ်ဆွေ အကူအညီနဲ့ ကျောတစ်နေရာစာလေးအတွက် တိုက်ခန်းလေးတစ်ခု ဌားပြီး သူငယ်ချင်း ၅ ယောက်အတူနေတယ်...လီလီ ဆိုတဲ့ကျွနိမကလေ ဘဝမလှပေမယ့် နှလုံးသားလေးကတော့ လှတယ်....ဘဝကိုနာပြီး စာကြိုးစားခဲ့တဲ့ရလဒ်က ဆေးကျောင်းသူတစ်ယောက်ဖြစ်လာတယ်...

ကိုရီးယား ရဲ့ ထိပိတနိးဆေးတက္ကသိုလ် ဖြစ်တဲ့ ဆောင်ချွန်းဆေးတက္ကသိုလ်မှာ စကောလားရှစ်ရပြီး အခမဲ့ ပညာသင်ကြားခွငိ့ရခဲ့တယ် ..၁၈ နှစ်အရွယ် လီလီ အတွက် အခုအခွင့်အရေးက ဘဝရဲ့ ပထမဆုံး ကံကောင်းခြင်းလေးဆိုမမှားဘူး..

ကျောင်းချိန်လွတ်တွေမှာ စားသောက်ဆိုင် မှာ Part time ဝင်လုပိတယ်...English Skill ကောင်းတော့ ဘာသာပြန်ဝင်လုပ်တယ် Guide ပြတယ်...နားချိန်ဆိုတာ အိပ်တဲ့အချိန်နဲ့ Sunday တစ်ရက်ပဲ...

ဒါက လီဆာဆိုတဲ့ လီလီ အကြောင်း

ဂစ်တာတီးနေရရင် ကျွန်မ ကမ္ဘာလေးက အေးချမိးနေရော....

ပတ်ချယ်ယောင်း... ယောင်းလို့ သူငယ်ချင်း တွေက ခေါ်တယ်...အသက်လေးနှစ်အရွယ်မှာ အမေကိုယ်တိုင်က ဂေဟာမှာ လာအပ်သွားတာလို့ Sister ကြီးပြောမှ သိခဲ့ရတယ်...အမေက ပတ်ချယ်ယောင်း လို့ နာမည်​​ပြောခဲ့လို့ ကျွန်မနာမည်က ပတ်ချယ်ယောင်း ဆိုတာပဲသိခဲ့ရပြီး မိဘပုံစံ ဘယ်လိုရှိလဲ ဆိုတာကတော့..
ကျွန်မ စိတ်အာရုံမှာ မှတ်မိတာက ရေပေါ်မှာ အရုပ်ဆွဲသလို ဝိုးတစ်ဝါးမျှသာ....

အနုပညာဝါသနာပါတဲ့ ​ယောင်းက ဂီတမေဂျာယူပြီးကျောငိးတက်တယ်.. ကော်ဖီဆိုင် မှာ သီချင်းဆိုတယ်....ညဘက်ဆို Bar မှာ Waiter လုပ်တယ်  ...English စာလေ့လာပြီး တစိနေ့ကျရင် နယူးဇီလန်မှာ ဂီတကျောင်းတက်ဖို့က ယောင်းရဲ့ ရည်မှန်းချကိလေး....

အချစိရေး တော့ မတွေးရဲဘူး ကြောက်တယ် ဘာလို့လဲဆို ထားခြင်းခဲ့ရတဲ့ခံစားမှုက ကျွန်မ ဘဝမှာ မိဘစွန့်ပစ်ထားခြင်း ခံစားချက်က ယနေ့အထိ အိမ်မက်ဆိုးအဖြစ် ခြောကိလန့်နေတုန်းပဲ

ရင်ခွင်ရှင်းတမ်း JenlisaWhere stories live. Discover now